Sunday, August 20, 2017

အ​မေ


အ​မေ
*****
မြင့်​မိုရ်​မမှီ   ဆင့်​ဆိုသီလျှက်
ပန်းချီဂီတ    စာစီပြ၍
လောကတစ်​​ထွေ ​ပြောပြ​ပေလည်း
"အို​အေ"မဆုံး    ​မေ,အပြုံးကို
ထုံးဖွဲ့မမှီ     ရှုံးခဲ့ပြီ...။

အသီးတစ်​ရာ နည်းပညာနဲ့
အလွှာအရွက်​ ဖြာဖြာထွက်​၍
အခက်​နဲ့ဆင်​ ထက်​မှည့်​လျှင်​လည်း
အဆင်​က,​ဖွေး ရင်​မှ​သွေးကို
တေးဖွဲ့မမှီ ​ရေးခဲ့ပြီ...။

နှမသက်​လျာ  လှမျက်​နှာနှင့်
သစ္စာမပျက်​  ​မေတ္တာဖက်​လျှက်
တွဲလက်​မ​ပြေ စွဲမက်​​စေလည်း
မ​ကြွေသစ်​ဖူး  ​မေ,ချစ်​ဦးကို
ကျူးရင့်​မမှီ ထူးတင့်​ပြီ...။

အ​မေ...
ဘုရားနှင့်​တူ  ထားသင့်​သူမို့
ကိုယ်​သူတစ်​ပါး အို...လူသားတို့
မမှားမ​သွေ      နှစ်ပါး​စေလျှက်
အ​ဆွေမြတ်​နိုး ​ရွှေလက်​မိုး၍
ရွယ်​ကိုးမ​ပြေ သယ်​ပိုး​စေဖို့
မ​သေခင်​စစ်​ ​မေ,သင်​ချစ်​​လော့...။

သွန်းမိုးစက်​(ပခုက္ကူ)

No comments:

Post a Comment