Thursday, August 31, 2017

နိုင်​ငံ​တော်​သီချင်းကို ဘယ်​သူ​ရေးတာလဲ

Sky net မှာ လာသွားတယ်
စကားရည်​လုပွဲက က​လေး​တွေကို
မေးခွန်း​မေးတယ်
" နိုင်​ငံ​တော်​သီချင်းကို
  ဘယ်​သူ​ရေးတာလဲ "တဲ့

က​လေးက ​ဖြေတယ်
" ဝိုင်​အမ်​ဘီ ဆရာတင်​ " တဲ့
က​လေးအသိ​လေးနဲ့ ​ဖြေရှာတာကိုး ..

sky net ရဲ့ presenter က
ပြန်​​ထောက်​ရှာပါတယ်
" ဝိုင်​အမ်​ဘီ​အေ ဆရာတင်​ " ပါတဲ့
သေလိုက်​ပါ​တော့ လို့သာ
ကိုယ့်​နဖူးကိုယ်​ရိုက်​လိုက်​မိ​တော့တယ်​ ..

မေးသူရဲ့ အ​ဖြေကို နား​ထောင်​​တော့ 
အ​​ဖြေကလဲ ဆရာတင်​ ပါပဲတဲ့
တကယ်​​တော့ ဝို​င်​အမ်​ဘီဆရာတင်
ရေးခဲ့တာ " တို့ဗမာ " သီချင်းပါ
မြန်​မာနိုင်​ငံ​တော်​သီချင်း မဟုတ်​ပါဘူး ..

အားလုံးလိုလို အမှတ်​မှား​နေကြတာ​လေး
သိ​စေချင်​လို့ ဖတ်​ထားမှတ်​ထားတာ​လေး
ပြန်​တင်​​ပေးပါ​ရ​စေ
သိပြီးသူလဲ ​တော်​​တော်​များမှာပါ ..

ဘယ်​သူမဆို ကိုယ့်​နိုင်​ငံ​တော်​သီချင်း
သမိုင်း​လေး​တော့ ကွဲကွဲပြားပြား
သိထား​စေချင်​ပါ​သေးတယ်​ ...

-------------------------------------------------

နိုင်ငံတော်သီချင်းရှင်းတမ်း
~•~•~•~•~•~•~•~•~•~•~•~•~
မြန်မာ့တေးဂီတသမိုင်းတွင် စွမ်းအင်
အထက်မြက်ဆုံးသော တေးတစ်ပုဒ်
(သို့မဟုတ်) လူတိုင်းသီဆိုရန် တေးသွားနှင့်
သံစဉ်ပါ ခက်ခဲလှသော တေးတစ်ပုဒ်သည်
ယနေ့ "နိုင်ငံတော်သီချင်း" ဟု သတ်မှတ်
ထားသည့် သီချင်းတစ်ပုဒ်ဖြစ်သည်။

သီချင်းရေးစပ်တဲ့သူက စိန်မြမောင် ဖြစ်ပြီး
ဦးနုရဲ့တာဝန်ပေးချက်အရ ဦးနုရဲ့အိမ်မှာပဲ
ရေးစပ်ခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံး
သီဆိုသူကတော့ ရွှေညာမောင် ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈
ဇန်န၀ါရီ ၄ ရက်နေ့မှာ နိုင်ငံတော်အလံကို
လွှင့်တင်ရမှာ ဖြစ်သည့်အတွက် ထိုနေ့တွင်
နိုင်ငံတော်အလံတင် အခမ်းအနားမှာ
သီဆိုဖို့ သီချင်းတစ်ပုဒ် လိုအပ်လာပါတယ် ။
သည့်အတွက် ထိုစဉ်က
နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက
လွတ်လပ်ရေး အလံတင် အခမ်းအနားမှာ
သီဆိုဖို့ သီချင်း
တစ်ပုဒ်ရေးရန် ဆရာရွှေတိုင်ညွန့်အား
ခေါ်လာပေးရန် ဦးစိန်မြမောင်ကို ပြောဆိုခဲ့
ပါတယ်။ ဦးစိန်မြမောင်က ဆရာရွှေတိုင်ညွန့်
ကွယ်လွန်သွားပြီ ဖြစ်သည့်အတွက် မရှိတော
့ကြောင်း အကြောင်း ပြန်ကြားခဲ့ရာ ဦးနုက
တခြားတေးရေးဆရာများနှင့် တိုင်ပင်
ရေးသားပေးရန် ဦးစိန်မြမောင်အား ထပ်မံ
တာဝန်ပေးအပ်လိုက်ပြန်ပါတယ်။

ဦးစိန်မြမောင်က ဆရာစိန်ဝေလျှံ၊
ဒဂုန်ဆရာတင်၊ စောင်းဦးဘသန်း၊
ဂီတာဦးစိန်အောင်နှင့် ဆရာရန်နိုင်စိန် တို့ကို
လိုက်လံ ခေါ်ဆောင် ခဲ့ရပါတော့တယ်။
သူတို့အားလုံး စုဝေးရောက်ရှိလာပြီး
သီချင်းရေးစပ်ဖို့ တိုင်ပင်ရာ၊
ဆရာဦးစိန်ဝေလျှံနှင့် စောင်းဦးဘသန်းတို့
တစ်ယောက်နှင့်တစ်ယောက် စကားများ
ရန်ဖြစ်ကြရာမှ သီချင်းရေးဖို့ အစီအစဉ်
ပျက်ပြား ခဲ့ရပါတော့တယ်။ နောက်ထပ်
သီချင်းရေးစပ်ဖို့ မည်သူ့ကိုမျှ စည်းရုံး၍မရပဲ
ဖြစ်ခဲ့ရပြီး အကြောင်းစုံကို ဦးစိန်မြမောင်က
ဦးနုထံတင်ပြရာ ဦးနုက ဦးစိန်မြမောင်
တစ်ယောက်တည်း ရေးနိုင်က ရေးပေးစေလို
ကြောင်း ပြောကြား တာဝန် ပေးအပ်
လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်တာဝန်
ဖြစ်သည့်အတွက် ဦးစိန်မြမောင်က ရဲဝံ့စွာ
တာဝန်ယူ၍ "တရားမျှတ၊ လွတ်လပ်ခြင်းနဲ့
မသွေ" အစချီ "ကမ္ဘာမကြေ" သီချင်းကို
ဦးနုအိမ်တွင် တစ်ယောက်တည်း ရေးသား
စပ်ဆိုခဲ့ရတာ ဖြစ်ပါတယ်။

ထိုသို့ ရေးသားစပ်ဆိုရာ၌ ၀ိုင်အမ်ဘီအေ
ဆရာတင်၏
"ဒို့ဗမာ" သီချင်း သံစဉ်စာသားများကို
အခြေခံ၍ "တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ"
အစချီ၊ ပထမ ခြေဆင်းပိုဒ်နှင့်
"ကမ္ဘာမကြေ" ဒုတိယသံပြိုင်တို့ကို ရက်ပိုင်း
အတွင်း ပြီးစီးအောင် ရေးသားခဲ့နိုင်ပါတယ်။
သီချင်းအစအဆုံး တစ်ပုဒ်လုံးကို
ဆရာဇော်ဂျီ ဦးဆောင်သော
အကဲဖြတ်အဖွဲ့က သီချင်းစာသားများ၊
တစ်လုံးချင်း အသေးစိတ် စိစစ်ပြီး
သီချင်းကို အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
အကဲဖြတ်အဖွဲ့က အတည်ပြုပြီးနောက်
ဝန်ကြီးအဖွဲ့နှင့် လွှတ်တော်အဖွဲ့
နှစ်ရပ်စလုံးကပါ ထပ်ဆင့် အတည်ပြုခဲ့
ကြတာ ဖြစ်ပါတယ်။ ဤသို့ အဆင့်ဆင့်
အတည်ပြုပြီးသော "ကမ္ဘာမကြေ"
သီချင်းကို မြန်မာ့အသံမှ ဒါရိုက်တာ
ဦးခင်ဇော်က
မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေသော
အမေရိကန် တီးဝိုင်းတစ်ခု၏ အကူအညီဖြင့်
အသံသွင်းခဲ့တာ ဖြစ်ပြီး သီချင်းသီဆိုသူက
အဆိုတော် ရွှေညာမောင် ဖြစ်ပါတယ်ခင်ဗျာ။

ဤသို့ဖြင့်

"တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ…
တို့ပြေ၊ တို့မြေ….
များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့….
ခွင့်တူညီမျှ…. ၀ါဒဖြူစင်တဲ့ပြည်…
တို့ပြည်…. တို့မြေ…
ပြည်ထောင်စုအမွေ အမြဲတည်တံ့
စေ… အဓိဋ္ဌာန်ပြုပေ….
ထိန်းသိမ်းစို့လေ...."
"ကမ္ဘာမကြေ… မြန်မာပြည်…
တို့ဘိုးဘွားအမွေစစ်မို့… ချစ်မြတ်နိုးပေ…
ပြည်ထောင်စုကို အသက်ပေးလို့
ကွယ်မလေ…
ဒါတို့ပြည်… ဒါတို့မြေ…
တို့ပိုင်တဲ့မြေ….. တို့ပြည်…. တို့မြေ….
အကျိုးကို…… ညီညာစွာတို့တတွေ…
ထမ်းဆောင်ပါစို့လေ… တို့တာဝန်ပေ….
အဖိုးတန်မြေ" .. ဟူသော
ဤ "ကမ္ဘာမကြေ" သီချင်းသည် -

မြန်မာ့လွတ်လပ်ရေးနေ့
အလံတင်အခမ်းအနားတွင်
ယူနီယံဂျက်အလံဖြုတ်ချ၍
မြန်မာနိုင်ငံတော်အလံ လွင့်ထူရမည့်အချိန်၌
သီဆိုရမည့် နိုင်ငံတော်သီချင်း
ဖြစ်လာပါတော့တယ်။

လွတ်လပ်ရေးနေ့ ဘွဲ့ထူးဂုဏ်ထူး
ချီးမြှင့်ပေးအပ်ရာတွင် ဦးစိန်မြမောင်သည်
ဤကမ္ဘာမကြေသီချင်းဖြင့်
ဝဏ္ဏကျော်ထင်ဘွဲ့ကို
ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပြီး
ဦးစိန်မြမောင်က သူမကွယ်လွန်မီ
ဤ ကမ္ဘာမကြေသီချင်းကို
သူရေးစပ်ခဲ့ကြောင်း ခိုင်မာသော
အထောက်အထားတို့ဖြင့်
တင်ပြနိုင်ခဲ့သဖြင့်
ယနေ့နိုင်ငံတော်က သူ့အား
ဝိဇ္ဇာထူးချွန်ဆု (ဒုတိယအဆင့်)
ချီးမြှင့်ပေးအပ်ခဲ့ခြင်းကို ခံခဲ့ရသော
လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ခဲ့ပါတယ်။

ရေးသူ .. ဦးစိန်မြမောင်
သီဆိုသူ .. ဦးရွှေညာမောင်
" ကမ္ဘာမကြေ " နိုင်ငံတော်သီချင်း ဖြစ်ပါသည် .. .

CREDIT to ORIGINAL WRITER
#MyMediaMyanmar .
via .. မေစံပယ်ညို

ဘဝသင်္ခန်းစာ

ဟိုတယ် သူဋ္ဌေးတစ်ယောက်က သူ့ ဟိုတယ်ကို
ဓာတ်လှေကား တပ်ချင်တော့
ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်ကို ခေါ်ပြီး
အလုပ်အပ်တယ်.

အဲဒီ အင်ဂျင်နီယာက သူ တပ်ရမယ့်
ဓာတ်လှေကားအတွက် အထပ်တိုင်းမှာ
အပေါက်ဖောက်ရမှာဖြစ်တဲ့အတွက်
အထပ်တိုင်းကို လိုက်ကြည့်ပြီး
အတိုင်းတာ ယူနေတုန်း.
သန့်ရှင်းရေး အလုပ်သမကြီးတစ်ယောက်
ရောက်လာတယ်,,,

"ဆရာ ဘာတွေလုပ်နေတာလဲဟင်"?

အဲလိုမေးတော့ အင်ဂျင်နီယာကလည်း
ရိုရိုသေသေ ပြန်ရှင်းပြတယ်,,,

"အဒေါ်ရေ ဓာတ်လှေကားတပ်မလို့  အဲဒါ အပေါက်တွေဖောက်ရမှာ လိုက်ကြည့်နေတာပါ,,,

အဲတော့ အလုပ်သမကြီးက,,,

"ဆရာ ဒါဆို နေရာတွေပိုကျဉ်းသွားပြီး
အမှိုက်တွေလည်း ပိုရှုပ်လာမှာပေါ့နော်"

အင်ဂျင်နီယာကြီးလည်း ရယ်နေလိုက်တယ်,,,
ပြီးတော့ သူလည်း သူ့အလုပ်ပြန်လုပ်ဖို့ 
အာရုံစိုက်မလို့ လုပ်,,,
အလုပ်သမကြီးကလည်း လှည့်ထွက်သွားမလို့
လုပ်နေရင်း စကားတခွန်းကို လှည့်ပြောတယ်,,,

"ဆရာရယ် အပြင်မှာ တပ်တာမဟုတ်ဘူး"

အင်ဂျင်နီယာကြီး ဟိုက်ခနဲဖြစ်သွားပါတယ်,,, တယ်ဟုတ်ပါလား
ဒါဆို အပေါက်တွေလိုက်ဖောက်စရာလည်း
မလိုသလို နေရာတွေလည်း မကျဉ်းကုန်တော့ဘူးပေါ့
သူ မစဉ်းစားမိခဲ့တာကို
ထောက်ပြလိုက်တဲ့အတွက်ဖြစ်တယ်,,,

အဲလိုနဲ့  အဆောက်ဦးတွေရဲ့ အပြင်ဘက်မှာလည်း
ဓာတ်လှေကားတွေ တပ်ဆင်တဲ့
အလေ့အထတစ်ခု ဖြစ်လာခဲ့ပါတယ်,,,

ကမ္ဘာစစ်အတွင်းမှာပေါ့,,,

စစ်တပ်တစ်ခုဟာ ချီတက်လာရင်း
ပြသနာတစ်ခု ကြုံရပါတယ်,,,
အဲဒါဘာလဲဆိုတော့,,,သူတို့ ချီတက်လာတဲ့
လမ်းပေါ်က တံတားတစ်ခုဟာ
သူတို့ ထရပ်ကားအမိုးတွေနဲ့ မလွတ်တာပါ,,,

အများကြီးမလွယ်တာလည်းမဟုတ်ပဲ
တစ်လက်မလောက် မလွတ်တာပါ,,,

သူတို့ အကျပ်ရိုက်ကုန်တယ်,,,
ကားတွေကို အမိုးတွေဖြုတ်မလား.???

ဒီရာပေါင်းများစွာသော ကားတွေအမိုးတွေ
ဖြုတ် ပြန်တပ်ဆို အချိန်တော်တော်ကုန်မယ်,,,

တံတားအပေါ်က မလွတ်သမျှကို လိုက်ဖြတ်ပစ်မလား
ဒါဆိုရင် တံတားရဲ့ ခံနိုင်ရည်အားကို
ဖျက်စိးသလိုဖြစ်ပြီး တံတားကျိုးကျသွားနိုင်တယ်,,,

အဲဒိချိန်မှာ ဘေးနားကို အနီးနားရွာက
ကလေးတစ်ယောက် ရောက်လာပါတယ်,,,

သူက စစ်အင်ဂျင်နီယာတွေ တိုင်ပင်နေတဲ့အနားမှာ
အကြာကြီး ထိုင် နားထောင်နေတယ်,,,

သူတို့တွေ ကားအမိုးတွေဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး
ဆွေးနွေးမှုကို ရပ်လိုက်ချိန်မှာ,,,
ကလေးက တခုခုပြောချင်တဲ့ မျက်နှာလေးနဲ့ 
သူတို့ကို ကြည့်နေတယ်,,,

အဲဒိမှာ အင်ဂျင်နီယာ အကြီးတစ်ယောက်က
သူ့ မုန့်တစ်ခုကိုပေးလိုက်ပြီး
ကလေးကို သွားဖို့ပြောတယ်,,,

ဒါပေမယ့် ကလေးက မသွားပဲ
အဲဒိအင်ဂျင်နီယာကို ပြောဖို့ကြိုးစားတယ်,,,

အဲဒါနဲ့  အင်ဂျင်နီယာကြီးက မင်းဘာပြောချင်လို့လဲ
ပြောလေ ဆိုတော့,,,
ကလေးက ပြောတယ်,,,

"ဟိုလေ တံတားအမိုးနဲ့  ကားတွေမလွတ်ဘူးဆိုရင်
ကားဘီးတွေကို လေနည်းနည်းစီ
လိုက်လျှော့ကြည့်ပါလား,,,"

အင်ဂျင်နီယာတွေ ကိုယ့်နဖူးကိုယ်ရိုက်
ဘေးနားက ကားနဲ့  ခေါင်းနဲ့ ဆောင့်တဲ့သူက ဆောင့်
ဖြစ်ကုန်ပါတော့တယ်,,,
⛄⛄⛄⛄⛄⛄⛄⛄⛄⛄⛄⛄⛄⛄⛄

”သင်ခန်းစာ”
ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့
သူတို့ရဲ့အမြင် သူတို့ရဲ့အတွေးကလည်း
ကျွန်တော်တို့ မမြင်မိတဲ့ ရှု့ထောင့်ကဖြစ်နိုင်ပါတယ်။

ဒီစာစုလေးကို ဖက်ဖူးတာကြာပါပြီ
ဘယ်သူရေးမှန်း မသိတော့ပါဘူး
သင်ခန်းစာအနေနဲ့ မှတ်သားသင့်တာမို့
ပြန်လည် ရေးသားပေးလိုက်ရပါသည်,,,

မူရင်းပို့စ်ပိုင်ရှင်ကို လေးစားစွားဖြင့် Credit ပေးပါတယ်ခမျာ

Monday, August 28, 2017

အို ဂျီ အန်

အို ဂျီ အန်
-------------------------------------
အိမ်​ကကားကို
နိုင်​ငံခြား NGO အဖွဲ့တစ်​ခုကငှား​တော့
၁၄ သိန်းတဲ့ (တလစာ/ အသားတင်​)
ကိုယ်​ကလည်း မလိုက်​နိုင်​​လောက်​တာနဲ့
ဒရိုင်​ဘာလိုက်​မလား​ မေးကြည့်​​တော့
တစ်​လလုံး ၄ သိန်း​လောက်​ပေးမှ
လိုက်​နိုင်​မယ်​ဆို​တော့
ကိုယ်​ဖာကိုပဲမောင်း​တော့မယ်​ဆိုပြီး 
လိုက်​လာရင်း
ရန်​ကုန်​မှာ ​သောင်​တင်​​နေတာ​ပေါ့
၁၀ရက်​​လောက်​​တော့ကြာပြီထင်ပါတယ်
မြင်​ရ​တွေ့ရတာလည်း အသည်းနာရတယ်​။

ဒီ NGO က
ပြင်​သစ်​အ​ခြေစိုက်​ကို
ရန်​ကုန်​ ( ..... ) စင်​တာမှာ လာခွဲတာ
ရုံးခန်းငှားခနဲ့ တင်​ မစားသာ​လောက်​ဘူး
ဒါ​ပေသိ သူတို့က Online မှာ page ​ထောင်​ပြီး
နိုင်​ငံတကာကို အလှူခံတာဆို​တော့
တစ်​နှစ်​တစ်​နှစ်​ ​ဒေါ်လာကို
သန်း ရာနဲ့ချီရကြတာဆိုပဲ
ဟုတ်​​လောက်​ပါတယ်
ကျ​နော်​ နယ်​​တွေကို လိုက်​ပို့ရတဲ့အခါဆို
ရေ ကြီးတဲ့​နေရာ ဘာညာ​ပေါ့ဗျာ
အဲသလို ပို့ရရင်
ဟိုတယ်​ခ ဖရီးအပြင်
အသုံးစရိတ်​တစ်​ည ၁၀၀၀၀ ရတယ်
ကားထဲ ဆီအပြည့်​ ဖြည့်​​ပေးထားတယ်
နေပြည်​​တော်​က (အမရာ)လို ဟိုတယ်​မျိုးကို
ကိုယ့်​​ငွေနဲ့ကို တည်းပါ့လားဆို နိုးပါဗျာ
တတ်​နိုင်​ပါဘူး
တစ်​ည တစ်​သိန်းခွဲ နှစ်​သိန်း​လောက်​မလား
နိုးပါ အန်​ကယ်​က​တော့ နိုးနိုး နိုးပါပဲ
ဒါ​ပေမယ့်​ ဒီ NGO နဲ့ကျမ တည်းဖြစ်​ခဲ့ရတယ်
နတ်​ပြည်​​ရောက်​​နေလား မှတ်​ရတယ်
ပထမ​တော့ သာယာမိ​ပေမယ့်
နောက်​​တော့ ​....
အော်​....ကျွတ်​ကျွတ်​လို့ တမိတယ်​။

သူတို့ဝန်​ထမ်း​တွေရဲ့လစာ​မေးကြည့်​​တော့
သာမာန်​ဝန်​ထမ်း ၅၀၀၀၀၀(  ၅သိန်း )တဲ့
အမ​လေး​လေး တန်​လိုက်​တာ​ပေါ့
စူပါဗိုက်​ဆာက ၇၀၀၀၀၀( ၇သိန်း )တဲ့
ဟေ လုပ်​သင့်​တာ​ပေါ့
မန်​​နေဂျာက ၁၀၀၀၀၀၀( ၁သန်း )တဲ့
ဗျာ ထိုက်​တန်​လိုက်​တာ
စိတ်​ကူးများ​တောင်​ ယဉ်​မိပါတယ်​ တကယ်​ပါ
MD ကပြင်​သစ်​ ၃၀၀၀၀၀၀ ( ၃သန်း )တဲ့
ဟူး နည်းနည်း​နော​နောလားဗျာ
MD အတွက်​ တိုက်​ခန်းပါငှား​ပေးရ​သေးတာတဲ့
တိုက်​ခန်းဆို​တော့ ခင်​ဗျားတို့က
ကွန်​ဒို​မီနီယမ်​တွေကလို့ ထင်​ကြမှာ​ပေါ့
အာ့ဆိုရင်​​တော့ အမှားကြီး မှားပြီပဲ
ပန်းလှိုင်​အိမ်​ယာက လုံးချင်းတိုက်​ပါဗျာ
မိသားစုလိုက်​​နေကြတာ
ဒီ အဖွဲ့အစည်းထဲမှာ
အင်္ဂလန်တစ်​​ယောက်​က လက်​​ထောက်
နောက်​ ဘယ်​လ်​ဂျီယမ်​တစ်​​ယောက်​ပါ​သေးတယ်
ပြင်​သစ်​တို့ အင်္ဂလန်​တို့ ပြန်​တဲ့အခါမျိုး
ထိုင်း ဗီယမ်​နန်​ စင်္ကာပူ သွားတဲ့မျိုးတို့ဆိုရင်
လေယာဉ်​လက်​မှတ်​ အသုံးစရိတ်
လေဆိပ်​ ကြိုပို့ အကုန်​လုပ်​​ပေးကြရတာပါ
တကယ့်​ကို ​အေး​ဆေးပါပဲ ။

အချက်​အလက်​ရှာ​ဖွေဖို့
သွားရတာမျိုး​တွေလည်း ရှိတာ​ပေါ့
အချက်​အလက်​ဆိုတာကလည်း
မြို့​တွေရွာ​တွေမှာ သူတို့ဝန်​ထမ်း​တွေ
ထားထားပြီးသားပါ
ဒီ ဝန်​ထမ်း​တွေက​တော့ နယ်​ခံ​တွေများတယ်
ဆိုင်​ကယ်​တစ်​စီးဆီ ဝယ်​​ပေးထားတယ်
ဖုန်းတစ်​လုံးဆီ
ဒါမှလည်း သတင်းစုံပုလင်းစုံ ဖြစ်​မှာကို
အဲသလို​ပေါ့
သူတို့ဝန်​ထမ်း​တွေက ဘယ်​မှာ
ဘာဖြစ်​လို့ညာဖြစ်​လို့ သတင်းပို့တဲ့အခါ
ဗဟိုရုံးခွဲက လူ​တွေက
အဲ့ကိုသွား အင်​တာ​တွေဗျူး ဓာတ်​ပုံ​တွေရိုက်
ပြီးရင်​ ပြန်​​ပေါ့
နယ်​ကို ​လေ့လာ​ရေးခရီးထွက်​ရသလိုပဲ
အေး​အေးလူလူ ရှိပါ့
ကျန်​တဲ့ အချိန်​​တွေဆို ရုံးခန်းမှာ
တ​နေကုန်​ထိုင်​ပြီး Online တက်​​နေကြတာ
သူတို့​ပြောတာ​တော့ သတင်းကြည့်​တာတဲ့​လေ
ကျ​နော်​တို့က​တော့ အိပ်​ပဲ ။

ဒီလို ရှာ​ဖွေလာတဲ့
မှတ်​တမ်းဓာတ်​ပုံ​တွေကို
ဘယ်​နိုင်​ငံ ဘယ်​ပြည်​နယ်​ ဘယ်​မြို့ ဘယ်​ရွာ
ဆိုပြီး ​နေရပ်​လိပ်​စာနဲ့ ​နောက်​တစ်​ဖွဲ့က
Online မှာ တင်​ပြီး လှူဒါန်းနိုင်​ကြပါသည်​လို့
ရေးတင်​ပြီး အလှူခံကြတာ
တကယ်​ဖြစ်​ခဲ့တဲ့ အဖြစ်​အပျက်​​တွေဆို​တော့
ဓာတ်​ပုံ​တွေက သက်​ဝင်​​နေတာ​ပေါ့
ဒီ​တော့ နိုင်​ငံတကာက
နာဂစ်​လို အဖြစ်​သနှစ်​​တွေဆို​တော့
သနားစိတ်​​တွေကြွပြီး လှူကြတာ​ပေါ့
အ​မေရိကန်​​ဒေါ်လာကို သန်းချီရကြတာ
အဲဒါကို ခုနက ​နေရာ​တွေဆီ ပြန်​လှူကြတာ​ပေါ့။

ဒါနဲ့ ကိုယ်​ကလည်း စပ်​စုကြည့်​​တော့
" ခင်​ဗျားတို့ ရခိုင်​မုန်​တိုင်းတုန်းက ဘာ​တွေ လှူဖြစ်​ကြလဲ " ဆို​တော့
အိမ်​ အလုံး ( ၂၀ ) ​ဆောက်​​ပေးထားတယ်​တဲ့
နောက်​​ကောဆို​တော့
အဲ့​လောက်​ပဲတဲ့
ရော ခက်​ပြီ
အိမ်​အလုံး (၂၀ ) ဆိုတာက
ဘယ်​​လောက်​များများ ကုန်​မှာမို့လဲဗျာ  
ဒေါ်လာ တစ်​သိန်းဆိုရင်​ပဲ
မြန်​မာ​ငွေ သိန်း​ထောင်​ချီ​နေပီမလား
မြန်​မာပြည်​ရဲ့ ​ကျေးလက်​​ဒေသ​တွေမှာက
အိမ်​တစ်​လုံးကို သိန်း ၁၅၀ ဆိုရင်​ ရပါပြီ
တော်​​တော်​ ​ကောင်း​နေပါပြီ
အလုံး ၂၀ ဆို​တော့ မြန်​မာ​ငွေ သိန်း ၃၀၀၀
နိုင်​ငံတကာက လှူတာက
အ​မေရိကန်​​ဒေါ်လာ သန်းကို ရာချီလှူကြတာပါ
သန်း ၁၀၀ / ၂၀၀ နှစ်​တိုင်း ရ​နေတာပါ
သူတို့ ပြည်​တွင်းကို ပြန်​လှူတာက
တကယ့်​ သဘာဝ​ဘေး ဖြစ်​မှ
ဒေါ်လာ ​လေးငါးသိန်း​လောက်​ပါ
မြန်​မာ​ငွေနဲ့ဆို သိန်း ​လေးငါး​ထောင်​​ပေါ့
ဘာမှမဖြစ်​တဲ့ သာမာန်​နှစ်​​တွေဆိုရင်
ဒီလိုပဲ အိ​ရောအိ​ရောနဲ့ ပြီးသွားတတ်​ကြတာ
ဒါ​ပေမယ့်​ ဝန်​ထမ်း​တွေရဲ့ လခနဲ့အသုံးစရိတ်​က
တနှစ်​ပတ်​လုံး ဝရမ်း​နေတာ ။

အန်​တီစုအတွက်​ ​နော်​​ဝေ NGO က​နေ
မြန်​မာပြည်​ NGO ခွဲ ကို
အလှူ​ငွေ​တွေပို့ပေးတယ်​ ဒါ​ပေမယ့်
ဒီမှာ မယ်​မယ်​ရရ ဘာမှမလုပ်​လိုက်​ရ​သေးပဲ
ဝန်​ထမ်း စရိတ်​နဲ့ဘဲ
အ​တော်​များများ ကုန်​သွားခဲ့တယ်​တဲ့
ဒါ​ပေမယ့်​ ကိုယ့်​ လူမျိုး​တွေ ရကြတာပဲမို့
ကျမ​တော့ ဘာမှ မ​ပြောလိုပါဘူးလို့
အန်​တီစုက ​ပြောခဲ့တာ မှတ်​မိ​နေ​သေးတယ်
ပြောချင်​တာက NGO ​တွေရဲ့
ကြီးမားတဲ့ အသုံးစရိတ်​​တွေကိုပါ
ဒါကို ကျ​နော်​တို့​တော်​​တော်​များများက
သတိမထားမိကြပါဘူး ။

ဆင်းရဲမွဲ​တေမှုမြင့်​မားတဲ့
ဘင်္ဂလား​ဒေရှ့်​လို  မြန်​မာလို နိုင်​ငံ​တွေဆီက
အ​ကြေကွဲရဆုံးပုံ​တွေကို  အမိအရယူပြီး
Online ကို အ​ပြေးအလွှား တင်​ကြတာ
အလှူ​ငွေ မြန်​မြန်​နဲ့ များများ
ဦး​အောင်​ရ​အောင်​​ပေါ့ လုပ်​ကြတာ
တစ်​ခါတစ်​ခါ NGO ချင်း ထ သတ်​ကြ​သေးတာ
နင်​တို့ ​ဖောင်​​ဒေးရှင်းက ဘာညာ ဆိုပြီး
ဖြစ်​ ကြ​သေးတာဗျ
အပြင်​လည်း သတ်​တာပဲ
လိုင်း​ပေါ်လည်း တက်​သတ်​တာပဲ
ဒါ​တွေ ထားပါ​တော့​ဗျာ ။

ကျန်​တာ မကြည့်​နဲ့ဗျာ
ကျ​နော်​တို့ကို တစ်​လ​လောက်​ငှားတာ​တောင်
တပတ်​ကို ဖုန်း​ဘေလ်​ ၅၀၀၀ ရတယ်
နယ်​ခရီး မရှိရင်​ အဲကွန်းခန်းထဲ အိပ်
၁၂ နာရီ​လောက်​ကျ မနက်​စာ ထွက်​စား
ည​နေ ၅ နာရီဆို ​သော့ပိတ်​ပြန်
အေး​ဆေးမှ တကယ့်​ကို ​အေး​ဆေးပဲ
ဖက်​စလတီက လုံးဝ လုံးဝ အပြည့်​ကို
ပို​နေ​ပါသေးတယ်
ဘယ်​နားသွားပြီး
အန်​ဂျီအို လည်း မသိ​ပေမယ့်
သူတို့ဟာ သူတို့​တော့ အိုဂျီအန်​ ပီသားပဲဗျာ

ကျ​နော်​တို့နိုင်​ငံက ဆင်းရဲမွဲ​တွေမှု​တွေ
ကျ​နော်​တို့နိုင်​ငံက သဘာဝ​ဘေး​တွေရဲ့
မှတ်​တမ်းတင်​ဓာတ်​ပုံ​တွေကို ကမ္ဘာမှာချပြပြီး
အညွှန့်​အဖူး​လေး​တွေ
ခူးခပ်​   စား​နေကြတာကို
ကျ​နော်​တို့ လူမျိုး​တွေ သိ​စေချင်​ရုံသက်​သက်​ပါ ။

(​စေတနာသန့်​သန့်​ NGO များကို မထိခိုက်​​စေလိုပါ)

နေမင်းနွယ်
၂၇/၈/၂၀၁၇ ။

Sunday, August 27, 2017

အတိုင်ပင်ခံရုံးကထုတ်တာပါ တစ်ကမ္ဘာလုံးသိနိုင်အောင် English ဘာသာနဲ့ ထုတ်ထားတာတော့ မတွေ့သေးဘူး

အတိုင်ပင်ခံရုံးကထုတ်တာပါ
တစ်ကမ္ဘာလုံးသိနိုင်အောင် English ဘာသာနဲ့ ထုတ်ထားတာတော့ မတွေ့သေးဘူး

အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်သမားများနှင့် စပ်လျဉ်း၍ သတိပေးခြင်း

၁။  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင်  မောင်တောဒေသအကြမ်းဖက်မှု ဖြစ်စဉ်၌ ပါဝင်သော အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများနှင့် ARSA တို့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားပြီး ဖြစ်သည်။

၂။  သြဂုတ်လ ၂၆ ရက်နေ့၌ တောင်ဘဇာကျေးရွာကို အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများ ပိတ်ဆို့ဝိုင်းထားစဉ် အချို့သော INGO ဝန်ထမ်းများ ပါဝင်ခဲ့ကြောင်း  သတင်းများ ထွက်ပေါ်နေပြီး အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက် ရှိသည်။ အလားတူ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် မေယုတောင်ပေါ်၌ အကြမ်းဖက်သမားများ ခိုအောင်း စခန်းချရာ တဲများတွင်လည်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဖြန့်ဝေထားသော စွမ်းအားမြင့် ဘီစကစ်များ တွေ့ရှိခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

၃။ ထို့အပြင် သတင်းမီဒီယာအချို့တွင် အကြမ်းဖက်အုပ်စုအဖြစ် တရားဝင် ကြေညာထားသော အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများကို အကြမ်းဖက်သမား ဟု ရေးသားဖော်ပြခြင်း မပြုဘဲ အခြားဝေါဟာရများ (ဥပမာ Insurgents) ဖြင့် အမျိုးမျိုး ရေးသားဖော်ပြနေကြသည်ကိုလည်း တွေ့ရှိရသည်။

၎။  ယခုအခါတွင် မောင်တောဒေသရှိ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများအား ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန  မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးနှင့် ဗြိတိန်သံရုံးတို့က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။

၅။ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများနှင့် ARSA အကြမ်းဖက်အုပ်စုနှင့် ပတ်သက်ဆက်နွယ်သော ပြည်ပနိုင်ငံများမှ ငွေကြေးထောက်ပံ့မှုများ၊ ဆက်သွယ်ဆောင်ရွက်နေသော လူပုဂ္ဂိုလ်များ၊ အားပေးကူညီမှုများကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတကာရဲတပ်ဖွဲ့မှတစ်ဆင့် နိုင်ငံတကာ အစိုးရများထံသို့ အသိပေးအကြောင်းကြားနိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက် ရှိသည်။

၆။ အကြမ်းဖက်တိုက်ဖျက်ရေးသည် ကမ္ဘာ့မိသားစုဝင်ပြည်သူများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများ စသည်တို့အားလုံး၏ ဘုံအကျိုးစီးပွားဖြစ်သည့်အတွက် အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများနှင့် ARSA အကြမ်းဖက်အုပ်စုနှင့် ပတ်သက်၍ ဆန့်ကျင်တိုက်ဖျက်သွားရန် အထူးပဲ အရေးကြီးသည်။

၇။ သို့ပါ၍ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများနှင့် ARSA အကြမ်းဖက်အုပ်စုအား  ထောက်ခံခြင်း၊ အားပေးကူညီရာ ရောက်စေသော ပြုမူလုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း၊ ထောက်ပံ့ခြင်း၊ မီဒီယာများမှ ထောက်ခံရေးသားခြင်း စသည်တို့ မပြုလုပ်ရန်နှင့် ပြည်တွင်း၌ ထိုသို့အကြမ်းဖက်အားပေး လုပ်ဆောင်ချက်များ တွေ့ရှိပါက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ပြီူး ပြည်ပမှ လုပ်ဆောင်ချက်များ တွေ့ရှိရပါက နိုင်ငံတကာရဲတပ်ဖွဲ့သို့ အသိပေး ဆောင်ရွက်သွားမည် ဖြစ်ကြာင်း အသိပေးအပ်ပါသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)