ဘုရားရှင်တို့ တစ်ပါးတည်း ကိန်းအောင်းတော်မူခြင်း၏ အကျိုး ၂၈ မျိုး
*****
၁။ မိမိကိုယ်ကို စောင့်ရှောက်ခြင်း၊
၂။ အသက်ကို တိုးပွားစေခြင်း၊
၃။ ကိုယ်အား ဉာဏ်အားကို ပေးခြင်း၊
၎။ အပြစ် ဒေါသကို ပိတ်ပင်ခြင်း၊
၅။ ကျော်စောမဲ့ကို ပယ်နိုင်ခြင်း၊
၆။ အကျော်အစောကို ဆောင်နိုင်ခြင်း၊
၇။ မမွေ့လျော်ခြင်းကို ပယ်ဖျောက်နိုင်ခြင်း၊
၈။ မွေ့လျော်ခြင်းကို ဆောင်ခြင်း၊
၉။ ကြောက်လန့် ခြင်းကို ပယ်နိုင်ခြင်း၊
၁၀။ ရဲရင့်ခြင်းကို ပြုခြင်း၊
၁၁။ ပျင်းရိခြင်းကို ပယ်နိုင်ခြင်း၊
၁၂။ လုံ့လကို ဖြစ်စေခြင်း၊
၁၃။ ရာဂကို ပယ်နိုင်ခြင်း၊
၁၄။ ဒေါသကို ပယ်နိုင်ခြင်း၊
၁၅။ မောဟကို ပယ်နိုင်ခြင်း၊
၁၆။ မာနကို ပယ်သတ်နိုင်ခြင်း၊
၁၇။ ဝိတက်ကို ချိုးဖျက်နိုင်ခြင်း၊
၁၈။ စိတ်ကို တည်ကြည်အောင် ပြုနိုင်ခြင်း၊
၁၉။ စိတ်ကို ပျော့ပျောင်းစေနိုင်ခြင်း၊
၂၀။ ကြည်လင်ရွှင်ပြခြင်းကို ဖြစ်စေနိုင်ခြင်း၊
၂၁။ လေးမြတ်သည်ကို ပြုနိုင်ခြင်း၊
၂၂။ လာဘ်ကို ဖြစ်စေနိုင်ခြင်း၊
၂၃။ ရှိခိုး ထိုက်သည်ကို ပြုနိုင်ခြင်း၊
၂၄။ နှစ်သက်ခြင်းသို့ ရောက်စေနိုင်ခြင်း၊
၂၅။ ဝမ်းမြောက်ခြင်းကို ပြုနိုင်ခြင်း၊
၂၆။ သင်္ခါရတရားတို့၏ သဘောကို ပြနိုင်ခြင်း၊
၂၇။ ပဋိသန္ဓေနေခြင်းကို ခွါဖြတ် နိုင်ခြင်း၊
၂၈။ အလုံးစုံသော ငြိမ်းအေးခြင်းကို ပေးနိုင်ခြင်း။
(မိလိန္ဒ။၁၄၁။)
Ven IndacaryaMawgyun
No comments:
Post a Comment