Wednesday, January 16, 2019

ပြေးသွား၍ မတင့်တယ်သူ ၄ ဦး

ပြေးသွား၍ မတင့်တယ်သူ ၄ ဦး
****
၁။ အဘိသိက်သွန်းပြီးသော မင်း၊
အဘိသိက် သွန်းအပ်ပြီးသော မင်းသည် အလုံးစုံသော မင်းမြောက်တန်ဆာဖြင့် ဆင်ယင်ဝတ်စားပြီးသောအခါ ခါးတောင်းအောက်ပိုးကြိုက်ခြင်းကို ပြု၍ မင်းရင်ပြင်၌ လျင်မြန်စွာ သွားလာခြင်းသည် မတင့်တယ်၊

၂။ မင်္ဂလာဆင် ရတနာ၊
ပြည့်ရှင်မင်းကြီး၏ မင်္ဂလာ ဆင်တော်သည် တန်ဆာဆင်လျက် လျင်မြန်စွာ သွားလာခြင်းသည် မတင့်တယ်၊

၃။ ရဟန်း၊
ရဟန်းသည် လျင်မြန်စွာ သွားလာသည်ရှိသော် မတင့်တယ်၊

၎။ မိန်းမ
မိန်းမတို့မည်သည် လျင်မြန်စွာ သွားလာခြင်းတို့သည် မတင့်တယ်။

(ဓမ္မ၊ဋ္ဌ၊၁။၂၄၆။)

Ven IndacaryaMawgyun

No comments:

Post a Comment