ပိုးစုန်းကြူး၏ ဆန္ဒ
******
နေ့အခါမှာ နေမင်းကြီးက
ကမ္ဘာလောက အတွက်
အလင်းရောင်တွေ ပေးနေသလို
ညအခါမှာ လမင်းကြီးက
ကမ္ဘာလောက အတွက်
အလင်းရောင်တွေ ပေးနေတယ်-----
နေနှင့်လကို အားကျနေတဲ့
ပိုးစုန်းကြူးလေးက
ဝါးလုံးပေါက်ထဲ အလင်းပေးဖို့ ပြင်နေတယ်-----
နေနှင့်လကို တုပြိုင်ဖို့
မဟုတ်ပါဘူးတဲ့
အားကောင်းသော အလင်းရောင်တွေ
ရောက်လာခဲ့ရင်တော့
သူ့ရဲ့အလင်းရောင်ကို
ပြန်လည်း ရုပ်သိမ်းပေးပါမယ်လို့
ဆန္ဒပြုနေလျက်ပါ--------
Intention Of Firefly
********
Every day, just as the sun gives
the light for this world,
the moon also gives
the light for this world every night.
The firefly, imitating to them,
make to give
the light in the bamboo pole.
But it had intention that
isn't to rival with Thames,
and if powerful light come,
his(its) light is put away itself.
(တက္ကသိုလ်စာသင်သား)
အရှင်ဣန္ဒာစရိယ(မော်ကျွန်း)တတိယနှစ်
သာသနာ့တက္ကသိုလ်(မန္တလေး)
(၂၀၁၄-ခုနှစ်၊ ပထမနှစ် စာသင်သားဘဝ၊ နောင်တော်တစ်ပါးရဲ့ (ကျေးဇူးသိသူ မသိသူတို့၏ရလဒ်)စာအုပ် နိဂုံးအတွက် ရေးသားခဲ့တာလေး အမှတ်တရ ပြန်တင်လိုက်ခြင်း ဖြစ်ပါတယ်၊ ပထမ Facebook မှာ တင်ပြီးသာပါ ပျက်သွားလို့ အသစ်ပြန်လုပ်ထားရတယ်)
No comments:
Post a Comment