006
လေးစားပါ၏ အရှင်သောပါကဘုရား
မဘသအတွက် ထာဝရပေးဆပ်နေသူ
****************************
အရင်တုန်းကတော့ နိုင်ငံရေးသမားတွေဆိုရင်
တကယ်ကို အထင်ကြီး လေးစားမိခဲ့တာပါ၊
သူတို့ နိုင်ငံရေး စကားပြောပြီဆိုရင် အထင်ကြီးစိတ်နဲ့
နားထောင်နေမိတယ်၊
စစ်အစိုးရ မကောင်းကြောင်းကို ဖွဲ့နွဲ့ပြီး
ပြောနိုင်၊ ရေးနိုင်ရင်ကို ဆရဲာကြီးတစ်ဆူ သတ်မှတ်ခဲ့တာ။
အဲ့ဒီအချိန်က နိုင်ငံရေးသာ စိတ်ဝင်စားတာ
အမျိုးသားရေးနဲ့ နိုင်ငံရေး
ခွဲခြားပြီး တကယ်ကို မသိဘူး၊
အခုတော့
အမျိုးချစ်စိတ် မရှိပဲ
နိုင်ငံရေး ပြောနေ၊ ရေးနေကြတဲ့သူတွေ နှင့်
အမျိုးချစ်စိတ်ပြင်းထန်ပြီး
နိုင်ငံရေးလုပ်နေကြတဲ့သူတွေကို
ကွဲကွဲပြားပြား သိလာတဲ့အချိန်ကစ ပြီး
အမျိုးသားရေး မပါပဲ နိုင်ငံရေး
စကားပြောနေ၊ ရေးနေကြတဲ့ သူတွေကို
စိတ်ထဲကနေ လုံးဝ လက်ခံလို့ မရတော့။
သူတို့တွေ ဘယ်လောက်ပဲ
အတွေးအခေါ်ကောင်းကောင်း
ဘယ်လောက်ပဲ အထင်ကရ ဖြစ်ဖြစ်၊
ဘယ်လောက်ပဲ တော်တော်
လုံးဝကို အထင်မကြီးလို့်မရတော့
အထင်ကြီးဖို့ နေနေသာသာ
စက်ဆုပ်ရွံရှာလာမိတယ်။
တနေ့က ကိုလှမိုး ပြောသလို
သူပုန်ဆိုလို့ လက်နက်ကိုင်ပြီး
ဆန့်ကျင်သူတွေကိုချည်းပဲ ပြောလို့မရဘူး၊
အမျိုးသားရေးကို လစ်လျူ ရှုပြီး ပစ်ပယ်ထားတဲ့
ကန့်လန့်တိုက် သူပုန်တွေကို အားပေး၊
ကုလားအရေးကို အားပေး ကာကွယ်နေတဲ့
သူတွေဟာလည်း
ဒီတိုင်းပြည်၊ ဒီလူမျိုးတွေအတွက်
သူပုန်တွေပါပဲ...တဲ့၊
မှန်ပါတယ်
အမျိုးသားရေးမှ မပါတဲ့ နိုင်ငံရေးသမား
ဒီနိုင်ငံ၊ ဒီလူမျိုးအတွက်
ဘာလုပ်တော့မှာလည်း၊
အမျိုးသား သစ္စာဖောက်ပဲ ဖြစ်တော့မှာပေါ့။
အရှင်သောပါက၊ ပြင်ဦးလွင်
No comments:
Post a Comment