နေပူခံတာ ကောင်းတဲ့ အချက် ၁၀ ချက်
နေပူခံခြင်းက ရမယ့် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။
နေရောင်ခြည်များများ ခံရခြင်းဟာ အရေပြားကင်ဆာအန္တရာယ်ရှိတယ်လို့ အချို့က မှတ်ယူထားကြပါတယ်။ ဒါပေမယ့် တစ်နေ့ကို ငါးမိနစ်ကနေ ၁၅ မိနစ်လောက် နေရောင်ခံခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူး (၁၀) ခုရှိပါတယ်။
နေရောင်ခြည်ဟာ သင့်ကို ဗီတာမင်ဓာတ် ကြွယ်ဝစေပါတယ်။
၁။ ပိုပျော်လာစေ
နေရောင်ခြည်က သင့်ကိုပိုပျော်လာစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ပျော်ရွှင်မှုကိုဖြစ်စေတဲ့ ဟော်မုန်းဓာတ်တွေရှိပါတယ်။ အဲဒီဓာတ်ကို နေရောင်ခြည်က ရအောင်လုပ်ပေးနိုင်ပါတယ်။
၂။ နှလုံး ကောင်းမွန်စေ
နှလုံးကျန်းမာရေးကို နေရောင်ခြည်က ပိုကောင်လာစေပါတယ်။ ဥရောပမှာဆိုရင် နွေထွက်ဆောင်းမှာ ရောဂါပိုဖြစ်ကြတာ နေရောင်မရလို့ပါ။
၃။ ဆီးချိုကာကွယ်ပေး
နေရောင်ခြည်က ရတဲ့ ဗီတာမင် (ဒီ) က ဆီးချိုမဖြစ်အောင် ကြိုတင်ကာကွယ်ပေးပါတယ်။ ၈၀ ရာခိုင်နှုန်းလောက်အထိ ကာကွယ်ပေးပါတယ်။
၎။ စိတ်ဓာတ်ကျမှုကို ကာကွယ်
စိတ်ဓာတ်ကျနေတဲ့အခါ နေရောင်ခြည်ထဲ ထွက်ကြည့်လိုက်ပါ။ သင့်စိတ် မှိုင်းပျပျ ဖြစ်နေမှာ မဟုတ်တော့ပါဘူး။
၅။ သွားကျန်းမာစေ
နေရောင်ခြည်က သွားကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ စကော့တလန်မှာ လေ့လာချက်အရ နေရောင်ရတဲ့ အရပ်က ကလေးငယ်တွေဟာ နေရောင်သိပ်မရတဲ့ အရပ်က ကလေးငယ်တွေထက်ပိုပြီး သွားကျန်းမာကြပါတယ်။
၆။ ကိုက်ခဲ နာကျင်မှု သက်သာစေ
ကြွက်သားတွေ နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေပါတယ်။
၇။ ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေး
ဗီတာမင်(ဒီ) ရဲ့ အကျိုးကျေးဇူးက မနည်းလှပါဘူး။ ကင်ဆာရောဂါတွေဖြစ်ပွားနိုင်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။
၈။ ရာသီသွေးမှန်စေ
အမျိုးသမီးတွေ မကြာခဏ ကြုံတွေ့ရလေ့ရှိတဲ့ ရာသီသွေး မမှန်တဲ့ပြဿနာကိုလည်း နေရောင်ခြည်က ဖြေရှင်းပေးနိုင်ပါတယ်။
Source : Mirror
Duwun
No comments:
Post a Comment