အချစ်အတွက်နဲ့ ထီးနန်းစွန့်တဲ့
အက်ဒွက်ဘုရင်ကို ကြားဖူးကြလား
Dဖြိုးသီချင်းတောင်ရှိသေးတယ်လေ "အင်္ဂလန်သမိုင်းက အင်ဒွက်ဘုရင်လို ထီးနန်းစွန့်ဝံ့လည်း " ဆိုတာ
အခုပြောပြမှာက အက်ဒွက်ဘုရင်အကြောင်းပေါ့နော်
Edward VIII နာမည်အပြည့်အစုံကတော့ Edward Albert Christian George Andrew Patrick David ပေါ့
သူ့ကို 1894 ခုနှစ် ဇွန်လ 23 ရက်နေ့မှာ King George နဲ့ Queen Mary တို့က မွေးဖွားခဲ့ပြီး သားအကြီးဆုံး ဖြစ်ပါတယ်
1936 ခုနှစ် ဂျော့ရှ်ဘုရင်နတ်ရွာစံပြီး ဘုရင်ဖြစ်လာခဲ့သူပါ
သူဘုရင်ဖြစ်ပြီး လအနည်းငယ်အကြာမှာပဲ သူ့ရဲ့ဘုရင့်အာဏာနဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေဖြစ်လာပါတယ်
အကြောင်းကတော့ ဝေါလစ်စင်မ်စန် (Wallis Simpson) လို့အမည်ရတဲ့ အမေရိကန်အမျိုးသမီးတစ်ယောက်ကို သူလက်ထက်ခွင့်တောင်းခဲ့လို့ပါ
အဲဒီအချိန်မှာပဲ UKရဲ့ဝန်ကြီးချုပ်တွေ အခြားလက်အောက်ခံနိုင်ငံတွေကော ပြည်သူတွေကပါ သူ့ရဲ့မင်္ဂလာကိစ္စကို အပြင်းအထန်ကန့်ကွက်ကြပါတယ်
(UK-United Kingdom ဆိုသည်မှာ အင်္ဂလန် စကော့တလန် ဝေး နဲ့ အိုင်ယာလန်မြောက်ပိုင်း လေးနိုင်ငံပေါင်းစပ်ထားခြင်းဖြစ်ပါတယ်)
ကန့်ကွက်ရတဲ့အကြောင်းအရင်းကတော့ သူလက်ထက်ခွင့်တောင်းတဲ့ ဝေါလစ်စင်မ်စန်ဆိုတဲ့ အမျိုးသမီးဟာ ပထမယောက်ျား နှင့်ကွာရှင်းခဲ့ပြီး ယခုလက်ရှိဒုတိယယောက်ျားနှင့်လည်း ကွာရှင်းရန် တရားရင်ဆိုင်နေသူဖြစ်နေလို့ပါ
ပြည်သူတွေအနေနဲ့ နှစ်ခါကွာရှင်းထားသော မိန်းမကို သူတို့ဘုရင်ရဲ့ ကြင်ယာတော်အဖြစ် သူတို့ရဲ့တော်ဝင်ဘုရင်မအဖြစ် လုံးဝလက်မခံကြပါဘူး
အဲဒီအချိန်မှာ အက်ဒွက် ဘုရင် ဆုံးဖြတ်ချက်ချလိုက်ပါတယ်
သူ့ရဲ့ ထီးနန်းကို စွန့်လွှန်လိုက်ပါတယ်
သူထီးနန်းစွန့်ချိန် သူ့ရဲ့နန်းသက်ဟာ ၃၂၆ ရက်ပဲရှိပါသေးတယ်
သူဟာ ဗြိတိသျှ သမိုင်းမှာ နန်းသက်အတိုဆုံးဘုရင်ဖြစ်ပါတယ်
သူဘုရင်အဖြစ်စွန့်လွှတ်ခဲ့ပြီး ၁၉၃၇ခုနှစ် ဇွန်လ၃ရက်နေ့မှာ ပြင်သစ်နိုင်ငံမှာ သူ့ချစ်သူနဲ့လက်ထက်ခဲ့ပြီး
သူ့ဘဝတစ်လျှောက်လုံး ပြင်သစ်နိုင်ငံမှာပဲနေထိုင်သွားခဲ့တယ်
ယခုအချိန်မှာသူမရှိတော့ပေမယ့် သူ့အချစ်ဇာတ်လမ်းကြောင့်
နှောင်းလူတွေပါးစပ်ဖျားမှာတော့ အချစ်အတွက်နဲ့ထီးနန်းစွန့် အချစ်ကြီးသူအဖြစ် သမိုင်းတွင်သွားပါတော့တယ်
ချစ်သူတိုင်းဆုံစည်းနိုင်ကြပါစေ
💜💙💚💛💜💙💚💛💜💙💚💛💜💙💚💛
Kaung Kin Ko Ko !!!!!
No comments:
Post a Comment