Sunday, October 23, 2016

အသက်ရှည်စေမည့် သဘာဝဆေးနည်း

အသက်ရှည်စေမည့် သဘာဝဆေးနည်း
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
အသက်ရှည်လိုလျှင် ဆင်စီးပြီးမြင်းရံ၊ ဗုံတီးပြီး ပန်းပန်ပါဆိုတဲ့ စကားပုံကို လူကြီးတွေဆီက ကြားဖူးကြမှာပါ။ မြန်မာ့ဆေးကျမ်းများမှာလည်း မကြာခဏ တွေ့ရပါတယ်။

အဓိပ္ပါယ်ကတော့ ဆင်စီးပါဆိုတာ ဆင်တုံးမနွယ်ကို စားခိုင်းတာပါ။ မြင်းရံဆိုတာကတော့ မြင်းခွါရွက်ဖြစ်ပြီး ဗုံတီးဆိုတာ ဘုမ္မရာဇာပင်ပါ။ ပန်းပန်ပါဆိုတာကတော့ ပန်းဝတ်ရည်ပေါင်းများစွာ ပါဝင်ထားတဲ့ ပျားရည်ကို ဆိုလိုတာဖြစ်ပါတယ်။

ဆေးဖော်နည်း

ဆင်တုံးမနွယ်၊ မြင်းခွါရွက်၊ ဘုမ္မရာဇာတို့ကို အခြောက်လှန်း၊ အမှုန့်ကြိတ်၊ ဆတူရောစပ်ပြီး သဘာဝပျားရည်စစ်စစ်နဲ့ မန်ကျည်းစေ့ခန့် ဆေးလုံးများ လုံးထားပြီး နေရိပ်မှာ အခြောက်လှန်း၊ လေလုံတဲ့ ဗူး၊ ပုလင်းထဲ သေချာထည့်ထားပြီး ညစဉ်မှန်မှန် တစ်လုံးစီ မှီဝဲပါ။

ခန္ဓာကိုယ်ထဲက သွေး၊ ဆီး၊ လေ၊ ၀မ်းတို့ကို ညီမျှစေပြီး အနာရောဂါများ ကင်းဝေးကာ အသက်ရှည်စေပါမည်။

ပါဝင်တဲ့ ဆေးအားလုံးရဲ့ အစွမ်းထက်ပုံများကိုတော့ အားလုံးသိပြီးဖြစ်တဲ့အတွက် အကျယ်တ၀င့် ထပ်ရေးစရာ လိုမယ်မထင်ပါ။ မကြာခဏလည်း တင်ပေးနေပါတယ်။

လူသားအားလုံး အနာရောဂါကင်းဝေးပြီး သက်ရှည်ကျန်းမာကြပါစေ။

စောနွဲ့ နေဆိုင် - ပူတာအို
Credit-အစွမ်းထက် သဘာဝဆေးနည်းများ
#ဆေးနည်း
🌴🌹💞 မောင်သုတ(NMN)🌴🌹💞

No comments:

Post a Comment