Thursday, October 27, 2016

ပန်းတိမ်ဖိုဝယ် ရွှေကိုသိုဝှက်

ပန်းတိမ်ဖိုဝယ် ရွှေကိုသိုဝှက် ပချုပ်ခွက်၌ ရှိုက်လျက်ငိုနေ လက်ကောက်ရွှေကို ငါလေဤသို့မေးမိ၏
အို    လက်ကောက် မိးတောက်အတွင်းသက်ဆင်းခဲ့ရ ပူဒုက္ခကြောင့် တွေးဆပြီးတော့ ငိုသလော

ရွှေမှ့အဖြေ။     ။   မီးဘေးအတွက်အခံခက်၍မငိုပါဘူး

မေး၊။။မီးဘေးအတွက်အခံ၍မငိုရသော်ကိုင်မှ့ပေထက်တူတင်နှက်၍ရိုက်နှက်သောကြော့င်ငိုသလော

ရွှေမှ့အဖြေ။  ။ပေပေါ်တူတင်မနာကျင်ဘူး ငါပင်ပျော့ညက်အခံခက်၍ ရိုက်နှက်သောကြောင့်မငိုပါ

မေး။  ပေပေါ်တူတင်မနာကျင်သော် နန်းလျာဖောက်ထွင်းသင့်ကိုဆွဲ၍ ဆွဲခြင်းအတွက်အခံခက်၍ငိုသလော

ရွှေမှ့အဖြေ၊။ နန်းလျာဖောက်ထွင်းဆွဲခြင်းအတွက်အခံခက်၍မငိုပါဘူး။

မေးသူ ။ အိုအသင်လက်ကောက် မီးတောက်၌လဲသင်မပူ တူနဲ့ထုလည်းသင်မနာ နန်းဆွဲတာလဲသင်မကြောက် သို့ပါလျက်နဲ့ ပက်လက်ဝမ်းနည်း ရှိုက်ကြီး ရှိုက်ငင်ပူမစင်သည် အသင်ဘာကြောင့်ငိုသနည်း

ရွှေ၏အဖြေ။ အို    သခင်  ဆင်ခြင်၍သာစဉ်းစားကြာ့်ပါလော့ ငါငိုရတဲ့အကြောင်းရင်းက ငါတို့ရွှေမျိုးတန်ဖိုးထက်က လူတိုင်းတ၏လောကအလယ်လွန်တင့်တယ်၏ ယခုအခါဝယ် ညှိုးပိန်အံ့လောက် ကံငယ်ထောက်၍ တောခြုံတောင်ကြားအလေ့ကျပေါက်တဲ့ ရွေးစေ့နဲ့အချိန်ခံရသော်ကြောင့် အယှဉ်ခံရ ငါငိုမိ၏

မူရင်း  ထီးချိုက်မြို့ တည်တောဆရာတော်ဘုရားကြီး

No comments:

Post a Comment