ကုသိုလ်ကုန်ရင် အပါယ်ဘုံပြန်ရမယ်
♡♡♡♡♡
ဘဝသံသရာကို အူဖောင်းလေးနဲ့
တင်စားပြောဆိုချင်တယ်။
ပူဖောင်ပမာ ဘဝသံသရာ-လို့ပဲ ဆိုရမလား?
ကုသိုလ်ကုန်ရင်
အပါယ်ဘုံပြန်ရမယ်-လို့ပဲ ဆိုရမလား?
ပူဖောင်းဆိုတာ ဒီနေရာမှာ
မိုးပျံပူဖောင်းလေးကို ဆိုလိုချင်တာပေါ့။
မိုးပျံပူဖောင်းလေးဟာ
ဓာတ်ငွေ့တွေပြည့်နေတဲ့ အချိန်မှာ
ကောင်းကင်ပေါ် ပျံတက်နေနိုင်ပေမယ့်
ဓာတ်ငွေ့တွေ ကုန်သ်ားရင်တော့
မြေပြင်ပေါ် ပြုတ်ကျရတယ်။
ဒါတင်မကသေးဘူး တစ်ခါတလေမှာ
ဓာတ်ငွေ့တွေ အပြည်နှင့်
ကောင်းကင်ပေါ် ပျံသန်းနေရင်း
ဆူးတစ်ခုခုဖြင့် တိုက်မိကာ
မြေပြင်ပေါ် ပြုတ်ကျရတဲ့
အဖြစ်မျိုးလည်း ဖြစ်တတ်သေးတယ်။
ထိုအတူ လူဘဝဆိုတာ
မိုးပျံပူဖောင်းလေးလိုပါပဲ
ကုသိုလ်ဓာတ်ငွေ့တွေ ပြည့်နေတဲ့ အချိန်မှာ
လူ့အသွင်,နတ်အသွင့် အဖြစ်ဖြင့်
ကျင်လည်ခွင့် ဖြစ်ခွင့်ရကြတယ်။
ကုသိုလ်ဓာတ်ငွေ့တွေ ကုန်သွားရင်တော့
ငရဲအစရှိတဲ့ အပါယ်လေးပါးသို့
ကျရောက်ကြရတယ်။
တစ်ခါတလေမှာ ကုသိုလ်ဓာတ်ငွေ့တွေ
အပြည့်ရှိပါလျက်နဲ့
အကုသိုလ်ဆူးတစ်ခုခုကို ဝင်တိုက်မိကာ
အပါယ်လေးပါသို့ ကျရောက်ရတဲ့
အဖြစ်မျိုးနဲ့လည်း ကြုံရတတ်သေးတယ်။
ဒါ့ကြောင့်
ကိုယ်ဘဝ သံသရာခရီးအတွက်
အချက်(၂)ချက်ကို လိုက်နှာသင်တယ်။
တစ်---ကုသိုလ်ဓာတ်ငွေ့ မကုန်စေနဲ့။
ကုသိုလ်ဓာတ်ငွေ့ကုန်ရင် အပါယ်ဘုံ ပြန်ရလိမ့်မယ်။
နှစ်---အကုသိုလ် မလုပ်မိစေနဲ့။
အကုသိုလ်လုပ်မိရင်
ကုသိုလ်ဓာတ်ငွေ့ မကုန်သေးသော်လည်း
အပါယ်ဘုံ ပြန်ရတတ်တယ်။
မိမိရဲ့ ကိုယ်, နှုတ်, စိတ် သုံးမျိုးလုံး၌
ကုသိုလ်ဓာတ်ငွေ့ မကုန်ရန်နှင့်
အကုသိုလ် မဖြစ်အောင် စောင့်ထိန်းနိုင်ဖို့ရန်
""ကုသိုလ်ကုန်ရင် အပါယ်ဘုံ ပြန်ရမယ်""ဆိုတဲ့
ဒီစကားလေးကို အမှတ်တရ
ဓမ္မMessage -အဖြစ်ဖြင့်
ဓမ္မမိတ်ဆွေ သူတော်ကောင်းတို့ထံသို့
အရောက် ပို့လိုက်ပါတယ်။
(၂၂-၁၂-၂၀၁၆။ကြာသာပတေးနေ့ ရေးသည်)
တက္ကသိုလ်စာသင်သား
သာသနာ့တက္ကသိုလ်(မန္တလေး)
ည(၁)နာရီ ၁၀-၁-၂၀၁၇ ။အင်္ဂါနေ့။
No comments:
Post a Comment