ပဉ္စမမြင့်မိုရ်ကို ဘယ်သူဖြိုတာလဲ
♡♡♡♡♡
စတိတ်စင်ရဲ့အောက်
ကန့်လန့်ကာရဲ့ နောက်ကနေ
ပီတိကိုစား အားပေးခဲ့တဲ့ ပဉ္စမမြင့်မိုရ်
သမ္မတကြီးကိုလည်း သင်ပေးခဲ့တယ် ။
အကြံပေးကိုလည်း သင်ပေးခဲ့တယ် ။
လွှတ်တော်အမတ်ကိုလည်း သင်ပေးခဲ့တယ် ။
စစ်ဗိုလ်ကြီးကိုလည်း သင်ပေးခဲ့တယ် ။
ဆရာဝန်ကြီးကိုလည်း သင်ပေးခဲ့တယ် ။
ကဗျာဆရာ,ဒဿနဆရာ, စာရေးဆရာနှင့်
မီဒီယာတွေကိုလည်း သင်ပေးခဲ့တယ် ။
ဒီပဉ္စမမြင့်မိုရ် ဘယ်သူသတ်တာလဲ?
သူပုန်လို့ ခေါ်လိုက်ရင်
တိုင်းရင်းသားတွေကလည်း မကြိုက်ဘူး ။
စစ်တပ်မုန်းဝါဒီတွေကလည်း မလိုက်ဘူး ။
လက်နက်ကိုင်အဖွဲ့အစည်း-တဲ့
ဒါလား လက်နက်ကိုင်
သမိုင်းအလိမ်အညာ ရိုဟင်ဂျာ ကျူးကျော်စစ်
ဘယ်သူတွေက ကာကွယ် ပစ်ပေးလဲ?
စစ်တပ်သာမပါရင်
ရခိုင်ပြည် ဒုတိယအာဖဂန်နစ္စတန်ဖြစ်တာကြာပေါ့။
စစ်တပ်ကို မေတ္တာနဲ့ မထိန်းဘဲ
သူခိုးဓားရိုးကမ်း သူပုန်လက် လက်နက်အပ်ကာ
တိုင်းရင်းသားလက်နက်ကိုင်-ဆိုတဲ့
စစ်တပ်မုန်းဝါဒီတွေရဲ့ ချီးမွမ်းသံက
အခု ကျောင်းဆရာ တစ်ယောက်ရဲ့ နားထင်ကို
ကျည်တစ်တောင့် ပစ်သွင်းကာ လုပ်ကြံပြလိုက်ပြီ။
နောက်ကြောင်းပြန် အတွေးတွေနဲ့
နှစ်ငါးဆယ်-ဆိုတဲ့ စကားလုံးကို
Cover-အဖြစ်သုံးကာ
စစ်တပ်မုန်း ဝါဒီတွေက
ပလ္လင်ပေါ်ကလည်း ဆော်တယ် ။
စင်ပေါ်ကလည်း ကြွေးကြော်တယ် ။
ပလီပလာ မီဒီယာတွေကလည်း
တကြော်ကြော်အော်ကြတယ် ။
အခုကြည်စမ်
ငါတို့ရဲ့ မျိုးဆက်တွေရဲ့ ပဉ္စမမြင့်မိုရ်
ဘယ်သူဖြိုလိုက်ကြတာလဲ?
ကျည်တစ်တောင့်နဲ့ နားထင်ကို
ပစ်လိုက်တယ် ထင်ရပေမဲ့
တကယ်တော့ စစ်တပ်မုန်းဝါဒီတွေရဲ့
သူပုန်ကို လက်နက်ကမ်းပေးတဲ့
ပါးစပ်သေနက်တွေက ပစ်လိုက်တာပါ။
"ဤ" ကို"ကျွဲ"ဖတ်တဲ့
ဒီခေတ်ထဲမှာ
ဒီအတွေ ဒီအပြောမျိုးတွေနဲ့
ဒီလို မရေးချင်ပါဘူး။
ဒါပေမဲ့ အတ္တလူသားတို့၏
ပါးစပ်သေနပ်ကြောင့် ပဉ္စမမြင့်မိုရ်တွေ
ထပ်မကျဆုံးစေချင်တော့လို့
ပဉ္စမမြင့်မိုရ် ဘယ်သူဖြိုသလဲ?
ခေါင်းစဉ်လေးနဲ့
ပါးစပ်သေနပ်တွေ ရပ်စေချင်မိတယ် ။။
******
တက္ကသိုလ်စာသင်သား
သာသာနာ့တက္ကသိုလ်၊ မန္တလေး။
(21;1;201 7 )စနေနေ့၊နံနက်(၃)ရက်။
No comments:
Post a Comment