Friday, January 13, 2017

ဂေါတမမြတ်ဗုဒ္ဓသည် (၅) ကြိမ်တိုင်တိုင် မြန်မာနိုင်ငံသို့  ဒေသစာရီ ကြွချီတော်မူခဲ့

ဂေါတမမြတ်ဗုဒ္ဓသည် (၅) ကြိမ်တိုင်တိုင်
မြန်မာနိုင်ငံသို့  ဒေသစာရီ ကြွချီတော်မူခဲ့

မြန်မာနိုင်ငံသို့  ဂေါတမမြတ်ဗုဒ္ဓသည် (၅) ကြိမ်တိုင်တိုင် ဒေသစာရီ ကြွချီတော်မူခဲ့ပြီး ကိုယ်တိုင်သာသနာ ပြုခဲ့၍ ဆံတော်များ၊ ခြေတော်ရာများ ၊ရုပ်ပွားတော်များကိုလည်းဘုရားကိုယ်တော်တိုင် ချီးမြှင့်ပေးသနား တော်မူခဲ့ပါသည် ။ ဗျာဒိတ်တော်ဖြင့် မြန်မာနိုင်ငံသည် ငါဘုရား၏ သာသနာ ကြီးကျယ်စွာ ထွန်းကားသော နိုင်ငံဖြစ်လတ္တံဟု မိန့် ကြားတော်မူခဲ့ပါသည်။
 
မဟာသက္ကရာဇ် (၁၀၄) ခုနှစ်ဒုတိယ၀ါသက်တော် (၃၆) နစ်တွင် မြန်မာနိုင်ငံ ဖိုးဦးတောင်သို့  ကြွ၍ လူ ၊ ဘီလူး ၊နဂါးတို့ ကို ဆံတော်များချီးမြှင့်ပြီး ပထမဆုံး သာသနာပြုခရီးစခဲ့ပါသည်။

ပြည်ရွှေဆံတော်အပါအ၀င် ဘုရားစေတီပေါင်းများစွာ ထွန်းကားခဲ့ပါသည် ။ မဟာသက္ကရာဇ် (၁၁၁) ခုနှစ် (၈) ၀ါသက်တော် (၄၃)နှစ်တွင်သုဝဏ္ဏဘုံမိ သထုံပြည်သိုရဟန္တာအရှင်ဂ၀ံပတိမထေရ်ပင့်ဆောင်လျှောက် ထားချက်အရရဟန္တာ (၅၀၀) နှင့်အတူ ဒုတိယအကြိမ် သာသနာပြု ကြွလာချိန်တွင် တိဿရသေ.အပြင် ရသေ့ (၄၁)ဦး ၊ဘီလူး ၊နဂါး တို့ အား ဆံတော်ချီးမြှင့်တော်မူခဲ့၍ ကျိုက်ထီးရိုး အစရှိသောတန်ခိုးကြီးဘုရား များ တည်ထား ကိုးကွယ်ခွင့်ရခဲ့ကြသည်။

မဟာသက္ကရာဇ် (၁၁၃)ခုနှစ် (၁၀)၀ါ သက်တော်(၄၅)နှစ်တွင် မြတ်ဗုဒ္ဓသည် ရခိုင်ပြည်သို့ တတိယအကြိမ် သာသနာပြု ကြွချီတော်မူခဲ့ပြီး ကိုယ်စား ရုပ်ပွားတော် သွန်းလုပ်ပေးတော်မူခဲ့ရာ ကျောက်တော်မဟာမုနိ ၊ မန္တလေး မဟာမုနိ၊ ဇလွန်ပြည်တော်ပြန်မဟာမုနိ စသည့် ရုပ်ပွားတော်များကိုထင်ထင်ရှားရှား ဖူးမြော်နိုင်၍ သာသနာတော်ကြီး ထွန်းကားခဲ့ပါသည် ။

မဟာသက္ကရာဇ် (၁၂၃)ခုနှစ် ၀ါတော်(၂၀)သက်တော်(၅၅) နှစ်တွင် သုနာပရန္တတိုင်းသို့မြတ်ဗုဒ္ဓသည်စတုတ္ထအကြိမ် ဒေသစာရီသာသနာပြုကြွချီ၍ စူဠမုတိစ္ဆညီနောင် စသည်တို့ ကို ကိုးကွယ်ကြည်ညိုရန် ခြေတော်ရာ
ချပြီး ပဒစေတီ အဖြစ် မင်းဘူးရွှေစက်တော်ဘုရားများ ထင်ရှားစေခဲ့ပါသည်။

မဟာသက္ကရာဇ်(၂၃၆)ခုနှစ်ဝါတော်(၃၃)၀ါသက်တော်(၆၈) နှစ်တွင် မြန်မာနိုင်ငံတကောင်းပြည်သို့ ပဉ္စမ အကြိမ်သာသနာပြုကြွချီတော်မူ၍သာသနာပြုခဲ့ရာ ဟန်လင်းကြီးစေတီ စသည့်ဘုရားများ ထင်ရှားကိုးကွယ် ခွင့်ရစေပါသည်။

နှင်းဆီဖူးလေးများ-Love BUDS
ရေးသားသူ © အမေ့အိမ်အဖွဲ့

No comments:

Post a Comment