Tuesday, December 5, 2017

မြန်​မာ နိုင်​ငံ ကိုလာသွားတဲ့ Pope ရဟန်းမင်း Francis သတင်း​တွေ ပလူပျံ​နေ​တော့ သူ့​နောက်​ခံ အ​ကြောင်း

မြန်​မာ နိုင်​ငံ ကိုလာသွားတဲ့ Pope ရဟန်းမင်း Francis  သတင်း​တွေ ပလူပျံ​နေ​တော့ သူ့​နောက်​ခံ အ​ကြောင်း မသိတဲ့သူ​တွေကို ​ပြောပြချင်​ပါတယ်​ ကိုယ်​ အ​လေးစားဆုံး ပုဂ္ဂိုလ်​ တစ်​​ယောက်​လြဲဖစ်​လို့ပါ

Pope ရဟန်းမင်း Francis ကို ၁၉၃၆ ဒီဇင်​ဘာလ အာဂျင်​တီးနားမှာ ​မွေးပါတယ်​ မိဘဘိုးဘွား​တွေဟာ အီတလီ လူမျိုး​တွေ ဖြစ်​ပါတယ်​ ပညာသင်​ရင်း cemical technicians diplima ပိုင်​ဆိုင်​ခဲ့ပါတယ်​  The Society of Jesus လို့ ​ခေါ်တဲ့ အသင်းဝင်​ Jesuits ဖြစ်​ပါတယ်​ အဲဒီအသင်းဝင်​​တွေဟာ ပညာ​ရေးကို အဓိကထား ပညာ​ရေးနဲ့ ပတ်​သက်​ပြီး လှုပ်​ရှားမှု​တွေ များသလို ပညာတတ်​​တွေ များတဲ့ ခရစ်​ယာန်​ကက်​သလစ်​ဘာသာ ရဲ့ ​ရေစီး​ကြောင်း​တွေ ထဲက တစ်​ခုဖြစ်​ပါတယ်​ Jesuits ​တွေကို ၁၅၄၀ မှာ လက်​ရှိ ပုပ်​ရဟန်းမင်း Paul ရဲ့ ခွင့်​ပြုချက်​နဲ့ တည်​​ထောင်​ခဲ့တာပါ
Jesuits ​တွေဟာ ​နေရာ အနှံ့အပြားကိုသွား ဆင်းဆင်းရဲရဲ သာသနာပြု လူ​တွေရဲ့​ကောင်းကျိုးပြု  ​နေနိုင်​ရပါမယ်​ သူတို့ကို ဘုရားသခင်​ရဲ့ စစ်​သား​တွေလို့ တင်​စား​ခေါ်ပါတယ်
သူ့ဘုန်း​တော်​ကြီး ဖြစ်​တဲ့ သက်​တမ်းတ​လျောက်​မှာ နှိမ့်​ချ မာန်​မာနမများ သူ ဆင်းရဲ နွမ်းပါးသူများကို ညှာတာသူ ရိုးရိုးရှင်းရှင်းဘဝကိုပဲ နှစ်​သက်​သူ အဖြစ်​ လူ​တွေရဲ့​လေးစားခြင်းကိုခံရပါတယ်
ပုပ်​ရဟန်းမင်းရာထူကိုရပြီး ဗာတီကန်​နန်း​တော်​ ​ရောက်​ပြီးမှာ​တောင်​ တတ်​နိုင်​သ​လောက်​ အ​ဆောင်​ ​ယောင်​ ​တွေကို ​ရှောင်​ပါတယ်​ သိန်း​ကျော်​တန်​တဲ့ ကားကို လက်​​ဆောင်​ရတာနဲ့ ချက်​ချင်းပြန်​​ရောင်းပြီး ဆင်းရဲ တဲ့ နိုင်​ငံ​တွေကိုလှုပါတယ်
လုံခြုံ​ရေးအတွက်​ ကျည်​ကာမှန်​ကားနဲ့သွားရတာလဲ မကြိုက်​ပါဘူး
ကက်​သလစ်​ဘာသာ ဟာ ကမ္ဘာ့ အကြီးဆုံး ဘာသာ တစ်​ခုဖြစ်​ပြီး ဦး​ဆောင်​​နေတဲ့ ဗာတီကန်​နန်း​တော်​ ဟာ ​ငွေ​ကြေးချမ်းသာရုံမက အာဏာ အလွန်​ကြီးတဲ့ အတွက်​ အလွန်​ ရှုတ်​​ထွေးတဲ့ ဇာတ်​ခုံ တစ်​ခုပါ
သမိုင်းတစ်​​လျောက်​မှာ လုပ်​ကြံခံ ရလို့ ကွယ်​လွန်​သွားတဲ့ ပုပ်​ရဟန်းမင်း​တွေရှိပါတယ်
ပုပ်​ ဖရန်​စစ်​ လက်​ထက်​မှာ ​ပျော့​ပြောင်းတဲ့ အယူအဆ​တွေ​ကြောင့်​ ​ရှေးရိုးကျ  တင်းမာတဲ့ Conservative ​တွေရဲ့ ​ဝေဖန်​မှုကို ခံရပါတယ်​ သူကသူမှန်​တယ်​ထင်​တာကို စွဲမြဲ ထားဆဲပါ
မြန်​မာနိုင်​ငံမှာ ရခိုင်​ကိစ္စအ​ရေးကို မိန့်​ခွန်းထဲ တိုက်​ရိုက်​ မဆိုလို့ သတင်းစာ​တွေထဲ သူ့ကို ပြစ်​တင်​​ဝေဖန်​​ခြင်း ခံခဲ့ရပါတယ်

အလွန်​သိမ်​​မွေ့​ မာန်​မာန ကင်း အ​ဆောင်​အ​ယောင်​ ကင်းတဲ့ ပုဂ္ဂိုလ်​ မို့ ဘာသာမတူ​ပေမယ့်​ ​လေးစားကြည်​ညိုလှပါတယ်
Copy

No comments:

Post a Comment