Thursday, December 7, 2017

အရှင်ကောဏ္ဍည မထေရ်နဲ့ ကာဠီ အမျိုးသမီး ဘယ်သူ ဦးစွာ သောတာပန် တည်ပါသလဲဘုရား အလင်းပြတော်မူပေးကြဘုရား။

အရှင်ကောဏ္ဍညက ညဦးပိုင်း ဓမ္မစကြာဟောပြီးမှာ သောတာပန်ဖြစ်တာ။ ကာဠီအမျိုးသမီးက သန်းကောင်ယံမှာ ဟေမဝတနတ်ဘီလူးနဲ့ သာတာဂိရနတ်ဘီလူးတို့ မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေကို အမေးအဖြေလုပ်နေတာ ကြားရပြီးမှ သောတာပန်တည်တာ။ သန်းကောင်ယံမှာပဲ ဟေမဝတသုတ်ကို ဟောတော်မူခဲ့တယ်။ ဓမ္မစကြာတရားဦးပြီးရင် ဒုတိယဟောခဲ့တဲ့သုတ်က ဟေမဝတသုတ်။

No comments:

Post a Comment