နှုတ်ခမ်မွှေးသမားတွေ များလှတယ်
•••••••••••••••••••••••••••••••••••••••••••••••••••
လယ်တီဆရာတော်တို့နဲ့ ခေတ်ပြိုင် နှုတ်ခမ်းမွှေး
ဆရာတော်တစ်ပါး ဒီနိုင်ငံမှာ ရှိခဲ့ဖူးသတဲ့ ။ နှုတ်
ခမ်းမွှေးတကားနဲ့ နေ မနေတော့ မသိ ။ ဘုရား
တောထွက်ခန်းမှာ ကေသမဿုံ သြဟာရေတွာ -
လို့ပဲ လာတယ် ။ ဆံနဲ့ မုတ်ဆိတ်ကိုပဲ ပယ်တာ
နှုတ်ခမ်မွှေး မပယ်ဘူး ဒါကြောင့် ဘုရားမှာ နှုတ်
ခမ်းမွှေးရှိရမယ်လို့ ဆိုပြီး ဉာဏ်ကွန့် ဘုရားပုံတော်
တွေမှာ နှုတ်ခမ်းမွှေးတပ်ခဲ့သလို သူထုတ်ဝေတဲ့
စာအုပ်မှာလဲ ဘုရားပုံတော်မှာ နှုတ်ခမ်းမွှေးတပ်ပြီး
ထုတ်ဝေခဲ့လို့ နှုတ်ခမ်းမွှေးဆရာတော်လို့ အမည်
တွင်ခဲ့တာလို့တော့ သိရတယ် ။ ဘွဲ့မည်အရင်းက
တော့ ဦးဉာဏဝံသ ။
နှုတ်ခမ်းမွှေးဆရာတော် ဦးဉာဏဝံသဟာ အဲဒီကိစ္စ
နဲ့ ပတ်သက်ပြီး အယူအဆမတူသူတွေနဲ့ အငြင်း
အခုံဖြစ်တာ မပြီးသေးဘူး ။ ဖဲကစားခြင်းဟာ ဒုစ
ရိုက်လွတ်ပြီး သမ္မာအာဇီဝဖြစ်တယ် - ဆိုတဲ့ အဆ
တစ်ခုနဲ့ ထပ်မီးမွှေးပြန်တယ် ။
အဲဒီကာလမှာပဲ လယ်တီဆရာတော်ကြီးနဲ့ တွေ့
သူ့ အယူအဆ ဟုတ်လှမှန်လှပြီ အောက်မေ့ပြီး
လယ်တီဆရာတော်ကြီးရဲ့ ထောက်ခံမှုနဲ့ ခိုင်မြဲ
အောင်လုပ်ဖို့ အကြံနဲ့တူပါတယ် ။ ဆရာတော်ကြီး
နဲ့တွေ့တာနဲ့ သူအယူအဆ ချပြတယ် ။ လောင်း
ကစားမှာ လောင်းကြေးပါတယ် ။ ရှုံးတဲ့သူကလဲ
ကျေကျေနပ်နပ်ပေးတယ် ။ နိုင်တဲ့သူကလဲ သူ
နိုင်လို့ သူယူတယ် ။ မတရားတာ မပါဘူး ။ ဒါ့
ကြောင့် ဖဲကစားတာ ဒုစရိုက်လွတ်ပြီး သမ္မာအာ
ဇီဝပဲ ဖြစ်သင့်တယ်လို့ တပည့်တော် ယူဆတယ် ။
ဟုတ် / မဟုတ် အရှင်ဘုရားပဲ ဆုံးဖြတ်ပေးတော်
မူပါလို့ လျှောက်တယ် ။
လယ်တီဆရာတော်ကြီးက ပညာသားပါပါ တစ်
ချက်ခုတ် နှစ်ချက်ပြတ် အဖြေပေးခဲ့သတဲ့ ။ မ
တော်မတည့် အယူအဆတွေနဲ့ တစ်ခုပြီးတစ်ခု
ဂြိုဟ်မွှေနေတဲ့ ဦးဉာဏဝံသကို
" ကိုယ်တော်ရယ် ဖဲကစားတဲ့ကိစ္စ ခဏထားလိုက်
ပါအုံး ။ ကိုယ်တော့် ဘုရားနှုတ်ခမ်းမွှေးကိစ္စ အရင်
ပြီးအောင် လုပ်ပါအုံး " လို့ မိန့်တော်မူလိုက်ပါသ
တဲ့ ။
အင်း ပြဿနာတစ်ခုက မပြီးသေးဘူး ။ နောက်
ပြဿနာတစ်ခု ထပ်ရှာ ။ ရှာသာ ရှာတယ် မှန်
တာ ဟုတ်တာ ကောင်းတာလဲ တစ်ခုမှ မဟုတ်
အမှောက်မှောက် အမှားမှား အလွဲလွဲနဲ့ အချော်
ချော် ။ ဘယ်ပြဿနာမှလဲ ပြီးဆုံးအောင် မရှင်း
တတ် မရှင်းနိုင် ။ မရှင်းနိုင်ဆို ငါက သူများနဲ့ မ
တူဘူးဆိုတဲ့ ပေါ်လွင်ချင်တဲ့ စိတ်ဓာတ်ကိုကလဲ
ကောင်းမှ မကောင်းတာ ။ ချွန်တယ်ဆိုတဲ့ ဉာဏ်
ကလဲ ဟုတ်တဲ့နေရာ ချွန်မှကိုး ။ နှုတ်ခမ်းမွှေးဆ
ရာတော် ဦးဉာဏဝံသ မရှိတော့လို့ အေးပြီမှတ်
နေ ။ ဘယ်အေးမလဲ ။ ဘာသာရေးမှာရော နိုင်ငံ
ရေးမှာရော တခြား ဟိုအရေး ဒီအရေးတွေမှာပါ
ဦးဉာဏဝံသဝင်စား နှုတ်ခမ်းမွှေးသမားတွေ များ
မှများ ။ သူများနိုင်ငံ ပြောရဲပါဘူး ။ ကိုယ့်နိုင်ငံ
မှာ ဖြစ်တာ ကိုယ်ပြောတာ ။ ဟုတ်တယ် ဒီနိုင်
ငံမှာ နှုတ်ခမ်းမွှေးသမားတွေ အများကြီး ။
KKN
No comments:
Post a Comment