ပိုးစုန်းကြူးရဲ့  ဆန္ဒ
*******
နေ့အခါမှာ နေမင်းကြီးက
ကမ္ဘာလောကအတွက်
အလင်းရောင်တွေ ပေးနေသလို***
ညအခါမှာ လမင်ကြီးက
ကမ္ဘာလောကအတွက်
အလင်းရောင်တွေ ပေးနေတယ်***
နေနဲ့လကို အားကျမိတဲ့
ပိုးစုန်းကြူးလေက
ဝါးလုံးပေါက်ထဲ
အလင်းပေးဖို့ ပြင်နေတယ်****
နေနှင့်လကို တုပြိုင်ဖို့
မရည်ရွယ်ပါဘူးတဲ့***
အားကောင်းတဲ့
အလင်းရောင်တွေ
ရောက်လာခဲ့ရင်
သူရဲ့ အလင်းကို
ရုပ်သိမ်းပေးပါမယ်လို့
ဆန္ဒပြုလျက်ပါ*******
အလင်းအိမ်(တက္ကသိုလ်)
No comments:
Post a Comment