🌺ဗုဒ္ဓသမီးတော်များ၏ ရင်တွင်းစကား တရားဒေသနာတော် အပိုင်း(၄၈)မှာ ပါချုပ်ဆရာတော်ဘုရားကြီး ဟောကြားဆုံးမပေးထားသော
🌜အမျိုးသမီးတွေအတွက်မှတ်သားစရာ🌛
🔼🔼🔼🔼🔼🔼🔼🔼🔼🔼🔼🔼🔼🔼🔼
↔ မိန်းမဘ၀ဆိုတာ ဒုက္ခရောက်တယ်။
🌜ဒုက္ခော ဣထိဘာဝေါ🌛
အမျိုးသမီးဖြစ်ရတဲ့ဘ၀ဟာ ဒုက္ခရောက်တယ်။
↔ မြတ်စွာဘုရားသခင် ကိုယ်တိုင်ကိုက အမျိုးသမီးဘ၀ဟာ ဒုက္ခရောက်တယ်လို့ဟောခဲ့တယ်။ အမျိုးသမီးဘ၀ဟာ အမျိုးသားတွေထက်
ထပ်ဆင့်ပိုးတဲ့ အာဝေနိကဒုက္ခဆိုတာတွေဟာ အမျိုးသမီးတွေမှာရှိတယ်ပေါ့။
ဒါကြောင့် အမျိုးသမီးဘ၀ဟာ အမျိုးသားတွေထက် ပိုဒုက္ခကြီးတယ်။
↔ ဒီလိုဒုက္ခကြီးတာ ဘာကြောင့်လဲလို့ဆိုလို့ချင်ရင် အမျိုးသမီးဘ၀ဟာ တဘက်သားကို အားကိုးနေရတာ၊ ကိုယ်ဝန်ဆောင်ရတာ၊ သူတပါးကိုမှီခိုနေရတယ်ဆိုတဲ့ ဒီဒုက္ခတွေ အာဝေနိကဆင်းရဲတွေနဲ့ အမျိုးသမီးဘ၀ဟာ ပိုလို့ပဲ စိတ်ပျက်ငြီးငွေ့စရာကောင်းတယ်ဆိုတာ မြတ်စွာဘုရားကရှင်းလင်းထောက်ပြဟောကြား
ထားတာဖြစ်တယ်။
↔ အဲ့ထဲမယ် အမျိုးသမီးတွေဟာ အိမ်ထောင်ရေးကံမကောင်းဘူးဆိုလို့ရှိရင်... အမျိုးသမီးဘ၀မှာအိမ်ထောင်ဘက်အပြိုင်ကြုံ
လာပြီဆိုလို့ရှိရင် သူတို့မှာ နေ့စဉ်နဲ့အမျှ ဆင်းရဲဒုက္ခရောက်ကြရတယ်။... အဲဒီလို အိမ်ထောင်ပြိုင်ရှိလာပြီဆိုလို့ရှိရင် ပိုပြီးတော့ စိတ်ဆင်းရဲကြရတယ်တဲ့... အမျိုးသမီးတွေရဲ့ကြီးမားလှတဲ့ ဒုက္ခတခုကတော့ ဘာလဲလို့ဆိုလို့ရှိရင် တကြိမ်လောက် ကိုယ်ဝန်ဆောင်ပြီးတော့ မီးဖွားလိုက်ရတဲ့ဒုက္ခဟာ အလွန်ကိုကြီးမားတယ်။
↔ ဒါကြောင့်မို့ မြန်မာစကားမှာလည်းဆိုတယ် "ယောက်ျားဖောင်စီး မိန်းမမီးနေ" ဆိုတဲ့စကား ကိုယ်ဝန်ဆောင် သားမွေးခြင်းဟာ သေမင်းနဲ့စခန်းသွားရတဲ့ အနေအထားမျိုးဖြစ်တယ်.. သေမင်းနဲ့ ကစားရသလိုဖြစ်နေတယ်ပေါ့.. အမျိုးသမီးကိုယ်ဝန်ဆောင်ပြီး သားဖွားရတာလည်း အလွန်အန္တရာယ်ကြီးတယ်လို့ ဒီလိုဆိုလိုတာဖြစ်တယ်။
↔ လောကမှာ ကိုယ်ဝန်ဆောင်ရတယ် သားဖွားရတယ်ဆိုတဲ့ အလုပ်ဟာ အလွန်အန္တရာယ်ကြီးမားတဲ့အလုပ်ဖြစ်တယ် အဲဒီဆင်းရဲတွင်းရောက်နေပြီဆိုရင် မိခင်ရော
ကလေးရော ဆုံးရှုံးမူနဲ့ကြုံရတတ်တယ်။
↔ တနည်းအားဖြင့်ပြောမယ်ဆိုရင် အိမ်ထောင်ရက်သားဘ၀ဟာ ကိလေသာတွေနဲ့ စိတ်ပူစရာတွေနဲ့ တွေ့နေကြရတယ်။
✔ဒါကြောင့်မို့လို့ အိမ်ထောင်ပြုတယ်ဆိုတာ တကယ့်ကို အိမ် ထောင်ကြတယ်။ လောကလူတွေဟာ ထောင်ကြတယ်ဆိုရင် ဘယ်လိုလို့ချမ်းသာနိုင်မလဲ ?
↔ လူတွေဟာ ထောင်ကြတယ်ဆိုလို့ ရှိရင်တော့ ကြောက်ကြမှာပဲ သို့သော် အိမ်ထောင်ကျတာ
ကြတော့ ပွဲလမ်းသဘင်ခံပြီးတော့ အကောင်းထင်ပြီး လုပ်နေကြတယ်.. 🔼မင်္ဂလာ🔼လို့ စကားတောင်
တက်လိုက်သေးတယ်။ တကယ်ကတော့ မြန်မာစကားသုံးထားတဲ့ အိမ်ထောင်ကျတယ်ဆိုတာ ထောင်ကျ တာနဲ့ တူတူပဲဖြစ်တယ်ပေါ့။
↔ သံသရာထဲမှာ ရှိနေသမျှတော့ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် ဘ၀ဒုက္ခခံစားကြရဦးမှာပဲ။ ဘ၀ဒုက္ခလွတ်မြောက်ဖို့အတွက် မိတ်ကောင်းဆွေကောင်း သူတော်ကောင်းကို ပေါင်းသင်းဆက်ဆံပြီး ထိုသူတော်ကောင်းတို့ရဲ့ အဆုံးအမစကားနဲ့ သံသရာဝဋ်ကလွတ်အောင် မဂ္ဂင်(၈)ပါး အကျင့်တရားကို ကျင့်ကြံကျိုးကုတ်အားထုတ်ခြင်းဖြင့်သာလျှင် ဆင်းရဲဒုက္ခအဆုံးသတ်နိုင်တယ်။
ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော်ဘုရားကြီး
_/|\_ _/|\_ _/|\_
ဆရာတော်ဘုရားကြီး၏တရားတော်များကို အောက်ပါသစ္စာပါရမီ တရားwebsite တွင် နာယူနိုင်ပါသည်။
https://www.thitsarparamisociety.com/dr-nandamarlabiwinsa/
Copy from ခင်ခင်စီ
No comments:
Post a Comment