ပါဠိ စာလုံးဆင့်ဖတ်နည်းလင်္ကာ
*****************************
၁။ နှစ်လုံးဆင့်မှာ ၊ အထက်သာ ၊ သတ်ပါ မြဲဧကန်။
၂။ သဝေလည်းထိုး ၊ တ-သတ်မျိုး ၊ ဖတ်ရိုး စသတ်သံ။
၃။ သဝေလည်းထိုး ၊ န-သတ်မျိုး ၊ ဖတ်ရိုး ငသတ်သံ။
၎။ သဝေရေးချ ၊ သတ်မြင်က ၊ မှတ်ကြ ဝ ဆွဲသံ ။
၅။ ဟထိုး ဝဆွဲ ၊ ရရစ် ယပင်း ၊တွေ့လျှင်းက ၊နှစ်ဝတာဝန် ၊ကျေပွန်စေရန် ၊ အသံ အသတ် ယူမြဲ မှတ် ။
**********************************
ဥပမာ ၁. သမန္တာ = သမန်တာ
စက္ကဝါဠေသု = စက်ကဝါ ဠေသု
သဒၶမၼံ = သဒ္ဓမ္မံ
ဥပမာ ၂. မေတ္တာ = မစ်တာ
ခေတ္တာရာ = ခစ်တာရာ
သေတ္တာ = သေတ်တာ ( သစ်တာ ဟုဖတ်)
ဥပမာ ၃. ပူရေန္တံ = ပူရေန်တံ ( ပူရင်တံ ) ဟုဖတ်
သမေန္တု = သမေန်တု ( သမင်တု )
ဥပမာ ၄. သောတ္ထနာ = သောတ်ထာနံ ( သွတ်ထာနံ )
ဟောန္တု = ဟောန်တု ( ဟွန်တု )
ဥပမာ ၅. အမှ = အမ်မှ
တုမှ = တုမ်မှ
သကျ = သက်ကျ
ဝါကျ = ဝါကျ
စကြာ = စက်ကြာ
အတြာ = အတ်တြာ
ကတွာ = ကတ်တဝါ
ဒတွာ = ဒတ်တဝါ
=======================
ပါဠိစာဖတ်နည်း
Pali Reading Method
ဒေါ်ခင်လှတင်
Daw Khin Hla Tin
Video Link.
https://m.facebook.com/story.php?story_fbid=731559986942022&id=698807050217316
No comments:
Post a Comment