အသိညာဏ် ထက်မြက်စူးရှလှသော တိပိဘခင်ကြီးရဲ့ ကထိန်အဓိပ္ပါယ် အယူအဆ
တချိန်က မစိုးရိမ်တိုက်ဟောင်း မာဂဓဆရာတော် ပျံလွန်လို့ စွမ်းနိုင်ရာရာဖြင့် နောက်ဆုံးပူဇော်ရန် ကြွလာတဲ့ တိပိဘခင်ကြီးကို ဆရာတော်တပါးက (ဆရာတော်...တိပိဋက ပြန်ပြီးတာလည်း နှစ်အတော်ကြာပြီ ခုဆို စိန်ရတုတောင် လွန်ခဲ့ပြီ ၊ ဒီတော့ စာတွေ မေ့ကုန်ရောပေါ့ )လို့ မေးလျှောက်တော့ တိပိဘခင်ကြီးက(တပည့်တော် ညစဉ်ညတိုင်း ပိဋကတ်၃ပုံနဲ့ ဘုရား ရှင့်ကိုး နေပါတယ်ဘုရား ၊ ဒါ့ကြောင့် ပိဋကတ် ၃ပုံမှာ အရှင်ဘုရား ကြိုက်ရာ မေးနိုင်ပါတယ်ဘုရား ) လို့ မိန့်မှ အဲဒီဆရာတော် နောက်ဆုတ်သွားသတဲ့။
ပြောလိုရင်းက..တိပိဘခင်ကြီးဟာ ညစဉ် ပိဋကတ် ၃ပုံနဲ့ ဘုရားရှင့်ကိုးနေတယ် ဆိုတာကို သူကိုယ်တိုင် မိန့်သွားတာကို ပြောလိုရင်းပါ။
ပြီးတော့ ပိဋကတ် ၃ပုံမှာ ကောင်းနိုးရာရာကို အစဉ်အတိုင်း တရားဟောရာ ၃ခေါက်ပေါက်ပါသတဲ့။
ဒီလို ပိဋကတ်၃ပုံကို ထုံးလိုမွှေ ရေလိုနှောက်နိုင်တဲ့ တိပိဘခင်ကြီးဟာ ပိဋကတ် ၃ပုံ ပါဠိတော်နှင့် အဌကထာကိုသာ အလေ့အကျက် အမှတ်အသား များပြီး ဋီကာကိုတော့ တခါတရံမှ အပျဉ်းပြေသဘောမျိုး ကြည့်ပါသတဲ့။
ဒါ့ကြောင့် ဒီ ကထိန် အဓိပ္ပါယ်မှာလည်း ဝဇိရဗုဒ္ဓိဋီကာ ဝိမတိဋီကာ သာရတ္ထဋီကာစတဲ့ ဝိနည်းဋီကာကြီးများရဲ့( ကထိနန္တိ ပဉ္စာနိသံသေ အန္တောကရဏသမတ္ထတာယ "ထိရ"န္တိ အတ္ထော/ကထိနသဒ္ဒေါ ထိရတ္ထဝါစကော အနိပ္ဖန္နပါဋိပဒိကော၊ အနာမန္တစာရာဒိကာနံ ပဉ္စာနိသံသာနံ အန္တောကရဏသမတ္ထဘာဝေ "ထိရ" န္တိ အတ္ထော=အာနိသင် ငါးတန်။ ခိုင်မြဲ မှန်။ မှတ်ရန် ကထိန်တည်း/ကထိနံ-အာနိသင် ငါးရပ်-ခိုင်မြဲလတ်သည့်- မြတ်ကထိန်ကို) ဆိုတဲ့ အဓိပ္ပါယ်ကို ဥပေက္ခာပြု ရေငုံ နှုတ်ပိတ်ကာ
နိဿ ဂ္ဂိလာ တတိယကထိနခေါ် အကာလစီဝရသိက္ခာပုဒ်/အစ္စေကစီဝရသိက္ခာပုဒ်စသည်တို့မှာလာတဲ့ (ကာလစီဝရ ဆိုတာ ကထိန်မခင်းလျှင် တလအတွင်း အနာမန္တစတဲ့ အကျိုးရလို့ ကထိန်မခင်းလျှင် သီပြည့်ကျော်၁ ရက်မှ တန်ဆောင်ပြည့်အထိ တလအတွင်း လှူတဲ့သင်္ကန်း)ဆိုတာနှင့် ကထိနသဒ္ဒါဧ။် အစသည် ဝါဆိုဝါကပ်ကို ခွင့်ပြု ခြင်းဖြစ်၍ ကထိနသဒ္ဒါဧ။် အဆုံးသည် ကထိန်ခင်းခြင်းကို ခွင့်ပြုခြင်းဖြစ်သည်။
အလယ်ခေါင် ကထိန်ကို ခွင့်ပြုတယ်လို့ ဘယ်ပါဠိတော်မှာ မှ မတွေ့ရပေ။သို့သော်
ကျောက်ဖြာဧ။် ဒီဘက်တက်ရာနှင့် ဟိုဘက်သက်ဆင်းရာမှာ သားကောင်ခြေရာကိုမြင်သဖြင့် ကျောက်ဖြာပေါ် သားကောင်သွားသည်ကို သိရသလို
ကထိနသဒ္ဒါဧ။် အစနှင့် အဆုံးကို မြင်သဖြင့် အလယ်ကိုသိရတဲ့ မိဂပဒဝဠဉ္ဇနနည်းတို့ အရ ကထိန သဒ္ဒါကို ကတ္ထဓာတ် သိလာဃေ-ချီးမွှမ်းခြင်းအနက်၌ ဣနပစ္စည်းကြံကာ
ကတ္ထီယတေ သိလာဃီယတေ ပသံသီယတေ ဗုဒ္ဓေဟီတိ ကထိနံ =ဘုရားမြတ်စွာတို့ ချီးမွှမ်းအပ် ဆုချအပ်တဲ့ အာနိသင်ငါးပါး ဆုငါးပါးသည် ကထိန်တည်း။ကထိန်ဆိုတာ ဘုရားမြတ်စွာ ချွီးမွှမ်းအပ် ဆုချအပ်တဲ့ အာနိသင်ငါးပါး ဆုငါးပါးဘဲ တဲ့။
ဒီ အဓိပ္ပါယ်ကို မင်းကွန်းမိုးမိတ် တိနိကျောင်းတိုက်ရှိ ဓမ္မရက္ခိတကျောင်းအမကြီးရဲ့ ကထိန်ရေစက်ချပွဲမှာ လူတွေနားလည်အောင် ဥပမာ ဥပမေယျနဲ့ ဒီလို ဟောထားတယ်။
မိဘစကားနားထောင်တဲ့ သားလိမ္မာ သမီးလိမ္မာလေးများကို မိဘလုပ်သူတို့က စကားနားထောင်လို့ အကောင်းစားဘောပင် အကောင်းစားနာရီ စတဲ့ ထိုက်ရာတန်ရာကို ဆုချသလို
မိဘလုပ်သူတို့က သားလိမ္မာ သမီးလိမ္မာလေးများကို ဆုချပြီးတဲ့အခါ ဒီဆုပစ္စည်း ကြာရှည်စွာ သုံးရအောင် ဒီလို သိမ်း။ဒီလိုသုံးစသည် နည်းပေးသလို
အဖဘုရားရှင်ကလည်း မိမိဆုချထားတဲ့အာနိသင်ငါးပါးကို သားလိမ္မာရဟန်း သမီးလိမ္မာရဟန်းမများ ၁လကနေ နောက်ထပ် ၄လတိုးပြီး အကျိုးခံစားရအောင် ဒီလိုလှူ ဒီလိုပေး ဒီလိုသင်္ကန်းနဲ့ ဒီလိုဖြန့်ခင်းလို့ နည်းပေးတော်မူပါတယ်ဟု၎င်း
ကထိန်နှင့် ကထိန်ခင်းခြင်းကို ကွဲပြားအောင် ခွဲခြား ဟောကြားတော်မူခဲ့ပေသည်။
ဤသည်တို့ကို ထောက်ဆက အနာမန္တစတဲ့ အာနိသင်ငါးပါး အကျိုးများကို ကထိန်ခင်းမှ ရရှိသည်မဟုတ်။ကထိန်မခင်းခင်ကပင် ပုရိမဝါ မကျိုးပြတ်သူများမှာ သီလပြည့်ကျော်၁ရက်မှ တန်ဆောင်လပြည့်အတွင်း တလလုံးလုံး အကျိုးရပေသည်။ကထိန်ခင်လျှင်ကား တပေါင်းပြည့်ထိ ၄လတိုး၍ အကျိုးရပေမည်။
သို့မှသာ တတိယကထိနသိက္ခာပုဒ် အစ္စေကစီဝရသိက္ခာပုဒ်စသည်တို့မှာလာသည့် ကာလစီဝရံနာမ အနတ္ထတေ ကထိနေစသည်နှင့် လျော်ညီပေမည်။
ဒါ့ကြောင့်
(မြတ်စွာဘုရား ။ချီးမွှမ်းငြားသည့်။ ငါးပါးအာနိသင်-ကထိန်ပင်တည်း။
ကထိန်ငါးပါး။ကျယ်ပြန့်သွားအောင်။ဖြန့်ငြားခင်းလျှင်း။ကထိန်ခင်းတည်း။)လို့
တိပိဘခင်အလို ကထိန်နဲ့ ကထိန်ခင်းခြင်းအဓိပ္ပါယ်ကို မှတ်သားနိုင်ကြပါစေသတည်း။ ။
No comments:
Post a Comment