Sunday, October 29, 2017
50000 ကျပ်ဖြင့် Mobile Firmware Data အစုံ 2000 GB ကို Promotion ကာလအတွင်း ရယူလိုက်ပါ.
50000 ကျပ်ဖြင့် Mobile Firmware Data အစုံ
2000 GB ကို Promotion ကာလအတွင်း ရယူလိုက်ပါ..
မြန်မာစာတန်းထိုးဇတ်ကား ၁၀၀ ကျော်တွေကို သတ်မှတ်ရက်
အတွင်းသာ လက်ဆောင် ပေးတာမို့ အမြန်ဆုံး ၀ယ်ယူလိုက်ပါ
မိုဘိုင်းဖုန်း ပြုပြင်ခြင်းနည်းပညာဖြင့် အသက်မွေး ၀မ်းကြောင်း
ပြုနေကြတဲ့ ညီအကိုတွေအတွက် Mobile Firmware အစုံ
2TB (2000 GB) ကို 50000 ks ဖြင့် ၀ယ်ယူနိုင်ပါပြီ။
*နယ်မှဝယ်ယူအားပေးတဲ့သူတွေအတွက် အိမ်အရောက်ပို့စနစ်
*စိတ်ချရသော Data သီးသန့်သာ စုထားပေးခြင်း စနစ်
*Harddisk ၀ယ်ယူအားပေးတဲ့သူတွေကိုလည်း 2 နှစ်အာမခံ
  ပေးခြင်းစနစ်။
*နယ်ကသူတွေအတွက် ဒီနေ့ ငွေလွဲ မနက်ဖြန် သဘက်ခါ
  အိမ်အရောက်ပိုခြင်းစနစ် (Not Sat, Sun)
*မြန်မာစာတန်းထိုး HD ဇတ်ကား 100 Present ပေးခြင်း။
ညီအကိုတို့အတွက် တကယ်ကို အသုံးများတဲ့ Firmware တွေ
စုစည်းထားတဲ့အပြင် Online မှာ ရောင်းချနေတဲ့
Firmware တွေကိုလည်း ၀ယ်ပြီး စုထားပေးပါတယ်။
Firmware တွေ တင်တဲ့အခါ  လိုအပ်တဲ့ Tool တွေ
Driver တွေကအစ တစ်ခါတည်း ထည့်ထားပြီးသားမို့
ဘာမှ ကို ထပ်ပြီး မလိုတော့ပါဘူး အခု ကျနော်ပေးတဲ့
Firmware 2000 GB နဲ့တင် Software ပိုင်းကို စိတ်ချရပါပြီ။
ဘာတွေ ပါမလဲ ??
Samsung,Huawei,Oppo,Vivo,Xiaomi,Coolpad
SYH,Sony,Coolpad,Attila,Bosstyle,Circle Tech,
G-Five,Gionee,Hello,Imobile,Kimfly,Kenbo,
KKP,MoMo Tablet,My Phone,Open,Titan,True,
X-Bo, ZTE တွေ အပြင်
တခြားသော ရှားပါနှင့် Clone ဖုန်းတွေအတွက် firmware
များစွာလည်းပါပါတယ်။အကုန်လုံးကို Zip ချုပ်ပြီး Virus
စစ်ထားပြီးသားမို့စိတ်ချလက်ချ ၀ယ်ယူသုံးစွဲနိုင်ပါတယ်ခင်ဗျာ..
(ပါဝါတဲ့ Model အသေးစိတ်ကို Video မှာ တစ်ခုချင်း
လေ့လာနိုင်ပါတယ်)
** 2TB Harddisk ဖြင့် လာရောက်ကူးယူသူများကို
2000 GB ထည့်ပေးမှာဖြစ်ပြီး 4TB Harddisk ဖြင့်
ယ်ယူပါက 2500 GB ထည့်သွင်းပေးသွားမှာပါ **
ကဲဟုတ်ပြီ။ Firmware ၀ယ်ယူလိုသူများအနေနဲ့
ကိုယ့်မှာ ရှိတဲ့ Harddisk ပေးပို့ပြီး ကူးယူမှာလား ??
ဒါမှမဟုတ် ကျနော်ဆီကနေ Hardisk ပါတစ်ခါတည်း
ဝယ်ပြီး ကူးယူသွားမှာလား??
ဒီအတွက် ကျနော်ဖြေပေးပါ့မယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုယ့်ဆီက Harddisk ပေးပို့ပြီး ကူးယူမယ်ဆိုရင် -
အိမ်ထဲကနေ အိမ်ပြင်ထွက်စရာမလိုပါဘူး။ ကျနော်တို့
Delivered Service တွေက Harddisk တွေကို အိမ်ထိ
လာယူပေးမှာပါ။ ကျနော်ဆီကိုလည်း အိမ်အထိ လာပေးတာမို့
စိတ်ချလက်ချ လွဲခဲ့နိုင်ပါတယ်။ Harddisk ပေးပို့ပြီးကူးယူသူများ
အနေနဲ့ ပုံမှန် ကြာချိန် ၃ ရက်လောက်သာကြာမြင့်မှာပါ။
(အပေးတစ်ရက် ကူးတစ်ရက် အပို့တစ်ရက်ပါ)(Sat,Sunမှ လွဲပြီး)
ဒီတော့ မိမိ ဆီကနေ Hardidsk ပေးပို့ပြီး ၀ယ်ယူမယ်
ဆိုရင်တော့ 09257711112 ကို ဖုန်းဖြင့် ဆက်သွယ်ပြီး
လွဲရမယ့် ပုံစံကို အသေးစိတ် ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျနော့်ဆီက Harddisk ပါဝယ်ယူလိုတဲ့ သူတွေအတွက် -
ကျနော့်ဆီက Hardidsk ၀ယ်ယူပြီးတစ်ခါတည်းလိုချင်တဲ့
သူတွေအတွက်ကတော့ Hardisk ဖိုးကော Data ဖိုးကော
ငွေအရင်လွဲပြီးမှသာ Hardisk ကို ပို့ပေးပါတယ်။
Harddisk 2TB နဲ့ Data အပြီးအစီးကို 150000 ကျပ်သာ
ကျသင့်မှာပါ။ Harddisk တံဆိပ်ဘကတော့ အာမခံ ၂ နှစ်ပါတဲ့
Westem Union (WD) တံဆိပ်ပါ၊ အိမ်အရောက် (သို့)
မိမိ နေထိုင်သော နယ် အရောက် ပို့ပေးသွားမှာဖြစ်ပါတယ်။
ကဲဒီလောက်ဆို နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကဲဝယ်ယူလိုသူများ ကတော့ အောက်ဖော်ပြပါ
Facebook Account Message Box မှ တဆင့်
ဆက်သွယ်ပေးပို့ နိုင်ပါတယ်။
https://www.facebook.com/mr.okekar
ငွေလွဲရမယ့် Bank Account တွေကတော့ -
KBZ ATM Card Account
Min Oke Kar Kyaw
99930799930167401
.
CB ATM Card Account
Min Oke Kar Kyaw
0110600100006629
.
AYA ATM Card Account
Min Oke Kar Kyaw
0075 1190 1000 3968
.
ဘဏ်ကို သွားလို့ အဆင်မပြေတဲ့ သူတွေအတွက်ကတော့-
OK Dollar $
Account – 09786490196
Wave maney account -
09786490196 (အကောင့်ထဲ တိုက်ရိုက်ငွေသွင်းပေးရန်)
(Wave ကတော့ စတိုးဆိုင်တိုင်းနီးပါး ငွေလွဲလို့ရပါတယ်
လွဲမတတ်ဘူးဆိုရင် ဖုန်းဆက်မေးလို့ရပါတယ် )
PN IT Centre အမှတ်(၂၁၇)၊ ပန်းဆိုးတန်း မှတ်တိုင်အနီး၊
၃၈လမ်း(အထက်)၊ ဗိုလ်ချုပ်လမ်းနဲ့ အနော်ရထာ လမ်းကြား
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။Ph >> 09257711112
#Min_Oaker
#Online_Training
#Software_Online_Training
#Mobile_Software_Basic_Online_Training
#Mobile_Software_Advance_Online_Training
Thursday, October 26, 2017
အသိညာဏ် ထက်မြက်စူးရှလှသော တိပိဘခင်ကြီးရဲ့ ကထိန်အဓိပ္ပါယ် အယူအဆ
အသိညာဏ် ထက်မြက်စူးရှလှသော တိပိဘခင်ကြီးရဲ့ ကထိန်အဓိပ္ပါယ် အယူအဆ
တချိန်က မစိုးရိမ်တိုက်ဟောင်း မာဂဓဆရာတော် ပျံလွန်လို့ စွမ်းနိုင်ရာရာဖြင့် နောက်ဆုံးပူဇော်ရန် ကြွလာတဲ့ တိပိဘခင်ကြီးကို ဆရာတော်တပါးက (ဆရာတော်...တိပိဋက ပြန်ပြီးတာလည်း နှစ်အတော်ကြာပြီ ခုဆို စိန်ရတုတောင် လွန်ခဲ့ပြီ ၊ ဒီတော့ စာတွေ မေ့ကုန်ရောပေါ့ )လို့ မေးလျှောက်တော့ တိပိဘခင်ကြီးက(တပည့်တော် ညစဉ်ညတိုင်း ပိဋကတ်၃ပုံနဲ့ ဘုရား ရှင့်ကိုး နေပါတယ်ဘုရား ၊ ဒါ့ကြောင့် ပိဋကတ် ၃ပုံမှာ အရှင်ဘုရား ကြိုက်ရာ မေးနိုင်ပါတယ်ဘုရား ) လို့ မိန့်မှ အဲဒီဆရာတော် နောက်ဆုတ်သွားသတဲ့။
ပြောလိုရင်းက..တိပိဘခင်ကြီးဟာ ညစဉ် ပိဋကတ် ၃ပုံနဲ့ ဘုရားရှင့်ကိုးနေတယ် ဆိုတာကို သူကိုယ်တိုင် မိန့်သွားတာကို ပြောလိုရင်းပါ။
ပြီးတော့ ပိဋကတ် ၃ပုံမှာ ကောင်းနိုးရာရာကို အစဉ်အတိုင်း တရားဟောရာ ၃ခေါက်ပေါက်ပါသတဲ့။
ဒီလို ပိဋကတ်၃ပုံကို ထုံးလိုမွှေ ရေလိုနှောက်နိုင်တဲ့ တိပိဘခင်ကြီးဟာ  ပိဋကတ် ၃ပုံ ပါဠိတော်နှင့် အဌကထာကိုသာ အလေ့အကျက် အမှတ်အသား များပြီး ဋီကာကိုတော့ တခါတရံမှ အပျဉ်းပြေသဘောမျိုး ကြည့်ပါသတဲ့။
ဒါ့ကြောင့် ဒီ ကထိန် အဓိပ္ပါယ်မှာလည်း ဝဇိရဗုဒ္ဓိဋီကာ ဝိမတိဋီကာ သာရတ္ထဋီကာစတဲ့ ဝိနည်းဋီကာကြီးများရဲ့( ကထိနန္တိ ပဉ္စာနိသံသေ အန္တောကရဏသမတ္ထတာယ "ထိရ"န္တိ အတ္ထော/ကထိနသဒ္ဒေါ ထိရတ္ထဝါစကော အနိပ္ဖန္နပါဋိပဒိကော၊ အနာမန္တစာရာဒိကာနံ ပဉ္စာနိသံသာနံ အန္တောကရဏသမတ္ထဘာဝေ "ထိရ" န္တိ အတ္ထော=အာနိသင် ငါးတန်။ ခိုင်မြဲ မှန်။ မှတ်ရန် ကထိန်တည်း/ကထိနံ-အာနိသင် ငါးရပ်-ခိုင်မြဲလတ်သည့်- မြတ်ကထိန်ကို) ဆိုတဲ့ အဓိပ္ပါယ်ကို ဥပေက္ခာပြု ရေငုံ နှုတ်ပိတ်ကာ
နိဿ     ဂ္ဂိလာ တတိယကထိနခေါ် အကာလစီဝရသိက္ခာပုဒ်/အစ္စေကစီဝရသိက္ခာပုဒ်စသည်တို့မှာလာတဲ့ (ကာလစီဝရ ဆိုတာ ကထိန်မခင်းလျှင် တလအတွင်း အနာမန္တစတဲ့ အကျိုးရလို့ ကထိန်မခင်းလျှင် သီပြည့်ကျော်၁ ရက်မှ တန်ဆောင်ပြည့်အထိ တလအတွင်း လှူတဲ့သင်္ကန်း)ဆိုတာနှင့် ကထိနသဒ္ဒါဧ။် အစသည် ဝါဆိုဝါကပ်ကို ခွင့်ပြု ခြင်းဖြစ်၍ ကထိနသဒ္ဒါဧ။် အဆုံးသည် ကထိန်ခင်းခြင်းကို ခွင့်ပြုခြင်းဖြစ်သည်။
အလယ်ခေါင် ကထိန်ကို ခွင့်ပြုတယ်လို့ ဘယ်ပါဠိတော်မှာ မှ မတွေ့ရပေ။သို့သော်
ကျောက်ဖြာဧ။် ဒီဘက်တက်ရာနှင့် ဟိုဘက်သက်ဆင်းရာမှာ သားကောင်ခြေရာကိုမြင်သဖြင့် ကျောက်ဖြာပေါ် သားကောင်သွားသည်ကို သိရသလို
ကထိနသဒ္ဒါဧ။် အစနှင့် အဆုံးကို မြင်သဖြင့် အလယ်ကိုသိရတဲ့ မိဂပဒဝဠဉ္ဇနနည်းတို့ အရ ကထိန သဒ္ဒါကို ကတ္ထဓာတ် သိလာဃေ-ချီးမွှမ်းခြင်းအနက်၌ ဣနပစ္စည်းကြံကာ
ကတ္ထီယတေ သိလာဃီယတေ ပသံသီယတေ ဗုဒ္ဓေဟီတိ ကထိနံ =ဘုရားမြတ်စွာတို့ ချီးမွှမ်းအပ် ဆုချအပ်တဲ့ အာနိသင်ငါးပါး ဆုငါးပါးသည် ကထိန်တည်း။ကထိန်ဆိုတာ ဘုရားမြတ်စွာ ချွီးမွှမ်းအပ် ဆုချအပ်တဲ့ အာနိသင်ငါးပါး ဆုငါးပါးဘဲ တဲ့။
ဒီ အဓိပ္ပါယ်ကို မင်းကွန်းမိုးမိတ် တိနိကျောင်းတိုက်ရှိ ဓမ္မရက္ခိတကျောင်းအမကြီးရဲ့ ကထိန်ရေစက်ချပွဲမှာ လူတွေနားလည်အောင် ဥပမာ ဥပမေယျနဲ့ ဒီလို ဟောထားတယ်။
မိဘစကားနားထောင်တဲ့ သားလိမ္မာ သမီးလိမ္မာလေးများကို မိဘလုပ်သူတို့က စကားနားထောင်လို့ အကောင်းစားဘောပင် အကောင်းစားနာရီ စတဲ့ ထိုက်ရာတန်ရာကို ဆုချသလို
မိဘလုပ်သူတို့က သားလိမ္မာ သမီးလိမ္မာလေးများကို ဆုချပြီးတဲ့အခါ ဒီဆုပစ္စည်း ကြာရှည်စွာ သုံးရအောင် ဒီလို သိမ်း။ဒီလိုသုံးစသည် နည်းပေးသလို
အဖဘုရားရှင်ကလည်း မိမိဆုချထားတဲ့အာနိသင်ငါးပါးကို သားလိမ္မာရဟန်း သမီးလိမ္မာရဟန်းမများ ၁လကနေ နောက်ထပ် ၄လတိုးပြီး အကျိုးခံစားရအောင် ဒီလိုလှူ ဒီလိုပေး ဒီလိုသင်္ကန်းနဲ့ ဒီလိုဖြန့်ခင်းလို့ နည်းပေးတော်မူပါတယ်ဟု၎င်း
ကထိန်နှင့် ကထိန်ခင်းခြင်းကို ကွဲပြားအောင် ခွဲခြား ဟောကြားတော်မူခဲ့ပေသည်။
      ဤသည်တို့ကို ထောက်ဆက အနာမန္တစတဲ့ အာနိသင်ငါးပါး အကျိုးများကို ကထိန်ခင်းမှ ရရှိသည်မဟုတ်။ကထိန်မခင်းခင်ကပင် ပုရိမဝါ မကျိုးပြတ်သူများမှာ သီလပြည့်ကျော်၁ရက်မှ တန်ဆောင်လပြည့်အတွင်း တလလုံးလုံး အကျိုးရပေသည်။ကထိန်ခင်လျှင်ကား တပေါင်းပြည့်ထိ ၄လတိုး၍ အကျိုးရပေမည်။
သို့မှသာ တတိယကထိနသိက္ခာပုဒ် အစ္စေကစီဝရသိက္ခာပုဒ်စသည်တို့မှာလာသည့် ကာလစီဝရံနာမ အနတ္ထတေ ကထိနေစသည်နှင့် လျော်ညီပေမည်။
ဒါ့ကြောင့်
(မြတ်စွာဘုရား ။ချီးမွှမ်းငြားသည့်။ ငါးပါးအာနိသင်-ကထိန်ပင်တည်း။
ကထိန်ငါးပါး။ကျယ်ပြန့်သွားအောင်။ဖြန့်ငြားခင်းလျှင်း။ကထိန်ခင်းတည်း။)လို့
တိပိဘခင်အလို ကထိန်နဲ့ ကထိန်ခင်းခြင်းအဓိပ္ပါယ်ကို မှတ်သားနိုင်ကြပါစေသတည်း။  ။
ပါဠိစကား​ပြော ( Pãli Speaking)
ပါဠိစကား​ပြော ( Pãli Speaking)
E.   I feel very sad.
မြန်​။     ငါ အရမ်းဝမ်းနည်းတယ်။
ပါ။ အဟံ အတိဝိယ ဒုမ္မ​နောမှိ။
E.   I know how you feel.
မြန်​။   မင်း ဘယ်လိုခံစားနေရလဲဆိုတာ ငါသိပါတယ်။
ပါ။ အဟံ ဇာနာမိ ` ကထံ တွံ အနုဘဝသီ´တိ။
E.   I'm really worried.
မြန်​။    ငါ တကယ့်ကို ပူပင်သောကဖြစ်နေတာပါ။
ပါ။ အဟံ ဟ​ဝေ ​သော​ကော ​ဟောမိ။
E.   I understand your feelings.
မြန်​။    မင်းရဲ့ခံစားချက်တွေကို ငါနားလည်ပါတယ်ကွာ။
ပါ။ အဟံ တဝ ​ဝေဒနာ​ယော ဇာနာမိ။
E.   I have a lot of stress.
မြန်​။  ငါ့မှာ စိတ်ဖိစီးမှုတွေ များတယ်။
ပါ။ အဟံ အ​နေကဗျာကုလစိ​တ္တော ​ဟောမိ။
E.   I feel for you.
မြန်​။  ငါ မင်းကို ကိုယ်ချင်းစာပါတယ်။
ပါ။ အဟံ တယာ သမံ အနုဘဝါမိ။
E.   You're so kind.
မြန်​။  မင်းက သိပ်ကြင်နာတတ်တာပဲ။
ပါ။ တွံ အတိဝိယ ဒယာလု​ကောသိ။
E.    I'm feeling great.
မြန်​။  ငါ စိတ်ချမ်းသာတယ်ကွာ။
ပါ။ အဟံ အတိဝိယ သုမ​နောမှိ။
E.   I feel really happy.
မြန်​။ ငါ တကယ်ပျော်တယ်။
ပါ။ အဟံ ဧက​န္တေန ရ​တောမှိ။
E.  You're a good friend.
မြန်​။ မင်းက သူငယ်ချင်းကောင်းတစ်ယောက်ပါပဲ။
ပါ။ တွံ မယှံ ကလျာဏမိ​တ္တော ​ဟောသိ။
အင်္ဂလိပ် = ​ဆရာဦးသိုက်ထွန်း
ပါဠိ = တက္ကသိုလ်​ ရဟန်းပျို
Wednesday, October 25, 2017
မေတ္တာပို့ ( ပါဠိ -မြန်မာ )
#မေတ္တာပို့ ( ပါဠိ -မြန်မာ )
++++++++++++++%
(#မိမိကိုယ်)
၁။ အဟံ အဝေရော ဟောမိ- (အကျွန်ုပ်သည် ဘေးရန်ကင်းကွာ
ချမ်းသာရပါလို၏)
အဗျာပဇ္ဇော ဟောမိ- (စိတ်ဆင်းရဲခြင်း ကင်းရပါလို၏)
အနီဃော ဟောမိ- (ကိုယ်ဆင်းရဲခြင်း ကင်းရပါလို၏)
သုခီ အတ္တာနံ ပရိဟရာမိ- (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ
ချမ်းသာစွာ မွေးမြူနိုင်ရပါလို၏)
(#မိဘ_ဆရာသမား_ဆွေမျိုးများ)
၂။ မမ မာတာပိတု, (အကျွန်ုပ်၏ မိဘနှစ်ပါး)
အာစရိယာ စ, (ဆရာသမား အားလုံး)
ဉာတိမိတ္တာ စ, (ဉာတကာ မိတ်ဆွေ အားလုံး)
သဗြဟ္မစာရိယော စ, (တရားကျင့်ဖော်များ အားလုံး)
အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ)
အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)
အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)
သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။
(#ယောဂီသူတော်စင်များ)
၃။ ဣမသ္မိံ အာရာမေ သဗ္ဗေ ယောဂိနော-(ဤအရံအတွင်းမှာ မှီတင်းနေထိုင်ကြကုန်သော
ယောဂီသူတော်စင် အားလုံး)
အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ)
အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)
အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)
သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။
(#ရဟန်းသာမဏေသူတော်စင်အမျိုးသားအမျိုးသမီးအားလုံး)
၎။ ဣမသ္မိံ အာရာမေ သဗ္ဗေ ဘိက္ခူ, (ဤအရံအတွင်းမှာ မှီတင်းနေထိုင်ကြကုန်သော ရဟန်း)
သာမဏေရာ စ, (သာမဏေ အားလုံး)
ဥပါသကာ- (သူတော်စင် အမျိုးသား)
ဥပါသိကာယော စ, (သူတော်စင် အမျိုးသမီး အားလုံး)
အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ)
အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)
အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)
သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။
(#ပစ္စည်းလေးဖြာအလှူ့ဒါယကာ_ဒါယိကာမများ)
၅။ အမှာကံ စတုပစ္စယ ဒါယကာ- (အကျွန်ုပ်၏ ပစ္စည်းလေးပါး, အလှူ့ဒါယကာ, အလှူ့ဒါယိကာမ အားလုံး)
အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ)
အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)
အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)
သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။
(#ကိုယ်စောင့်နတ်_ကျောင်း_အိမ်_အရံစောင့်နတ်များ)
၆။ အမှာကံ အာရက္ခ ဒေဝတာ- (အကျွန်ုပ်၏ ကိုယ်စောင့်နတ်အပေါင်း)
ဣမသ္မိံ ဝိဟာရေ, (ဤကျောင်းတိုက်အတွင်း၌၄င်း)
ဣမသ္မိံ အာဝါသေ, (ဤအိမ်အတွင်း၌၄င်း)
ဣမသ္မိံ အာရာမေ, (ဤအရံအတွင်း၌၄င်း)
အာရက္ခ ဒေဝတာ- (စောင့်ရှောက်ကြကုန်သော ဒေဝတာနတ်အပေါင်း)
အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ)
အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)
အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)
သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။
(#အနောဓိသပုဂ္ဂိုလ် ၅-ဦး၊ #သြဓိသပုဂ္ဂိုလ် ၇-ဦး))
၇။ သဗ္ဗေ သတ္တာ, (သက်ရှိ ကျား-မ မဟူ သတ္တဝါအပေါင်း)
သဗ္ဗေ ပါဏာ, (ဝင်သက် ထွက်သက် ရှိကြကုန်သော သတ္တဝါအပေါင်း)
သဗ္ဗေ ဘူတာ, (အလုံးသော သတ္တဝါအပေါင်း)
သဗ္ဗေ ပုဂ္ဂလာ, (ပုဂ္ဂိုလ်အပေါင်း)
သဗ္ဗေ အတ္တဘာဝပရိယာပန္နာ, (ရုပ်နာမ်နှစ်ပါးရှိကြကုန်သော သတ္တဝါအပေါင်း)
သဗ္ဗာ ဣတ္ထိယော, (အမျိုးသမီးအပေါင်း)
သဗ္ဗေ ပုရိသာ, (အမျိုးသားအပေါင်း)
သဗ္ဗေ အရိယာ, (အရိယာသူတော်စင်အပေါင်း)
သဗ္ဗေ အနရိယာ, (အရိယာမဖြစ်သေးကုန်သော ပုဂ္ဂိုလ်အပေါင်း)
သဗ္ဗေ ဒေဝါ, (နတ်ဗြဟ္မာအပေါင်း)
သဗ္ဗေ မနုဿာ, (လူသားအပေါင်း)
သဗ္ဗေ ဝိနိပါတိကာ, (အပါယ်ဘုံသားအပေါင်း)
အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ)
အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)
အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)
သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။
ဒုက္ခာ မုစ္စန္တု, (ကိုယ်စိတ်ဆင်းရဲခြင်းမှ ကင်းလွတ်ကြပါစေ)
ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု, (ရပြီးသော ဂုဏ်သိရ် စည်းစိမ်ဥစ္စာများလည်း
မယုတ်လျော့ကြပါစေသတည်း)
ကမ္မဿကာ။ (ကိုယ်ပြုသောအမှုအတိုင်း ခံစား စံစားရသူချည်းပါတကား)။
(#အရပ်ဆယ်မျက်နှာ)
၈။ ပုရတ္ထိမာယ ဒိသာယ, (အရှေ့အရပ်၌ ရှိကြကုန်သော)
ပစ္ဆိမာယ ဒိသာယ, (အနောက်အရပ်၌ ရှိကြကုန်သော)
ဥတ္တရာယ ဒိသာယ, (မြောက်အရပ်၌ ရှိကြကုန်သော)
ဒက္ခိဏာယ ဒိသာယ, (တောင်အရပ်၌ ရှိကြကုန်သော)
ပုရတ္ထိမာယ အနုဒိသာယ, (အရှေ့တောင်ထောင့်အရပ်၌ ရှိကြကုန်သော)
ပစ္ဆိမာယ အနုဒိသာယ, (အနောက်မြောက်ထောင့်အရပ်၌ ရှိကြကုန်သော)
ဥတ္တရာယ အနုဒိသာယ, (အရှေ့မြောက်ထောင့်အရပ်၌ ရှိကြကုန်သော)
ဒက္ခိဏာယ အနုဒိသာယ, (အနောက်တောင်ထောင့်အရပ်၌ ရှိကြကုန်သော)
ဟေဋ္ဌိမာယ ဒိသာယ, (အောက်အရပ်၌ ရှိကြကုန်သော)
ဥပရိမာယ ဒိသာယ-, (အထက်အရပ်၌ ရှိကြကုန်သော)
သဗ္ဗေ သတ္တာ, (သက်ရှိ ကျား-မ မဟူ သတ္တဝါအပေါင်း)
သဗ္ဗေ ပါဏာ, (ဝင်သက် ထွက်သက် ရှိကြကုန်သော သတ္တဝါအပေါင်း)
သဗ္ဗေ ဘူတာ, (အလုံးသော သတ္တဝါအပေါင်း)
သဗ္ဗေ ပုဂ္ဂလာ, (ပုဂ္ဂိုလ်အပေါင်း)
သဗ္ဗေ အတ္တဘာဝပရိယာပန္နာ, (ရုပ်နာမ်နှစ်ပါးရှိကြကုန်သော သတ္တဝါအပေါင်း)
သဗ္ဗာ ဣတ္ထိယော, (အမျိုးသမီးအပေါင်း)
သဗ္ဗေ ပုရိသာ, (အမျိုးသားအပေါင်း)
သဗ္ဗေ အရိယာ, (အရိယာသူတော်စင်အပေါင်း)
သဗ္ဗေ အနရိယာ, (အရိယာမဖြစ်သေးကုန်သော ပုဂ္ဂိုလ်အပေါင်း)
သဗ္ဗေ ဒေဝါ, (နတ်ဗြဟ္မာအပေါင်း)
သဗ္ဗေ မနုဿာ, (လူသားအပေါင်း)
သဗ္ဗေ ဝိနိပါတိကာ, (အပါယ်ဘုံသားအပေါင်း)
အဝေရာ ဟောန္တု- (ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ)
အဗျာပဇ္ဇာ ဟောန္တု- (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)
အနီဃာ ဟောန္တု- (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)
သုခီ အတ္တာနံ ပရိဟရန္တု။ (ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင်ကြပါစေ)။
ဒုက္ခာ မုစ္စန္တု, (ကိုယ်ဆင်းရဲခြင်းမှ ကင်းလွတ်ကြပါစေ)
ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု, (ရပြီးသော ဂုဏ်သိရ် စည်းစိမ်ဥစ္စာများလည်း
မယုတ်လျော့ကြပါစေသတည်း)
ကမ္မဿကာ။ (ကိုယ်ပြုသောအမှုအတိုင်း ခံစား စံစားရသူချည်းပါတကား)။
(#ကုန်းနေ_ရေနေ_ကောင်းကင်ပျံသတ္တဝါများ)
၉။ ဥဒ္ဓံယာဝ ဘဝဂ္ဂါ စ၊ (အထက်ဘဝဂ်)
အဓောယာဝ အဝီစိတော။ (အောက်အဝီစိ)
သမန္တာ စက္ကဝါဠေသု၊ (ရှိရှိသမျှ အနန္တစကြာဝဠာ)
ယေ သတ္တာ ပထဝီစရာ။ (ကုန်းနေ သတ္တဝါအားလုံး)
အဗျာပဇ္ဇာ နိဝေရာ စ၊ (ဥပါဒ်ရန်ဘေး ကင်းစင်ဝေး)
နိဒ္ဒုက္ခာ စ နုပဒ္ဒဝါ။ ( ငြိမ်းအေးကြပါစေ)
၁၀။ ဥဒ္ဓံယာဝ ဘဝဂ္ဂါ စ၊ (အထက်ဘဝဂ်)
အဓောယာဝ အဝီစိတော။ (အောက်အဝီစိ)
သမန္တာ စက္ကဝါဠေသု၊ (ရှိရှိသမျှ အနန္တစကြာဝဠာ)
ယေ သတ္တာ ဥဒကေစရာ။ (ရေနေ သတ္တဝါအားလုံး)
အဗျာပဇ္ဇာ နိဝေရာ စ၊ (ဥပါဒ်ရန်ဘေး ကင်းစင်ဝေး)
နိဒ္ဒုက္ခာ စ နုပဒ္ဒဝါ။ ( ငြိမ်းအေးကြပါစေ)
၁၁။ ဥဒ္ဓံယာဝ ဘဝဂ္ဂါ စ၊ (အထက်ဘဝဂ်)
အဓောယာဝ အဝီစိတော။ (အောက်အဝီစိ)
သမန္တာ စက္ကဝါဠေသု၊ (ရှိရှိသမျှ အနန္တစကြာဝဠာ)
ယေ သတ္တာ အာကာသေစရာ။(ကောင်းကင်နေ သတ္တဝါအားလုံး)
အဗျာပဇ္ဇာ နိဝေရာ စ၊ (ဥပါဒ်ရန်ဘေး ကင်းစင်ဝေး)
နိဒ္ဒုက္ခာ စ နုပဒ္ဒဝါ။ ( ငြိမ်းအေးကြပါစေ)
မေတ္တာဖြင့်…
( 25 Oct 2017)
ကျောက်ကပ်ကျောက်တည်သူများ
ကျောက်ကပ်ကျောက်တည်သူများ
ဆီးလမ်းကြောင်းကျောက်တည်သူများအတွက်
မြန်မာ့ဆေးနည်းတစ်ခု*
ဓါတ်ပုံမှာပါတဲ့ဆေးပင်ကလေးဟာ လမ်းဘေး
သို့မဟုတ် ကွင်းပြင်တွေမှာပေါက်ရောက်တတ်ပါတယ်။
အဲဒီအပင်လေးကိုဟင်းနုနွယ်ဆူးပေါက်လို့ဆေးပညာ
စသင်ပေးခဲ့တဲ့အဖိုးကပြောပြပါတယ်။
သည်အပင်လေးဟာ ဟင်းနုနွယ်မျိုးနွယ်ပါပဲ ဒါပေမဲ့
သူရဲ့ထူးခြားချက်ကဆူးကလေးတွေပါနေတာပါ။
ကျနော့ကိုဆေးပညာသင်ပေးခဲ့တဲ့ကျနော့အမေရဲ့
အဖေကျနော့အဖိုးဟာ ဆီးပူဆီးအောင့်ဆီးသွေးပါ ဆီးကျောက်တည်တဲ့လူနာတွေတွေ့တိုင်း သည်ဟင်းနုနွယ်ဆူးပေါက်ပင်တစ်ပင်လုံးကို  ရေနဲ့သန့်စင်အောင်ဆေးပြီးဓါးနဲ့နုတ်နုတ်စင်းကာ
ရေကိုရေဖလားတစ်ခွက်ခန့်ထည့်ပြီးအိုးတစ်လုံးနဲ့ကျို
ပါတယ်။ဆေးပြုတ်ရည်အဖြစ်ဖန်တီးလိုက်တာပါ။
ပြုတ်ရည်ရပြီဆိုရင်အအေးခံပြီး ပြုတ်ရည်မှာသကြား
ခပ်ကာ လူနာကိုသောက်နိုင်သလောက်နည်းနည်း
ချင်းစတိုက်ပါတယ်။နေ့တိုင်းလည်း ဟင်းနုနွယ်ဆူးပေါက်အပင်သစ်နဲ့ကြိုသောက်ခိုင်းပါ
တယ်။
ထိုအခါလူနာမှာကျောက်ကြောင့်အောင့်ခြင်း ကိုက်
ခြင်းနာခြင်းများသက်သာ၍ကျောက်များထွက်ကျလာ
ပါတော့သည်။
ကျောက်သေးရင်တော့ အမှုန့်ဖြစ်ကာပျော်ကျစေပါ
တယ်။
ဆီးအိမ်ကျောက်ကပ်ဘယ်နေရာမှာပဲကျောက်ရှိရှိ
သည်ဆေးပင်လေးကပျောက်ကင်းအောင်အစွမ်း
ထက်ကုသနိုင်ပါကြောင်း အဖိုးပေးခဲ့သောဆေးနည်း
အားစေတနာဖြင့်လက်ဆင့်ကမ်းပါသည်။
credit>>>Nay MinLay(မြန်မာ့ဆေးပညာ  ၁/ရန်ကုန်)
နေလ တိုင်းရင်းဆေးခန်း ပုသိမ်မြို့။
မြန်မာ့သတင်းထူးသတင်းဦးများ
အသဲရောင် အသားဝါBပိုး Cပိုး ရောဂါ ဖြစ်နေသူများအတွက် ဝမ်းသာစရာ
အသဲရောင် အသားဝါBပိုး Cပိုး ရောဂါ ဖြစ်နေသူများအတွက် ဝမ်းသာစရာ လက်တွေ့ပျောက်ခဲ့သော ဆေးနည်း လေး
By Lwin Pyin - October 16, 20178562 0
Zawgyi ဖြင့်ဖတ်ရန်
မြန်မာ့နည်း မြန်မာ့ဟန်ဖြင့်အသုံးပြုနိုင်သော ဆေးနည်း လေးဖြစ်ပါသည်။ အသဲရောင် အသားဝါ နှင့်BပိုးCပိုး ရောဂါ ရှိခံစားနေရသူများ ရေဖြင်း ရောဂါ ရရှိခံစားနေရသူများကို။ယူပြစ်သလို ပြောက်ကင်းသွားစေနိုင်သောကြောင့်စေတနာရှေ့ထားပြီးတင်ပြလိုက်ပါတယ်။
တခါကBပိုး Cပိုးရှိတယ်ဆိုပြီး သင်တန်း တက်ခွင့်မရခဲ့သော သင်တန်း သား တယောက်ကိုသင်တန်းမှတက်ခွင့်ရပ်ဆိုင်း ခံ ခဲ့ရပါတယ်။ထိုသူငယ်ဟာအလွန်တရာ စိတ်ဓါတ် တွေကျဆင်းပြီးဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာ မိတ်ဆွေ တဦးက ပေဖူး ကိုသုံးခွက်တခွက်တင် ကြိုသောက်လျှင်ပြောက်ကြောင်းပြောပြသဖြင့် ပေဖူးကို ၁၅ရက်မျှကြိုသောက်ခဲ့ရပြီးပြန်လည်ဆေးစစ်ကြည့်တော့လုံးဝကောင်းမွန်ခဲ့ဘူးပါသည်။
မင်းဘူးမြို့နယ်ကရွာတရွာမှာ ရေဖြင်း ဟု ခေါ်သော ရောဂါဖြစ်နေသူ တဦးဟာ ဆေးရုံ မှလက်လွှတ်ပြီးအဆင်းခိုင်းသောကြောင့် အိမ်မှာဘဲသေမည့် ရက်ကို စောင့် နေချိန်မှာ တော့ မိတ်ဆွေ တဦး၏ ပြောပြချက်
အရပေ ဖူးကို သုံးခွက်တခွက်တင် ကြိုသောက်ခဲ့ရာတနေ့တခြား ဗိုက်ကြီးလဲလျှော့ကျပြီ တလအကြာမှာလုံးဝကောင်းမွန်ပြောက်က်ကင်းသွား ပါတယ်။
ထို့အတူ ၎င်း ရောဂါ နှင့် အလားတူ တဦးလည်း ပေဖူးကိုပြုတ်သောက်သဖြင့်သေတွင်းမှ လွတ်ခဲ့ဘူးသဖြင့်အလား တူခံစားနေကြရသောသူများလွယ်ကူစွာပြောက်ကင်းစေချင်သောစေတနာဖြင့်တင်ပြလိုက်ပါတယ်။
Credit : ဦးဘိုလေး
Friday, October 20, 2017
မျက်မှန်အဆောင် လွတ်စေသော ခပေါင်းရေကြည်နှင့် ဖန်ခါးသီးအစွမ်း
မျက်မှန်အဆောင် လွတ်စေသော ခပေါင်းရေကြည်နှင့် ဖန်ခါးသီးအစွမ်း
“̏ ဆရာ မျက်မှန်မပါပဲ လမ်းတွေလျှောက်။ စာတွေဖတ်နဲ့ပါလား˝
̏
“ကျွန်တော်မျက်စိမမှုန်တော့ဘူးဗျ˝
̏
“လုပ်ပါဦးဆေးနည်းကောင်း˝
“̏ခပေါင်းရေကြည်အခေါက် (၁၀) ကျပ်သားလောက်ကို ထန်းလျက် (၃) လုံး၊ ရေမတ်ခွက် (၉) ခွက်နဲ့ ရောကျိုပြီး အအေးခံတယ်။ ပြီးမှအရည်စစ်ယူပြီး ပုလင်းထဲ ထည့်ထားတယ်။ နေ့တိုင်း လက်ဖက်ရည်ပန်းကန်တစ်လုံးစာ သောက်တယ်။ ဆေးကုန်ရင် နောက်တစ်ခါစီမံပြီး မပြတ်မှီဝဲ တယ်။˝
̏နောက်တစ်နည်းလည်းလုပ်တယ်
̏
“အဲ့ဒါဖန်းခါးသီးကို အမှုန့်လုပ်ထားတာ။ တစ်ပတ် (၂) ကြိမ် ဖန်ခါးမှုန့်နဲ့ နနွင်းမှုန့်စစ်စစ်ကို ရေနဲ့ရောစပ်ပြီး ညအိပ်ချိန်ကွင်းပြီးအိပ်တာပဲ။ မျက်ရည်ပူကျတာ၊ မျက်စိအောင့်တာ၊ အမြင်ေ၀၀ါး မျက်စိမှုန်တာမဖြစ်တော့ ဘူး။˝
ခပေါင်းရေကြည်
ပင်လတ်မျိုးဖြစ်သည်။ အခေါက်မှာ မီးခိုရောင်ဖြစ်သည်။ အပွင့်သည် ဖြူ၍မွှေးသည်။ အသီးသည် ဆီးဖြူသီးအရွယ်ရှိ၍ မှည့်လျှင် သပြေရင့်ရောင်ဖြစ်ကာ အစေ့တစ်စေ့သာရှိသည်။ အရွက်မှာ ခပေါင်းရွက်နှင့် တူသော်လည်း ခပေါင်းရွက်ထက်များစွာသေးသည်။
ဂုဏ်နှင့်စွမ်းရည်တွင် မျက်စိကိုအကျိုးပြုပြီး မျက်စိရောဂါကို ပျောက်ကင်းစေကာ ရေကိုကြည်လင်စေတတ်သည်။
မျက်စိသွေးခြေတည်
ခပေါင်းရေကြည်စေ့ကို သွေး၍ မျက်စိကွင်းပေးလျှင် ထိုရောဂါပျောက်သည်။ အခြားသော မျက်စိနာဟူသမျှ ထိုနည်းအတိုင်းပြုလုပ်ပေးပါက ပျောက်ကင်းသည်။
မျက်စိမှုန်
ခပေါင်းရေကြည်စေ့ကို သွေး၍ မျက်စိကွင်းပေးပါက မျက်စိမှုန်ဝါးခြင်းကင်း၍ အမြင်သန်လာပါလိမ့်မည်။
မျက်စိတိမ်သလာ
ယင်းအစေ့ကို ပျားရည်နှင့်သွေးကာ မျက်စိအားကွင်းပေးပါက မျက်စိတိမ်သလာရောဂါ ပျောက်ကင်း၏။
ခပေါင်းရေကြည်နှင့်ပတ်သက်ပြီး အခြားပျောက်ကင်းစေသော ရောဂါများလည်း ရှိနေသေးပါသည်။ အဓိက မျက်စိရောဂါကို ပျောက်ကင်းကြောင်း အရှင်နာဂသိန်ဆေးကျမ်းတွင် ညွှန်းဆိုသည်။
စာကိုး
နက္ခတ္တရောင်ခြည် အမှတ်(၃၇၂)/(၃၄၈)
မျက်မှန်အဆောင် လွတ်စေသောဆေးနည်း / မျက်စိအတွက်ဖန်ခါးချက်
အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်
Credit : ရဲမျိုးသူ(ဗောဓိမြိုင်)