ခါးနာပျောက်စေသော ဆေးနည်း
ခါးနာဝေဒနာဖြစ်နေသော နှစ်ရှည်လများခံစားနေရသူများအား ဤအစွမ်းထက်ဆေးနည်းလေးကို ကုသိုလ်ပြုလမ်းညွှန်ပါ၏-
ဆင်တုံးမနွယ် အစို နှစ်ကျပ်သား နှမ်းဆီစစ်စစ် တစ်ဆယ်သား သတ္တုအိုးတစ်လုံး ပုလင်းတစ်လုံး တို့ကိုယူပါ။ ဆင်တုံးမနွယ်ကို ကွမ်းညှပ်နှင့် ပုလင်းအတွင်းသို့ထည့်၍ ဝင်စေရန် သေးငယ်စွာညှပ်ပါ ညှပ်ပြီးလျှင် ပုလင်းတွင်းထည့်ပါ နှမ်းဆီပါရောထည့်ပါ
အိုးအတွင်း ရေကိုထည့်ပါ ရေထည့်ထားသော အိုးထဲကို ပုလင်းထည့်၍ ရေဆူလာအောင် မီးဖြင့်ချက်ပါ ရေခမ်းလျှင်ထပ်ထည့်ပါ ၃နာရီခန့်ချက်ပြီးပါက ဆေးအဆီရပါလိမ့်မယ်
ထိုနှမ်းဆီရလာပါက အအေးခံပြီး ဗုဒ္ဓဂုဏ်တော် ၃၇ ခေါက်ရွတ်ပြီး ရတနာမြတ်သုံးပါးနှင့် သင်ဆရာမြင်ဆရာနှင့် ဆေးဆရာများအား ကန့်တော့ပူဇော်ပြီး ခါးနာသည့်နေရာကို စိမ့်ဝင်အောင် မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးခြင်းဖြင့် လက်တွေ့ပျောက်ကင်းချမ်းသာပါလိမ့်မည်။
အမှန်တကယ် ခံစားနေရပါက အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်ပါ။ ငါကဲ့သို့ခါးနာသူရှိက သိပါစေပျောက်ပါစေ စေတနာဖြင့် ဤ ဆေးနည်းအား သင်ကြားမျှဝေပါ။
ဘဝပေါင်းများစွာ အနာရောဂါ ကင်းစင်ပါလိမ့်မည်။ စေတနာသည် မိမိ၏ တန်ခိုးရှင်ပင်ဖြစ်သည်။အားလုံး ကျန်းမာရွှင်လမ်းကြပါစေ-----နဝင်းမောင်(ဂမ္ဘီရလောကီပညာ)
Credit to > န၀င်းမောင်
Posted by kotin tun
No comments:
Post a Comment