ဆယ်နှစ်ရာသီမိုး
▄▄▄▄▄▄▄▄▄
1 -- တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး
2 -- ကဆုန်းအတွင်း မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့
3 -- နယုန်မိုးသေး မြက်သားမွှေး
4 -- ဝါဆိုလပြောင်း မိချောင်းဖွေးဖွေး
မိုးအေးအေး
5 -- ဝါခေါင်တစ်ကြောင်း ထနောင်းကြောင်ကျစ်
ဆူးရစ်ပွင့်ကာ မိုးမရွာ ရွာပါသော်လည်း
မိုးမသည်း
6 -- တော်သလင်းတိမ်ညို စားဖိုဆင်းရဲ မိုးမစဲ
7 -- သီတင်းကျွတ်တွင် ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး
8 -- တန်ဆောင်းမုန်းတွင်း ဆီးနှင်းတဖြိုက်
မိုးတစ်လိုက်
9 -- နတ်တော်ရောက်ငြား မိုးသားမငြိမ်
ဆင်ရာတိမ်
10-- ပြာသိုချမ်းပြင်း ဆီးနှင်းရောယှက် နှမ်းပုံပျက်
11-- တပို့တွဲ နွှဲ၍ရွာခြင်း သန်မိုးကြွင်း
12-- တပေါင်းလည်းကူး မိုးသားကျူး
( အမည်မသိ )
ခက်ဆစ်အဖွင့်
-*-*-*-*-*-*-*-
1# ဖက်ဆွက်ရေ
မိုးဦးကျစ၌ ရွက်ဟောင်းများကို ကြွေကျစေသည့်မိုး
2# ပျံ့ပျံ့
မိုးရေကြောင့် ထွက်ပေါ်လာသော မြေ၏ရနံ့ သင်းပျံ့လျက်
3# နှံ့နှံ့
ပျံ့နှံ့သည်
4# မြက်သားမွှေး
မြက်နုကလေးများ ပေါက်လာသည်
5# မိကျောင်း
တောစပ် ရေစပ်တွင်ပေါက်လေ့ရှိ၍ ဝါဆိုလတွင် အပွင့်ဖြူ များ ပွင့်တတ်သော နွယ်ပင်တစ်ပျိုး
6# ထနောင်း
အပူပိုင်းဒေသတွင် ပေါက်သော အခက်အလက်၌ ဆူးပါသည့် အပင်တစ်မျိုး
7# ကြောင်ကျစ်
အပွင့်ဝါ၌ အစေ့တောင်ပံရှိ ဆူးချူံ ပင်ကြီး တစ်မျိုး
8# စားဖိုသည်
ထမင်းဟင်း စသည်တို့ကို ချက်ပြုတ်သူ အိမ်ရှင်မ
9# ပလ္လင်ဆေးဖိုး
သီတင်းကျွတ်လတွင် သည်းထန်စွာ ရွာသောမိုး
10# တစ်ပြိုက်
တစ်ကြိမ်တစ်ခါ
11# ဆင်ရာတိမ်
နတ်တော်လတွင် ဆင်ခြေရာပျောက်ရုံမျှ ရွာသောမိုး
No comments:
Post a Comment