လေဖြတ်ရောဂါများအတွက် သဘာဝဆေးနည်း
-----------------------------
လေရောဂါ၊ လေငန်းရောဂါအမျိုးမျိုးတို့ကြောင့် ပါးရွဲ့ပါးစောင်ဖြစ်ခြင်း၊
လေဖြတ်ခြင်းတို့ဖြစ်ပါက အစွမ်းထက်သည့် သဘာဝအိမ်တွင်းကုထုံးများဖြင့် ကိုယ်တိုင်ကုသနိုင်ကြပါသည်။
(၁) ရှောက်ခါးသီး၊ တောရှောက်သီးခေါ် ရှောက်ဘီးလူးသီး၏ အရွက်သန့်သန့် လက်တစ်ဆုပ်ခန့်ကို ရေစင်အောင်ဆေး၍ ပြုတ်ပါ။
(၂) ၄င်းရှောက်ခါးသီးရွက်ပြုတ်ရည်ကို ခွက်ထဲထည့်၍ အခါးဓါတ်အနည်းငယ်
လျှော့သွားအောင် သကြားအနည်းငယ်ထည့်ပါ၊ ရှောက်ခါးသီးကို အရည်အနည်းငယ်မျှ ညှစ်ထည့်၍ သောက်ပါ။
(၃) နနွင်းမှုန့်အနည်းငယ်ကို ပျားရည်နှင့်နယ်ထား၍ မန်ကျည်းစေ့ခန့် လုံးထားပါ။ ၄င်းရှောက်ခါးပြုတ်ရည်ဖြင့် တစ်နေ့တစ်ခွက်၊ ဆေးတစ်လုံး သောက်ပါ။
(၄) ကိုယ်လက်လှုပ်ရှားတဲ့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတစ်ခုခုကို လုပ်ပါ။ မနက်ပိုင်း လမ်းလျှောက်ပါ။ စိတ်ဓါတ်ကို မာအောင်ထားပါ။ ခန္ဓာကိုယ်ကို အေးနေအောင်မထားပါနဲ့။ နွေးနွေးထွေးနွေး နေပါ။
၎င်းဆေးနည်းကို တစ်လခန့် သောက်သုံးပါက မေးခိုင်းပါးရွဲ့ပါးစောင်ခြင်း၊
လေငန်း၊ လေဖြတ်ရောဂါများ သက်သာပျောက်ကင်းသွားပါမည်။
ဒီဆေးနည်းကိုလည်း သင့်မိတ်ဆွေများထံ မျှဝေပေးနိုင်ကြပါသည်။
ု
No comments:
Post a Comment