ဒေါ်နယ်ထရမ့်အကြောင်း တစေ့တစောင်း
================================
ဒေါ်နယ်ထရမ့်ကို (၁၉၄၆) ခုနှစ်၊ ဇွန်လ (၁၄) ရက်တွင် မွေးဖွားသည်။ အမေရိကန်စီးပွားရေးသမားတစ်ဦးဖြစ်ပြီး ရုပ်သံထုတ်လုပ်သူအဖြစ်မှ နိုင်ငံရေးလောကသို့ ခုန်ကူးလာသူဖြစ်သည်။ (၂၀၁၆) ခုနှစ်တွင် ရီပတ်ဘလီကန်ပါတီမှနေ၍ ရွေးကောက်ပွဲဝင်ခဲ့ပြီး ဟီလာရီကလင်တန်နှင့် အထူးယှဉ်ပြိုင်ခဲ့ရသည်။
ထရမ့်အဖွဲ့အစည်း၏ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး စီးပွားရေးလုပ်ငန်းခွဲပေါင်းများစွာကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ထရမ့်သည် မိုးမျှော်ရုံးအဆောက်အဦများ၊ ဟိုတယ်များ၊ ကက်စီနိုလောင်းကစားဝိုင်းများ၊ ဂေါက်ကွင်းများနှင့်အခြားလုပ်ငန်းများစွာကို ကမ္ဘာတစ်လွှားလုပ်ကိုင်နေသည်။ နယူးယောက်တွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး စီးပွားရေးဆိုင်ရာဘွဲ့ကို Pennsylvania တက္ကသိုလ်မှ (၁၉၆၈) ခုနှစ်တွင်ရရှိခဲ့သည်။ (၁၉၇၁) ခုနှစ်တွင်
ဖခင်ဖြစ်သူ၏ဖရက်ထရမ့်လုပ်ငန်း အရိုက်အရာကိုဆက်ခံပြီး နောက်ပိုင်းတွင် သူ့လုပ်ငန်းကို ထရမ့်အဖွဲ့အစည်းဟူ၍ အမည်ပြောင်းခဲ့သည်။ ထရမ့်သည် မစ္စယူအက်စ်အေပြဇာတ်လုပ်ငန်းနှင့်ဖျော်ဖြေရေးလုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ခဲ့ပြီး (၁၉၉၆) ခုနှစ်မှ (၂၀၁၅) ခုနှစ်အထိ ကိုယ်တိုင်ကြပ်မတ်လုပ်ကိုင်ခဲ့သည်။
(၂၀၀၀) ပြည့်နှစ်က ရွေးကောက်ပွဲဝင်ရန် သမ္မတလောင်းအမည်စာရင်းတင်သွင်းခဲ့သော်လည်း မဲပေးမှုများမစတင်မီမှာပင် အရေးနိမ့်ခဲ့သည်။ (၂၀၀၄) မှ (၂၀၁၅) ခုနှစ်အထိ NBC ရုပ်သံလိုင်းတွင် The Apprentice အမည်ရှိရုပ်သံဇာတ်လမ်းတွဲကို ထုတ်လုပ်ရိုက်ကူးကာ ပြသနိုင်ခဲ့သည်။
(၂၀၁၆) ခုနှစ်တွင် Forbes စာစောင်က ထရမ့်ကို ကမ္ဘာတစ်လွှား အချမ်းသာဆုံးလူ (၃၂၄) စာရင်းနှင့်အမေရိကားတွင်အချမ်းသာဆုံးလူ (၁၅၆) စာရင်းမှာ ထည့်သွင်းခဲ့သည်။ (၂၀၁၅) ခုနှစ်တွင် ထရမ့်သည် ရီဗက်ဘလစ်ကန်ပါတီမှ အမတ်တစ်ဦးအနေဖြင့် သမ္မတလောင်းဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန် ကြေညာလိုက်ပြီး ရုတ်ချင်းဆိုသလို ပါတီ၏သမ္မတလောင်းတင်သွင်းသူများထဲတွင် တစ်ပြေးလာခဲ့သည်။
ထို့နောက် (၂၀၁၆) ရီဗက်ဘလစ်ကန်ပါတီညီလာခံက သူ့ကို သမ္မတလောင်းအဖြစ်ယှဉ်ပြိုင်ရန် အတည်ပြုခဲ့သည်။ ထရမ့်သည် အင်တာဗျူးများ၊ တွီတာလူမှုကွန်ရက်စာမျက်နှာများနှင့်မိန့်ခွန်းများတွင် အငြင်းပွားဖွယ်ရာ လူမှုရေး၊ နိုင်ငံရေးပြဿနာများကို ကိုးလို့ကန့်လန့်ဖော်ပြခဲ့သူအဖြစ် အထူးထင်ရှားသည်။ သူ့ပြောကြားချက်များအပေါ် ဆန့်ကျင်ကန့်ကွက်များစွာလည်း ပေါ်ပေါက်လာခဲ့သည်။
တစ်ဖက်တွင်လည်း (၂၀၀၅) ခုနှစ်က အမျိုးသမီးငယ်တစ်ဦးနှင့် ကပွဲရုံတစ်ခုအတွင်း မဖွယ်မရာပြုလုပ်နေသည့်အသံဖိုင်တစ်ခုလည်း အညှီအဟောက်သတင်းရပ်ကွက်မှ ထွက်ပေါ်လာခဲ့သည်။ ထိုဖြစ်စဉ်အပေါ် ထရမ့်ကို လူပုံအလယ်တွင် ၀န်ချတောင်းပန်ခဲ့ရသည်။
ထရမ့်၏အခြားစင်မြင့်တစ်ခုမှာ အမေရိကန်နှင့်တရုတ်တို့၏ကူးသန်းရောင်းဝယ်ရေးကိစ္စ ညှိနှိုင်းမှုတွင်ဖြစ်သည်။ (၂၀၁၅) ခုနှစ်၊ နိုဝင်ဘာလက ပြင်သစ်နိုင်ငံ၊
ပါရီမြို့အကြမ်းဖက်တိုက်ခိုက်ခံရမှုအပြီးတွင် ထရမ့်က အမေရိကန်ပြည်ထောင်စုသို့ မွတ်ဆလင်များဝင်ရောက်ခြင်းကို ယာယီအားဖြင့်တားဆီးသွားရမည်ဖြစ်ကြောင်း မာမာထန်ထန်ပင် ပြောကြားခဲ့သည်။
ထရမ့်ကို နယူးယောက်မြို့အနီးရှိ ဂျာမေကာ၊ ကွီးစ်တွင် မွေးဖွားသည်။ သားသမီး ၅ ယောက်အနက် နို့ညာဖြစ်သည်။ အစ်ကိုကြီးဖြစ်သူ အရက်ကြောင့်သေဆုံးသွားခဲ့ရပြီး ထရမ့်သည် စီးကရက်နှင့်အရက်ကို ဖြတ်ရန်ကြိုးစားခဲ့သည်။
ထရမ့်၏ဖခင်မှာ ဂျာမန်နွယ်ဖွားဖြစ်ပြီး မိခင်ဘက်က စကော့တလန်နွယ်ဖွားဖြစ်ကာ နှစ်ဘက်သောအဘိုးအဘွားများမှာ ဥရောပမှဆင်းသက်လာသူများဖြစ်ကြသည်။ ၎င်း၏ဖခင်မှာ နယူးယောက်မြို့ လူကုန်ထံအသိုင်းအ၀ိုင်းတွင် ထင်ရှားသည့်စီးပွားရေးသမားတစ်ဦးဖြစ်သည်။ ထရမ့်သည့်ဂျာမန်နွယ်ဖွားအဖြစ် သူ့ကိုယ်သူဂုဏ်ယူပြောဆိုတတ်သည်။
နယူးယောက်မြို့တွင် ဂျာမန်-အမေရိကန်စစ်ရေးပြပွဲတစ်ခု (၁၉၉၉) ခုနှစ်မှာ ပြုလုပ်ခဲ့ရာ ထရမ့်ကို တက်ကြွဝင်ရောက်၍စစ်ရေးပြလှုပ်ရှားခဲ့သေးသည်။ မတ်ဟန်တန်မြို့တွင် ထရမ့်အမည်ရှိ မိုးမျှော်တိုက်ကြီးကိုလည်း ပိုင်ဆိုင်ထားသည်။ (၁၉၈၄) ခုနှစ်တွင် ထရမ့်ပလာဇာကို စတင်ဖွင့်လှစ်ခဲ့ပြီး အခြားကာစီနိုလောင်းကစားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများကို လုပ်ကိုင်နေဆဲဖြစ်သည်။
ဘာသာပြန် - အေးအောင်
copy-သူရိန်
No comments:
Post a Comment