``နိုင်ငံရေးစကား၏ နယ်ပယ်´´
==ရှင်မတောင် ဆရာတော်ဘဒ္ဒန္တကဝိန္ဒောဘာသ==
**********************************************************
နိုင်ငံရေးဟူသော ဝေါဟာရ၏အဓိပ္ပာယ်ကား 'နိုင်ငံ၏ အရေး'ကို နိုင်ငံရေးဟုဆိုရမည်။
နိုင်ငံဟူသည် အုပ်ချုပ်သူအစိုးရတစ်ရပ်၏ နယ်နိမိတ်အတွင်း ပါဝင်သော နယ်မြေနှင့် နေထိုင်ကြသော လူများနှင့် ထိုလူများ၏ အရေးအရာဟူသမျှသည် 'နိုင်ငံရေး'ဟူသော စကား၏ အဓိပ္ပာယ်တွင်း၌ အားလုံးပါဝင်သည်။
သို့သော်လည်း နိုင်ငံရေးဟူသည် နိုင်ငံအာဏာနှင့် ပတ်သက်သော အစိုးရများ၊ နိုင်ငံ့ဝန်ထမ်းများ သို့မဟုတ် အစိုးရဝန်ထမ်းများ၊အစိုးရဖွဲ့၍ နိုင်ငံ၏ တာဝန်ကို ရယူရန်ဆောင်ရွက်ကြသော နိုင်ငံရေး ပါတီများ၏ လုပ်ငန်းများသည် နိုင်ငံရေးဟူ၍ပင် ဆိုရပေမည်။
ထိုစကားကို အနှစ်ချုပ်ပြောရလျှင် နိုင်ငံကို ဦးဆောင်ရမည့် အစိုးရ၊ အစိုးရဖြစ်ရေး ဆောင်ရွက်သောကိစ္စ၊ အစိုးရဖြစ်သူ၏ တာဝန်အရပ်ရပ်ကို ဆောင်ရွက်ခြင်းမှန်သမျှသည် နိုင်ငံရေးပင်ဖြစ်သည်။ အစိုးရဖြစ်ရေးနှင့် အစိုးရသူ၏ လုပ်ငန်းမှန်သမျှသည် နိုင်ငံရေးချည်းဖြစ်သည်။
သာမန်ပြည်သူများ၏ လုပ်ဆောင်ချက်များ၊ ရဟန်းတော်များ၏ လုပ်ဆောင်ချက်များသည် ယေဘုယျအားဖြင့် နိုင်ငံရေးမဟုတ် သို့သော် သာမန်ပြည်သူများနှင့် ရဟန်းတော်များသည်နိုင်ငံရေးနှင့် မသက်ဆိုင်ဘူးလားလို့ မေးလျှင်ကား လုံးဝ မသက်ဆိုင်တော့ မဟုတ်ပါ။
သက်ဆိုင်သည့်အခါ သက်ဆိုင်သည်။ အဘယ်နေရာမှာ သက်ဆိုင်သနည်းဟု မေးအံ့၊ ပြည်သူများအနေဖြင့် မိမိတို့ကို အုပ်ချုပ်သူအစိုးရကိုရွေးချယ်ရာ မဲပေးရာ၌ သက်ဆိုင်သည်။
သို့ဖြစ်၍ ပြည်သူများသည် မဲဆန္ဒပေးချိန်၌ မဲပေးသော နိုင်ငံရေးအလုပ်ကိုလုပ်ဆောင်ပေးရန် တာဝန်ရှိသည်။ ဒါဆိုလျှင်မဲပေးရာ၌ ပေးတတ်ဖို့လိုသည်။
မဲပေးတတ်ရန်မှာ ဗဟုသုတရှိရန်လိုသည်။ ဗဟုသုတရှာမှီးထားရန် လိုအပ်သည်။ ဘယ်ပါတီသည် ဘယ်သဘောတရားရှိသနည်း။ အဘယ်သို့ ရပ်တည်ချက်ရှိသနည်း။ အဘယ်သို့ အပြောအဆိုရှိသနည်း။
အဘယ်သို့ လုပ်ကိုင်မှုရှိသနည်း။ ထိုထိုပါတီများ၏ ပါတီ ဦးဆောင်များ၊ ပါတီဝင်လူအများတို့၏ အရည်အသွေး၊ စိတ်နေစရိုက်၊ ပညာအရည်အချင်း၊ လုပ်ရည်ကိုင်ရည်၊ ရိုးသားတည်ကြည်မှုရှိ မရှိစသည်တို့ကိုလည်းသိရမည်။
မိမိတို့၏ မြို့ရွာ ကိုယ်စားလှယ်တို့၏ အနေအထားတို့ကို မဲဆန္ဒရှင် ပြည်
သူများက သိနေကြရန်လိုသည်။ ဒါကို ပြည်သူတွေ နိုင်ငံရေးအသိရှိရန် လိုအပ်သည်ဟု ပြောကြခြင်းဖြစ်သည်။မှန်ပါသည်။
မဲပေးမည့်သူက မဲပေးခံရမည့်သူ၏ အကောင်းအဆိုး အကြောင်းအကျိုးကို မသိဘဲ ထည့်ဆိုလို့ထည့်လိုက်တာပဲဆိုလျှင် ထိုမဲရသူကမိမိပြည်သူတို့အတွက် မဟုတ်ဘဲ သူ့အကျိုးကိုသာဖြစ်စေ၊ သက်ဆိုင်ရာပြည်သူများ၏ အကျိုးမဟုတ်ဘဲ ဘေးသူစိမ်းတို့၏ အကျိုးကိုသာ ငဲ့၍ဖြစ်စေဆောင်ရွက်မည် သက်ဆိုင်ရာ ပြည်သူများ၏ အကျိုးမဟုတ်ဘဲ ဘေးသူစိမ်းတို့၏ အကျိုးကိုသာ ငဲ့၍ဖြစ်စေ ဆောင်ရွက်မည်။ သက်ဆိုင်ရာပြည်သူများ၏အကျိုးကို လျစ်လျူရှုထားမည်ဆိုလျှင်မဲပေးသူ ပြည်သူတို့၏ နိုင်ငံရေးအသိမရှိခြင်းကြောင့်ဟု ဆိုရန်ရှိပေသည်။
ဒါ့ကြောင့် မဲဆန္ဒရှင် ပြည်သူများသည်နိုင်ငံရေး ဗဟုသုတရှိကြရမည်။ ပညာအမြော်အမြင်ရှိကြရပေသည်။ ဒါကြောင့် မဲဆန္ဒရှင် ပြည်သူများသည်နိုင်ငံရေး ဗဟုသုတရှိကြရမည်။
ပညာအမြော်အမြင်ရှိကြရမည်။ မြင်မြင်သမျှကြားကြားသမျှ မိမိတို့လူမျိုးအတွက် အကျိုးဖြစ်နိုင် မဖြစ်နိုင် သိကြရန်လိုအပ်သည်။ ရဟန်းတော်များသည် နိုင်ငံရေးသမားများမဟုတ်ကြ။
နိုင်ငံရေးပါတီထောင်ခွင့် မဲပေးပိုင်ခွင့် မရှိကြ။ ပါတီဝင်ခွင့်လည်းမရှိ၊ ဒါဆို နိုင်ငံရေးနှင့်လုံးဝမသက်ဆိုင်ဘူးလားဆိုလျှင် မသက်ဆိုင်တော့ မဟုတ်ပါ။ သက်ဆိုင်သင့်သမျှ သက်ဆိုင်ပါသည်။
သာဓကပြရလျှင် သံဃာ့အဖွဲ့စည်း အဆင့်ဆင့်၌ နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ဆိုတာရှိသည်။
နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က နိုင်ငံတော်နှင့်ချီ၍ဗုဒ္ဓဘာသာ သာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားအောင် စည်းမျဉ်းစည်းကမ်းတို့ဖြင့် ဆောင်ရွက်နေခြင်းသည် ရဟန်းတော်များ၏ မိမိတို့နှင့်သက်ဆိုင်သော နိုင်ငံ၏ အရေးကိုဆောင်ရွက်နေခြင်းပင်ဖြစ်သည်။
တိုင်းနေ ပြည်သူ ရှင်လူအများတို့၏ ကိုယ်ကျင့်သိက္ခာ မြင့်မားရေး၊ စာရိတ္တကောင်းမွန်ရေး၊ အသိအလိမ္မာပညာဗဟုသုတရှိရေးတို့ကို ပရိယတ္တိသာသနာ့ တာဝန်မူဘောင်အတွင်းကဆောင်ရွက်ပေးခြင်းသည် ရဟန်းတော်များ၏ နိုင်ငံနှင့် ပတ်သက်သော နိုင်ငံရေးပင်ဖြစ်သည်။
မဘသအဖွဲ့ကြီးကိုဖွဲ့စည်း၍ နိုင်ငံအပေါ် လူမျိုးအပေါ် ဘာသာ သာသနာအပေါ် ကျရောက်နေသော အန္တရာယ်များ၊ ကျရောက်လာနိုင်သော အန္တရာယ်များကို တားဆီး ကာကွယ်နိုင်ရန် အသိပညာပေးခြင်း၊ အမျိုးစောင့်ဥပဒေ လိုအပ်နေခြင်းတို့ကို အသိပညာပေး ဟောပြော၍ သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း အသိပေး၍ ပြဋ္ဌာန်းပေးရန်
တောင်းဆိုပေးနေခြင်းသည် မိမိတို့နှင့် သက်ဆိုင်သောနိုင်ငံရေးကို
ဆောင်ရွက်နေခြင်းပင် ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တိုင်းနိုင်ငံသူ နိုင်ငံသားများ၏ အသိအလိမ္မာရှိရန် ဘာသာ သာသနာကို အန္တရာယ် မဖြစ်စေရန် စောင့်ရှောက်နိုင်ရေး အသိပညာပေးခြင်းသည် ရဟန်းတော်တို့၏ ပရိယတ္တိ သာသနာ့တာဝန်ကို ဆောင်ရွက်ရာ၌ ပါဝင်ပေသည်။
သိင်္ဂါလောဝါဒသုတ်နှင့်အညီ မိမိတို့၏ အမျိုးကို စောင့်ရှောက်နိုင်အောင် ဓမ္မစာပေကို ဟောပြောခြင်း ဓမ္မသဘောကို ကျင့်သုံးနိုင်ရန်
ဟောပြောခြင်းဖြစ်၍ ဖြစ်သည်။ယနေ့ ကာလ၏ မျက်မှောက်အနေအထားကိုလည်း သိရှိကြရန်လိုအပ်သည်။
မြန်မာတို့သည် အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးမှ လွတ်မြောက်အောင်အားထုတ်၍ လွတ်လပ်ပြီးချိန်မှစ၍တိုင်းပြည်၏ အဖက်ဖက်မှ ယိုယွင်းမှုများကို ပြုပြင်ထိန်းကြောင်းကာ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာ သာသနာအရေးစသော အရေးတို့ကို နိုင်ငံ့ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးခေါင်းဆောင်များ တတ်နိုင်ရာက ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံရေးနှင့် ပတ်သက်လို့ ဒီမိုကရေစီ၊ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ တစ်ပါတီ စနစ်၊ ပါတီစုံစနစ်၊ စစ်အုပ်ချုပ်ရေးစနစ်၊ပြည်ထောင်စုစနစ်၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် စသည်ဖြင့် အမျိုးမျိုးသော ဝါဒတွေ စနစ်တွေနှင့် အဖွဲ့တွေနှင့် ကြုံတွေ့ခဲ့ကြရလေသည်။
ဆိုခဲ့ပြီးသော စနစ်တွေ ဝါဒတွေထဲက ယခုကာလကား ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်သည်။ ယနေ့ စနစ်နှင့်အညီ နိုင်ငံရေးရေယာဉ်ကြောကို အလိုက်သင့် မျောကာ စီးနင်းလိုက်ပါကြရပါလိမ့်မည်။
အင်္ဂလိပ်ကလည်း လွတ်လပ်ရေး ပေးရသည့်အခါ အလိုက်သင့် မလိုလားအပ်သော ပြည်ထောင်စုကို သပ်လျှိုသောအမှောင့်ပယောဂများကို ထည့်ပေးလိုက်ကြသည်။
ကမ္ဘာကို စိုးမိုးချယ်လှယ်လိုသော ကွန်မြူနစ်ဝါဒကလည်းနေရာဝင်လုကြသည်။ ထိုအခါ ကွန်မြူနစ်သူပုံထခြင်းနှင့် ကြုံကြရသည်။ အင်္ဂလိပ်၏ အမွေဆိုးဖြစ်သည့် ဘာသာအယူဝါဒမျိုးစုံ လူမျိုးခြား အဖုံဖုံတို့ကလည်း နေရာဝင်ယူကြသည်။
မိမိတို့၏ အိမ်ရှင်ဖြစ်သည့် ဗုဒ္ဓဘာသာ သာသနာကို ဝါးမျိုဖျက်ဆီးလိုသူလူမျိုးကို ဝါးမျိုဖျက်ဆီးလိုသူတို့၏ နေရာယူ နေရာလုခြင်းကို မသိမသာတစ်မျိုး သိသိသာသာတစ်ဖုံ လွှမ်းမိုးမှုကိုခံကြရသည်။
အစိုးရအဆက်ဆက်ကိုအဖျက်မျိုးစုံတို့က ဝင်ရောက်ဖျက်ခဲ့ကြသည်။ အစိုးရအဆက်ဆက်ကလည်းနိုင်ငံကို ထိန်းရင်းသိမ်းရင်းပင် အဖျက်အမျိုးမျိုးကို ကာကွယ်ရင်းပင် 'ငါမှငါသာ နိုင်စရာတည့်'ဟူသကဲ့သို့ ဆိုရလောက်အောင် ဖြစ်ခဲ့ကြသည်။
သည်အခါ တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်လို့ ပြောစရာဖြစ်လာပြီး စနစ်ကိုတိုက်ခိုက်သူ၊ စနစ်ကို ကာကွယ်သူ၊ တိုင်းပြည်ကိုချစ်သူ၊ တိုင်းပြည်ကို ကာကွယ်သူ၊ တိုင်းပြည်ကိုကယ်တင်သူ၊ တိုင်းပြည်ကို ဖျက်ဆီးသူ၊တိုင်းပြည်၏ သူရဲကောင်း စသည် စသည်အားဖြင့် အမျိုးမျိုးပြောကြဆိုကြ၊ပြောစရာဖြစ်လာသည်။
သည်နေရာမှာကား မိမိတို့သည်အဖက်ဖက်က မြင်အောင်ကြည့်ကြရမည်သာဖြစ်သည်။ အမှန်တစ်ကယ်တိုင်းပြည်တွက်ဖြစ်ပါ၏လား၊ ဟုတ်ပါ၏လား၊ ကြည့်ဖို့ မြင်ဖို့ ကြည့်တတ်ဖို့မြင်တတ်ဖို့လိုပါသည်။
လွတ်လပ်ရေးရစက မြန်မာတို့၏ နိုင်ငံရေးအာဏာကိုလူမျိုးခြား ဘာသာခြားတွေက ဝင်ယူလာကြသည်။
မြန်မာတို့၏ ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော် ဘာသာဖြစ်အောင် ဆောင်ရွက်ကြရာ၌ ဘာသာခြား လူမျိုးခြားတို့က ဝင်ရောက်နှောင့်ယှက်လို့ လွတ်လပ်ရေးရရခြင်းမဆောင်ရွက်နိုင်ခဲ့။ ၁၉၆၁ ခုနှစ်မှအောင်မြင်ခဲ့သည်။
အင်္ဂလိပ်ခေတ်မှာမြန်မာတို့က အမျိုးသား ပညာရေးကျောင်းတွေဖွင့် အမျိုးသားရေးကိစ္စတွေဆောင်ရွက်တော့ မြန်မာအမျိုးသားမဟုတ်သူတွေက ပါဝင်နေရာယူကြပြန်သည်။
အစိုးရဖွဲ့ပြန်တော့လည်း နည်းအမျိုးမျိုးနှင့် ဝင်ပါနေရာယူကြပြန်သည်။ ဖဆပလခေတ်ကလည်း ပါတီစုံ၌ နေရာဝင်ယူကြသည်။ ဆိုရှယ်လစ်ခေတ်၌လည်း နေရာယူကြသည်။
စစ်အာဏာရှင်ခေတ်၌လည်း နေရာယူကြပြန်သည်။ ယခု ပါတီစုံ ဒီမိုကရေစီခေတ်၌လည်း ဘက်ပေါင်းစုံက နေရာယူလာကြပြန်သည်။
မြန်မာ့နိုင်ငံရေးကိုမြန်မာတို့သာလျှင်လုပ်ကြရမည်။
ဘယ်ပါတီကမဆို မိမိတို့ မြန်မာနိုင်ငံ၏ နိုင်ငံရေးကို မြန်မာများ မြန်မာတိုင်းသားများကလွဲလို့ ဘယ်လူမျိုး ဘယ် ဘာသာကိုမှ နေရာမပေးသင့်။ နေရာပေးက နိုင်ငံသားတို့ သိကြရမည်။
မဲဆန္ဒရှင်များသိကြရမည်။ ဘာသာခြား လူမျိုးခြားတို့၏ ဝင်ရောက်နေရာလုခြင်းကို အဓိကထား ကာကွယ်ထားသော
၁၉၈၂ နိုင်ငံသားဥပဒေကို ကာကွယ်ကြရမည်။ ဝှိုက်ကတ်ဖြင့် ပါတီထောင်ခွင့် ပါတီဝင်ခွင့် ဖျက်သိမ်းခြင်းကို ကြိုဆိုရမှာဖြစ်သည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၌ ဝှိုက်ကတ်ဖြင့် မဲပေးခွင့် ဖျက်သိမ်းခြင်းကိုလည်း ကြိုဆိုရမည်။
ရွေးကောက်ပွဲ၌လည်း နိုင်ငံသားဖြစ်သူကိုသာ မဲပေးခွင့်ပြုသင့်သည်။ ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်သူကို ကြိုဆိုရမည်သာ ဖြစ်သည်။
အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးကိုလည်း မဖြစ်မနေ လိုအပ်လှသည်။
ဆောင်ရွက်နိုင်သူကို ကြိုဆိုရမှာသာဖြစ်သည်။ ပြည်သူတို့အနေဖြင့် မိမိတို့၏တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အကျိုးကို အစစ်အမှန် ဆောင်ရွက်ပေးနိုင်သူ၊ ဆောင်ရွက်ပေးမည့် ပါတီ၊ ဆောင်ရွက်ရာ၌ အဖျက်လုပ်ငန်း မပါဝင်သည့်ပါတီ၊ အဖျက်လုပ်ငန်း လုပ်သူမပါဝင်သည့် ပါတီကို မြင်အောင်ကြည့်တတ်ဖို့လိုအပ်သည်။
ထို့အတူ မိမိတို့၏ ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက် ချီးမြှောက်မည့် လုပ်ငန်းလမ်းစဉ်ရှိသော ပါတီ၊ ဘာသာ သာသနာစောင့်သူ၊ ချီးမြှောက်သူ၊ မစောင့် မချီးမြှောက်သူ၊ မိမိတို့ဘာသာ သာသနာကိုသက်
ဝင်ယုံကြည်ခြင်းရှိသူ၊ မရှိသူ၊ နိုင်ငံအတွက် စိတ်ချရသူ၊ စိတ်မချရသူ၊စသည် စသည်တို့ကို ပြည်သူတို့ မြင်တတ် ကြည့်တတ်ဖို့ လိုအပ်လှသည်။
လက်တွေ့လိုအပ်ချက်ကို မြင်အောင်ကြည့်၊ အာဃာတမပါနှင့် ချစ်မှုသက်သက်မကြည့်နှင့် အချစ်အမုန်းကိုရှောင်၊တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာအတွက် သက်သက်ကိုသာ မြင်အောင်ကြည့်၍ မဲပေးတတ်ရန် လိုအပ်သည်။
ဧည်သည့် အိမ်သည် မခွဲမခြား တန်းတူထား၍ ကျင့်သုံးမည့်ပါတီကို ကိုယ်စားလှယ်ကို ရှောင်ရမည်၊ နိုင်ငံခြားသားလူမျိုးခြားတို့၏ သြဇာခံသူကို၊ သြဇာခံသော ပါတီကို ရှောင်ကြဉ်နိုင်ရမည်။
ဒါဟာ ပြည်သူတို့ နိုင်ငံရေး ဗဟုသုတရှိရန် လိုအပ်ချက်အြ>ွမက်မျှပြောပြခြင်းသာဖြစ်သည်။ ခြောက်တိုင်း မကြောက်နှင့်၊ မြှောက်တိုင်း မမြောက်နှင့်၊ အပြစ်ပြောတိုင်းလည်း မယုံနှင့်၊ အမှန် တကယ် ဟုတ်မဟုတ်ကို သိကြရန် အထူးလိုအပ်လှသည်။
ပြည်သူများ နိုင်ငံရေးအသိရှိကြစေရန် လေ့လာဆည်းပူးကြရန် တိုက်တွန်း၍ အမှန်တကယ် နိုင်ငံ၏အရေးကို ဆောင်ရွက်ကြရမည့်သူများပါတီများကလည်း နိုင်ငံအတွက် လူမျိုးအတွက် ဘာသာ သာသနာအတွက်အန္တရာယ်
ကင်းဘေးရှင်းအောင် တည်ငြိမ်အေးချမ်းအောင် သာယာဝပြောအောင် ရှေးရှုပြီး မူဝါဒတွေ ချမှတ်ကြပါ။
ဥပဒေ၊ အက်ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းပေးကြပါ။ မပြည့်စုံသောဥပဒေကို ဖြည့်ပေးကြပါ။ မလိုအပ်သော ဥပဒေကို ပယ်ဖျက်ပေးကြပါ။
လိုအပ်သော ဥပဒေကို မယိမ်းမယိုင်ခိုင်မာတည့်မတ်အောင် စောင့်ရှောက်ထားကြပါလို့ တိုက်တွန်းလိုက်ရပါသည်။
ဘာသာခြား လူမျိုးခြားကိုမှအကောင်းထင် အန္တရာယ်မမြင် အမျိုးမစောင့်လိုသူကိုမှ အကျွမ်းဝင်ပြီး တစ်ဖက်သတ်ဝါဒီတို့၏
ဟောပြောချက်များကိုလည်း ပြည်သူများ သက်ဆိုင်သူများသတိ
ထားကာ ရှောင်ရှားနိုင်ကြပါစေဟုအသိပေးတိုက်တွန်းလိုက်ရပါသတည်း။
``ရှင်မတောင် ဆရာတော်ဘဒ္ဒန္တကဝိန္ဒောဘာသ´´
အောင်ဇေယျတုဂျာနယ်အမှတ်(၅၃)
``မဘသ(ဗဟို)Online Media´´
No comments:
Post a Comment