မာနတွေ ခဝါကျခဲ့တဲ့
Valentine ချောကလပ်
(သို့မဟုတ်)
တက္ကသိုလ်စာသင်သားနှင့်
Valentine ချောကလပ်
♡♡♡♡♡♡
ချောကလပ်
Valentine Day ရဲ့
ကမ္ဘာကျော် သင်္ကေတအဖြစ်
မာနတွေနဲ့ သူရှင်သန်ခဲ့တယ်---------
သူ့ကိုယ်သူ ဖန်ဆင်းရှင်တဲ့
အချစ်တွေကိုလည်း သူဖန်တီနိုင်တယ်--------
အနမ်းတွေကိုလည်း သူဖန်တီးနိုင်တယ်-------
နောက်ဆုံးမှာ
အလွမ်းတွေ
အိပ်မက်တွေ
သောကတွေ ဖြစ်စေရမယ်တဲ့----
သူကို ပညာပေးလိုက်သူက
သူငယ်ချင်း ကဗျာဆရာမောင်ရေချမ်း----
Valentine Day အမှတ်တရ
တစ်ပါးတခု လှူပါတယ်ဘုရားတဲ့---
ငါလက်ထဲကို သူရောက်ခဲ့တယ်
ပြန်လမ်းမဲ့ မေတ္တာရဲ့စေရာ
အချစ်တွေလည်း ပါမလာဘူး
အနမ်းတွေလည်း ပါမလာဘူး
အလွမ်းတွေလည်း ပါမလာဘူး
အိပ်မက်တွေလည်း ပါမလာဘူး-----
အချစ်တွေ အနမ်းတွေ
မရှိတဲ့သူ့ဘဝ
အလွမ်းတွေ အိပ်မက်တွေ
သောကတွေ
သူဘယ်လို ဖန်ဆင်းမလဲ?
သူကြွေကြော်ခဲ့တဲ့အသံတွေဟာ
ကမ္ဘာကျော် လွင့်ပျံခဲ့ပေမဲ့
ယခုတော့
ကဗျာဆရာ မောင်ရေချမ်းရဲ့အမိန့်နဲ့
တက္ကသိုလ်စာသင်သား၏လက်ပေါ်မှာ
ကျွတ်တမ်းဝင်တော့မည့်ဟန်
မာနတွေ ခဝါချ ခေါင်ငုံလျက်ပေါ့-------
(14-2-2017)
တက္ကသိုလ်စာသင်သား
သာသနာ့တက္ကသိုလ်၊ မန္တလေး။
No comments:
Post a Comment