Saturday, February 18, 2017

ဒီပုံကတော့

ဒီပုံကတော့
ပူတိုရီကိုအနုပညာပြတိုက်အဝင်ဝမှာချိတ်ဆွဲထားတဲ့ဆေးရေးပန်းချီကါးပါ။
အကြောင်းမသိသူတွေကအံသြလှောင်ပြောင်သရော်ကြတယ်။
သိသူတွေကတွေဝေမျက်ရည်ကျမိတယ်။

အကြောင်းမှာအဖိုးအိုကတော်လှန်ရေးသမားသူရဲကောင်းကို
ထောင်သွင်းအကျဉ်းချအစာရေစာပြတ်သေအောင်နှိပ်စက်ထား
တော့ကလေးမွေးပြီးခါစသမီးရင်းထောင်ဝင်စာလာတွေ့စဉ်မှာ
ဖခင်ကိုမကြည့်ရက်လို့နို့တိုက်နေပုံပါ။

လူအများကမလုံမလဲအကြည့်ဖြင့်နို့တိုက်နေသောအမျိုးသမီးငယ်ကို
သာအာရုံရောက်နေပြီးလက်ထိပ်သံခြေကျင်းခတ်ခံရသောအဖိုးအိုရဲ့
ဘဝကိုမမြင်ကြဘဲအမြင်ရဲ့လှည့်စားတတ်မှုကိုဖေါ်ပြတဲ့အနုပညာပါ။
#cd
Yi Sein

No comments:

Post a Comment