Tuesday, February 28, 2017

သံသယ

သံသယ
▄▄▄▄▄
ကြည်ကြည်လင်လင်၊ ရေကိုမြင်လျက်၊
ရေတွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်၊
စိုးရွံ့မသောက်သာပြီတကား။

သန့်သန့်စင်စင်၊ လေကိုခင်လျက်၊
လေတွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်၊
စိုးရွံ့မရှိုက်သာပြီတကား။

ရွမ်းမှည့်ရွှင်ရွှင်၊ သစ်သီးမြင်လျက်၊
သူ့တွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်၊
စိုးရွံ့မစားသာပြီတကား။

ဖြူဖွေးလွင်လွင်၊ စပယ်မြင်လျက်၊
သူ့တွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်၊
စိုးရွံ့မနမ်းသာပြီတကား။

အော် … လက်နက်ချင်းပြိုင်၊ ဂုဏ်ချင်းဆိုင်ကြ၊
နိုင်ငံကြီးသား၊ ထိုသူများက၊
စွမ်းအားရှိတိုင်း၊ အဆိပ်မှိုင်းနှင့်၊
ရှစ်တိုင်းကိုလွှမ်း၊ ဖောက်ခွဲစမ်း၍၊
ယမ်းငွေ့ယှက်ဖြာ၊ ဤကမ္ဘာဝယ်၊
အရာခပ်သိမ်း၊ ဆိပ်ငွေ့လိမ်းခဲ့၊
မတိမ်းရှောင်တတ်၊ ရွံ့စိတ်ဓာတ်နှင့်၊
မပြတ်သံသယဝင်သည်တကား။

ကေသီလှိုင် (မောင်လင်းယုန် (ရှမ်းပြည်) ၏ ကလောင်ခွဲ)

အထက်တန်းမြန်မာကဗျာလက်ရွေးစင်တွင် ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခဲ့သည့် ဆရာကြီး မောင်လင်းယုန် (ရှမ်းပြည်)ရဲ့ ကဗျာလေးဖြစ်ပါတယ် ...

(ကိုဟယ်ရီထံမှယူလာတယ်)

ဒီသတင်းလေးကြားရတော့ ထေရီဂါထာမှာ တောင်စောင့်နတ်က မိန်းမတွေကို

အဖေဘုရင်ကမွတ်ဆလင်ဇာတ်ဝင်နေသော်လည်း အဖိုးဘုရင်ကြီး မကွယ်လွန်ခင်က ဆုံးမမှုနှင့်ရပ်တည်ချက်တွေကို အတူယူကာ တွေခေါ်မျှော်မြင်မှုရှိတဲ့ သမီးတော်လေးကို ကျေးဇူးတင်မိပါတယ်---

ဒီသတင်းလေးကြားရတော့ ထေရီဂါထာမှာ တောင်စောင့်နတ်က မိန်းမတွေကို ချီမွမ်းတဲ့ဂါထာလေးသတိရတယ်---

န ဟိ သဗ္ဗေသု ဌာနေသု,
ပုရိသော ဟောတိ ပဏ္ဍိတော၊
ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ,
တတ္ထ တတ္ထ ဝိစက္ခဏာ။ -

နေရာတိုင်းမှာ ယောက်ျားတွေပဲ
ပညာရှိတာ မဟုတ်ဘူး
ပညာရှိမိန်းမတွေလည်း ရှိသေးတယ်တဲ့---

ဩော် ပြောရဦးမယ်
B.A,M.A, PhDဘွဲ့ရတာတဲ့သူကို ပညာတတ်လို့ခေါ်တာ မဟုတ်ဘူးနော် ဒီလိုအကောင်းအဆိုး အကြောင်းအကျိုးဆင်ခြင်နိုင်မှ ပညာရှိလို့ဆိုလိုတာ

ဘွဲ့တွေ ဒီဂရီတွေနဲ့သူက ဖာတဲ့နောက်မြှောက်တဲ့နောက်ပဲ လိုက်နေကြတာ မှန်းတဲ့ကောင်းတဲ့ဘက်မှာ အမြဲရှိတယ်---အောက်မှာဖတ်ကြည် ဘယ်လောက်ချစ်စရာ လေးစာစရာကောင်းလဲ တွေ့မယ် မျက်မှန်အမဲကြီးဆိုရင်တော့ မခံစားနိုင်ဘူးနော်--

                                  တက္ကသိုလ်စာသင်သား(1;3;2017)

Copy

ဓမ္မကာယကျောင်းနှင့်ပတ်သက်၍ ဘုရင်သမီးတော်မှတင်ပြပုံ
-------------
ယခုလက်ရှိဘုရင်သမီးတော် ဖရအုန်ကျောက်ဖချရကီတီရဖာ က အစိုးရအနေနှင့် ယခု သုံးစွဲသောပုဒ် မ
သည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုထိပါးစေပါသည်။ နိုင်ငံတော် ၏စီးပွားရေး ယဉ်ကျေးမှု ထိုင်းပြည်သူအသိုင်းအဝန်းထိခိုက်မှုမဖြစ်အောင်အထူးသတိထားပါ၊ နောက်လာနောက်သားများအတွက်လမ်းမှားကို ပြရာရောက်သဖြင့် အတုခိုးပြီး သံဃာတော် များအပေါ်အမြဲတမ်း အခုလို အပြုအမူမျိုး ကျင့်သုံးသွားမှာကိုစိုးရိမ်စိတ်ဖြင့်အကြံဥာဏ်ပြုပြောကြားသွားပါသည်။
အကယ် ၍ နောင်တချိန်မှာ ထိုနိုင်ငံတော်ကိုဦးေ ဆာင်မည့်သူသည်ဗုဒ္ဓဘာသာကို မကိုးကွယ်သောသူဖြစ်ရင်အခုလိုအစိုးရကကျင့်သုံးသွားသည့် နည်းအတိုင်းဘဲ ကျင့်သုံးကြမည်ဖြစ်သည်။

သာသနာနဲ့ပတ်သက်ပြီးတော့ ကျ င့်သုံးမည့် ဥပဒေကလည်း အဘက်ဘက်ကိုကြည့်ရပါသေးတယ် ။
အခုအချိန် မှာ ဖြစ်ပျက်နေတဲ့ ပုံစံက အစိုးရအနေနှင့် မိမိလက် ထဲမှာရှိသောအာဏာကို အသုံးချ ပြီးဖြေရှင်း
တဲ့ပုံစံက ခေတ် အဆက်ဆက်ရှေတုန်းက ကျင့်သုံးခဲ့သော အမှုအကျင့်ဟောင်းတွေဖြစ်သွားပါပြီ။
ဥပဒေကိုအသုံးချပြီး အဓမ္မဖိနှိပ်မှုစနစ်ကိုကျင့်သုံးနေတာပါပဲ။
သာသနာရေးကိစ္စများကို ဆောင်ွရွက်သည့်အခါမှာ အကြီးအကဲများအနေနှင့် တရားစီရင် ချက် ကို
ချ မှတ် လို လျှ င် အောက်ပါမူ ၅ချက်ကိုကြည့်ရပါသေးသည်။
၁.သံဃာတော် ၏ဝိနည်းပိုင်း
၂.နိုင်ငံတော်၏ဥပဒေပိုင်း
၃.သာသနာရေးဆိုင်ရာဥပဒေပိုင်း
၎.တရားနည်းလမ်းနှ င့် ညီ မှုရှိမရှိ
၅.သာသနာရေးဆိုင်ရာကော်မတီမှချမှတ် ထားသော စည်းမျ ဉ်းစည်းကမ်း
အဲဒီ၅ချက်ကနှစ်ပေါင်၂၆၀၀ေ ကျော် ကတည်းကသံဃာတော်များကျင့်သုံးလာခဲ့ခြင်းဖြပါသည်။

အခုလိုသံဃာတော်ကိုသူခိုးပစ္စည်းလက်ခံ ငွေမည်းငွေဖြူဆိုပြီးစွတ်စွဲတာမျိုးဟာ သာသနာသမိုင်းကြောင်း
မှာ သွားလှန်ကြည့်မရှိခဲ့ပါဘူး။
အခုလိုဒီအမှုကသာသနာသမိုင်းကြောင်းမှာ ပထမဦးဆုံးဖြစ်သည့်အမှုနောက်လာနောက်သား သံဃာတော်အပေါ်ဖိနှိပ်မှုကို လမ်းပြပေးသလိုမဖြစ် နေဘူးလား။အခုလိုအစိုးရ ရဲ့ လုပ်ရကြာင့် ချိ့ယွင်းချက်တခုခုဖြစ်လာရင်နိုင်တော်၏ ဂုဏ်သိက္ခာကျရုံသာမက ဗုဒ္ဓဘာသာရဲ့ ဆုံရှုံးမှုဟာ အများအပြားခံရမှာဖြစ်ပါတယ်။
ဒါတောမှ အစိုးရကဗုဒ္ဓဘာသာကို ကိုးကွယ်သူဖြစ်လို့သာပါ၊
သာသနာကသာသနာဥပဒေ၅ချက်ကို အစိုးရကဥပဒေဘောင်အတွင်းကအာဏနှင့်ဖိနှိပ်ပြီးသာသနာကိုနာမည်ပျက် အောင် ပြုတာ ဂယက်ရိုက် ပြုလုပ်တာ တရားမျှတမှုမရှိသောတရားစွဲချက်ဖြစ်ပါတယ်။

အနာဂါတ် ကာလမှာ နိုင်ငံတော်ဦးဆောင်သူသည်ဗုဒ္ဓဘာသာကိုးကွယ်သူမဟုတ်ခဲ့ရင်ဤလမ်းကြောင်းသည်သူတို့အတွက်လမ်းခင်းပေးသလိုဖြစ်သွားတော့ သံဃာတော်အတွက်ရင်လေးစရာဖြစ်ပါတယ်။
ဟူ၍တင်ပြသွားပါသည်။

ဒီသတင်းလေးကြားရတော့

အဖေဘုရင်ကမွတ်ဆလင်ဇာတ်ဝင်နေသော်လည်း အဖိုးဘုရင်ကြီး မကွယ်လွန်ခင်က ဆုံးမမှုနှင့်ရပ်တည်ချက်တွေကို အတူယူကာ တွေခေါ်မျှော်မြင်မှုရှိတဲ့ သမီးတော်လေးကို ကျေးဇူးတင်မိပါတယ်---

ဒီသတင်းလေးကြားရတော့ ထေရီဂါထာမှာ တောင်စောင့်နတ်က မိန်းမတွေကို ချီမွမ်းတဲ့ဂါထာလေးသတိရတယ်---

န ဟိ သဗ္ဗေသု ဌာနေသု,
ပုရိသော ဟောတိ ပဏ္ဍိတော၊
ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ,
တတ္ထ တတ္ထ ဝိစက္ခဏာ။ -

နေရာတိုင်းမှာ ယောက်ျားတွေပဲ
ပညာရှိတာ မဟုတ်ဘူး
ပညာရှိမိန်းမတွေလည်း ရှိသေးတယ်တဲ့---

ဩော် ပြောရဦးမယ်
B.A,M.A, PhDဘွဲ့ရတာတဲ့သူကို ပညာတတ်လို့ခေါ်တာ မဟုတ်ဘူးနော် ဒီလိုအကောင်းအဆိုး အကြောင်းအကျိုးဆင်ခြင်နိုင်မှ ပညာရှိလို့ဆိုလိုတာ

ဘွဲ့တွေ ဒီဂရီတွေနဲ့သူက ဖာတဲ့နောက်မြှောက်တဲ့နောက်ပဲ လိုက်နေကြတာ မှန်းတဲ့ကောင်းတဲ့ဘက်မှာ အမြဲရှိတယ်---အောက်မှာဖတ်ကြည် ဘယ်လောက်ချစ်စရာ လေးစာစရာကောင်းလဲ တွေ့မယ် မျက်မှန်အမဲကြီးဆိုရင်တော့ မခံစားနိုင်ဘူးနော်--

                                  တက္ကသိုလ်စာသင်သား(1;3;2017)

Copy

ဓမ္မကာယကျောင်းနှင့်ပတ်သက်၍ ဘုရင်သမီးတော်မှတင်ပြပုံ
-------------
ယခုလက်ရှိဘုရင်သမီးတော် ဖရအုန်ကျောက်ဖချရကီတီရဖာ က အစိုးရအနေနှင့် ယခု သုံးစွဲသောပုဒ် မ
သည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုထိပါးစေပါသည်။ နိုင်ငံတော် ၏စီးပွားရေး ယဉ်ကျေးမှု ထိုင်းပြည်သူအသိုင်းအဝန်းထိခိုက်မှုမဖြစ်အောင်အထူးသတိထားပါ၊ နောက်လာနောက်သားများအတွက်လမ်းမှားကို ပြရာရောက်သဖြင့် အတုခိုးပြီး သံဃာတော် များအပေါ်အမြဲတမ်း အခုလို အပြုအမူမျိုး ကျင့်သုံးသွားမှာကိုစိုးရိမ်စိတ်ဖြင့်အကြံဥာဏ်ပြုပြောကြားသွားပါသည်။
အကယ် ၍ နောင်တချိန်မှာ ထိုနိုင်ငံတော်ကိုဦးေ ဆာင်မည့်သူသည်ဗုဒ္ဓဘာသာကို မကိုးကွယ်သောသူဖြစ်ရင်အခုလိုအစိုးရကကျင့်သုံးသွားသည့် နည်းအတိုင်းဘဲ ကျင့်သုံးကြမည်ဖြစ်သည်။

သာသနာနဲ့ပတ်သက်ပြီးတော့ ကျ င့်သုံးမည့် ဥပဒေကလည်း အဘက်ဘက်ကိုကြည့်ရပါသေးတယ် ။
အခုအချိန် မှာ ဖြစ်ပျက်နေတဲ့ ပုံစံက အစိုးရအနေနှင့် မိမိလက် ထဲမှာရှိသောအာဏာကို အသုံးချ ပြီးဖြေရှင်း
တဲ့ပုံစံက ခေတ် အဆက်ဆက်ရှေတုန်းက ကျင့်သုံးခဲ့သော အမှုအကျင့်ဟောင်းတွေဖြစ်သွားပါပြီ။
ဥပဒေကိုအသုံးချပြီး အဓမ္မဖိနှိပ်မှုစနစ်ကိုကျင့်သုံးနေတာပါပဲ။
သာသနာရေးကိစ္စများကို ဆောင်ွရွက်သည့်အခါမှာ အကြီးအကဲများအနေနှင့် တရားစီရင် ချက် ကို
ချ မှတ် လို လျှ င် အောက်ပါမူ ၅ချက်ကိုကြည့်ရပါသေးသည်။
၁.သံဃာတော် ၏ဝိနည်းပိုင်း
၂.နိုင်ငံတော်၏ဥပဒေပိုင်း
၃.သာသနာရေးဆိုင်ရာဥပဒေပိုင်း
၎.တရားနည်းလမ်းနှ င့် ညီ မှုရှိမရှိ
၅.သာသနာရေးဆိုင်ရာကော်မတီမှချမှတ် ထားသော စည်းမျ ဉ်းစည်းကမ်း
အဲဒီ၅ချက်ကနှစ်ပေါင်၂၆၀၀ေ ကျော် ကတည်းကသံဃာတော်များကျင့်သုံးလာခဲ့ခြင်းဖြပါသည်။

အခုလိုသံဃာတော်ကိုသူခိုးပစ္စည်းလက်ခံ ငွေမည်းငွေဖြူဆိုပြီးစွတ်စွဲတာမျိုးဟာ သာသနာသမိုင်းကြောင်း
မှာ သွားလှန်ကြည့်မရှိခဲ့ပါဘူး။
အခုလိုဒီအမှုကသာသနာသမိုင်းကြောင်းမှာ ပထမဦးဆုံးဖြစ်သည့်အမှုနောက်လာနောက်သား သံဃာတော်အပေါ်ဖိနှိပ်မှုကို လမ်းပြပေးသလိုမဖြစ် နေဘူးလား။အခုလိုအစိုးရ ရဲ့ လုပ်ရကြာင့် ချိ့ယွင်းချက်တခုခုဖြစ်လာရင်နိုင်တော်၏ ဂုဏ်သိက္ခာကျရုံသာမက ဗုဒ္ဓဘာသာရဲ့ ဆုံရှုံးမှုဟာ အများအပြားခံရမှာဖြစ်ပါတယ်။
ဒါတောမှ အစိုးရကဗုဒ္ဓဘာသာကို ကိုးကွယ်သူဖြစ်လို့သာပါ၊
သာသနာကသာသနာဥပဒေ၅ချက်ကို အစိုးရကဥပဒေဘောင်အတွင်းကအာဏနှင့်ဖိနှိပ်ပြီးသာသနာကိုနာမည်ပျက် အောင် ပြုတာ ဂယက်ရိုက် ပြုလုပ်တာ တရားမျှတမှုမရှိသောတရားစွဲချက်ဖြစ်ပါတယ်။

အနာဂါတ် ကာလမှာ နိုင်ငံတော်ဦးဆောင်သူသည်ဗုဒ္ဓဘာသာကိုးကွယ်သူမဟုတ်ခဲ့ရင်ဤလမ်းကြောင်းသည်သူတို့အတွက်လမ်းခင်းပေးသလိုဖြစ်သွားတော့ သံဃာတော်အတွက်ရင်လေးစရာဖြစ်ပါတယ်။
ဟူ၍တင်ပြသွားပါသည်။

Monday, February 27, 2017

အသည်း C ပိုး နှင့် စိတ်မဆိုးသင်္ဘောရွက်ခြောက် ရေနွေးကြမ်း

အသည်း C ပိုး နှင့် စိတ်မဆိုးသင်္ဘောရွက်ခြောက် ရေနွေးကြမ်း

မိတ်ဆွေတယောက် ဒီနေ့လာပြောတာပါ။
မေမြို့က မိတ်ဆွေကို စိတ်မဆိုး သင်္ဘောရွက်ခြောက် ရေနွေးကြမ်း သူဝယ်ဝယ်ပို့ပေးနေတာ အသည်း C  ပိုး ကောင်းသွားပြီတဲ့။

စိတ်မဆိုး မြင်းခွာရွက်လုံး / ရှားစောင်လက်ပတ်လုံး / ရဲယိုလုံး

#စိတ်မဆိုး သွေးသန့် ဆနွင်းလုံး၊ဆနွင်းမှုန့်
#စိတ်မဆိုး သင်္ဘောရွက်ခြောက် ရေနွေးကြမ်း
တိုက် 2 အခန်း 101 ဇီဇဝါအိမ်ယာ
သံသုမာလမ်းမ၊ တောင်ဥက္ကလာပ။
ဖုန်း 01 8500 355
( မြင်သာဈေး မှတ်တိုင်အနီး နှင့် ဘေလီကားဂိတ်ကြား )

#သင်္ဘောရွက်ကိုသောက်နည်းစားနည်း
1. သင်္ဘောရွက်ကို ရေနွေးဖျောသောက်ပါ။ အဖတ်က တို့စားလို့ရတယ်။

2. သင်္ဘောရွက်ကို အခြောက်လှမ်း ရေနွေးကြမ်းလိုခပ်သောက်။

3. သင်္ဘောရွက်ကို အရည်ညှစ်သောက်။ ရေသေသေခြာခြာဆေးပြီး သန့်ရှင်းပြီးမှ လုပ်ပါ။

ကြိုက်သလိုတာ သောက်။ ကြိုက်သလိုစား။
အနည်းဆုံး တရက်ကို ၃ရွက် သောက်ပါ စားပါ။

=

စက်ကြီးတစ်ဆယ်သုံးပါး

စက်ကြီးတစ်ဆယ်သုံးပါး

(1)အောင်တစ်ရာ့ရှစ်ကွက်ဗုဒ္ဓစက်
(2)တစ်ဆယ့်လေးချက် ဓမ္မစက်
(3)တစ်ဆယ့်ရှစ်ချက် သံဃာစက်
(4)လရောင်ဝင်းလျက် ရှင်ပစ္စေကဗုဒ္ဓရဟန်းနာစက်
(5)မြင့်မိုရ်တောင်ဦးမက ကြူးလျက်မိဘစက်
(6)ဂုဏ်ကျေးဇူးအထူးသိလျက် ဆရာစက်
(7)ဝရဇိဏ်လက်နတ် ဗြမ္မာစက်
(8)မိုးကြိုးလက်နတ်သကြားစက်
(9)လောင်မီးကျလျက်နတ်တို့စက်
(10)ဘွဲ့ဖြူလက်နတ် ဘီလူးစက်
(11)အာခံတွင်းကဝင်းဝင်းတောက်လျက်နဂါးစက်
(12)တောင်ဟုန်ပြင်းလျက်ဂဋုံစက်
(13)သုံးထောင်သင်္ချာ ဟိမဝန္တာ အာဏာစိုးလျက်သီဟစက်

ဆက်ကြီးတစ်ဆယ့်သုံးပါးရွတ်သံကြားကဘေးများမြင်ရှုမကောင်းမှုတို့ အဝေးသို့ရှောင်ကျဉ်ရာသည်မြတ်သည့်ဆရာပညာတည်း

သွေးမြေကျခဲ့သည့် နာလန္ဒာတက္ကသိုလ်ကြီး၏ သမိုင်းကိုလေ့လာခြင်း”

“သွေးမြေကျခဲ့သည့် နာလန္ဒာတက္ကသိုလ်ကြီး၏ သမိုင်းကိုလေ့လာခြင်း”
****************************************************************************
သမိုင်းကိုမသိရင် လူ-အနှင့်တူ၏။ စာရေးသူသည် သမိုင်းဘာသာကို စိတ်ဝင်စားသူတစ်ဦးဖြစ်သည့် အားလျော်စွာ ကမ္ဘာကြီးသို့ ဗုဒ္ဓဘာသာစာပေများ ဖြန့်ဖြူးပေးခဲ့သော ရဟန်းသံဃာတော်များသွေးမြေကျခဲ့သည့် ရှေးဟောင်းနာလန္ဒာတက္ကသိုလ်ကြီး၏ သမိုင်းကြောင်းကို လေ့လာကြည့်မိတဲ့အခါ…

ဗုဒ္ဓရှင်တော်ဘုရား၏ လက်ထက်တော်အခါက နာဠကရွာ- ယခုနာလန္ဒာခေါ်သော နေရာသည် ဗုဒ္ဓဂယာ မိဂဒါဝုန်စသော နေရာတို့ကဲ့သို့ အဝိဇဟိတဌာနမဟုတ်သော်လည်း ဗုဒ္ဓဘာသာနှင့် တစ်ခြားသော ဘာသာတို့၏ စာပေကျမ်းဂန်တို့ကို လေ့လာကျက်မှတ်ကြရာ ကမ္ဘာကျော်တက္ကသိုလ်ကြီးတစ်ခုအဖြစ်ဖြင့် တည်ရှိခဲ့သည်။ နာလန္ဒာတက္ကသိုလ်ကြီးသည် ရာဇဂြိုဟ်မြို့နှင့်၎မိုင်၊ ယခု-ပတ္တနား(ဘီဟာပြည်နယ်၏ မြို့တော်)၊ ယခင်ပါဋလိပုတ်မြို့မှ ၅၅မိုင်ခန့်အကွာတွင်တည်ရှိ၏။ လင်္ကျာတော်ရံ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် ဤရွာမှာပင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ ထို့ပြင် မြတ်စွာဘုရားရှင် သည်လည်း ရာဇဂြိုဟ်မြို့မှ ကြွရောက်တော်မူပြီးလျှင် အကြိမ်ပေါင်းများစွာ တရားဒေသနာတော် ဟောတော်မူရာဖြစ်ပြီး ထင်ရှားသည့်သုတ္တန်တစ်ခုက ဗြဟ္မဇာလသုတ္တန်ပင်ဖြစ်၏။ မဂဓတိုင်းရှင်ဘုရင်များ၏ လေညှင်းခံရာ ဖြစ်သော ဥယျာဉ်ကြီးတစ်ခုမှာ ဤတက္ကသိုလ်ကြီးနှင့် မနီးမဝေးသော နေရာတွင် တည်ရှိခဲ့၏။
နာလန္ဒာတက္ကသိုလ်ကြီးကို ကျောက်စာဝန်မင်းကြီး ဘူချနန်ဟာမီလတန်သည် ဘရာဂွန်ခေါ်ရွာ၏ အနီး၌ တူးဖော်၍ ရရှိခဲ့လေသည်။ ဘူချနန်ဟာမီလတန်ဘက်ထက် ရှေ့ကျသော ကျောက်စာဝန်မင်းကြီး ကာနင်ဂန်သည် ဤကျောင်းတော်ရာကို တူးဖော်၍ ဤကျောင်းတော်ပျက်ကြီးထဲမှ ရရှိခဲ့သော အကိုးအကား ကျောက်စာများ ပါသည့် အတိုင်း နာလန္ဒာတက္ကသိုလ်ကြီး ဖြစ်ကြောင့်နှင့် တစ်ထစ်ချ အစီအရင်ခံစာကို ဆိုင်ရာသို့ တင်သွင်းခဲ့လေသည်။

နာလန္ဒာကျောင်းတော်ကြီး၏ ပရဝုဏ်တွင် စေတီတန်းကြီးများ၊ ကျောင်းတော်ကြီးများ စီတန်းလျက်ရှိသည်။ ၄င်းနေရာများ၏ တစ်ဖက်တွင်ကား ကောလိပ်ကျောင်းကြီးများနှင့် စတုဒိသာဇရပ်ကြီးများ ရှိ၏။ ဤအဆောက် အဦးများအနက် တစ်ချို့တစ်လေ အဆောက်အဦးတို့မှာ အထပ်ပေါင်းများစွာ ရှိသဖြင့် အလွန်ပင် မြင့်မားလှပေ သည်။ ထို့ပြင်အဆောက်အဦးဟောင်းကြီးများ အပေါ်၌ အကြိမ်ပေါင်းများစွာ ထပ်မံဆောက်လုပ်ထားသော အဆောက်အဦးများလည်းရှိ၏။ ယခုနာလန္ဒာတက္ကသိုလ်အဟောင်းကြီးသို့ လက်ဝဲဘက်ဂိတ်ပေါက်ကြီးမှ စ- ဝင်ခဲ့သည်ရှိသော် ရှေးဦးစွာ ကျောင်းတော်နံပါတ်တစ်၊ ၄င်း၏လက်ယာဘက်ရှိ နံပါတ် ၄-၅ ကျောင်းတော်ကြီး များသို့ ရောက်၏။ ဤတက္ကသိုလ်ကြီး၏ ပတ်ဝန်းကျင်၌ရှိနေသော စေတီကြီးငယ်ပေါင်းများစွာတို့မှာ မင်း၊ သူကြွယ်တို့၏ အဆင်သင့်လှူဒါန်းထားခဲ့သော ကောင်းမှုတော်များ ဖြစ်သည်။ ထိုအထဲတွင် ဂုတ္တခေတ်မှ လာသော အဆောက်အဦးတို့မှာ အလှဆုံး အခိုင်မာဆုံးဖြစ်သည်။ တက္ကသိုလ်ကြီး၏ အရှေ့မြောက်ဘက် သစ်သားလှိုဏ်ဂူကြီးထဲ၌ အဝလောကီတေဆွာရခေါ်သော ဘုရားလောင်းရုပ်တုတော်၊ အရှေ့တောင်ဘက်၌ တက္ကသိုလ်ကြီးတွင် ပထမဆုံး ကျောင်းအုပ်ဖြစ်ခဲ့သူ နာဂဇုန မဟာယာနဘုန်းတော်ကြီး၏ အရုပ်လည်းရှိ၏။ တက္ကသိုလ်ကြီးထဲ၌ရှိသည့် အဆောက်အဦး၊ စေတီ။ ရုပ်ပွားတော်များ အကြောင်းကို အကျယ်ဝိတ္ထာရအားဖြင့် ရေးသားရန်မလွယ်ကူလှ၊ အကျဉ်းသင်္ခေပဖြင့်သာ ရေးသားနိုင်မည်ဖြစ်၏။

အရှေ့ဘက်တွင် မွတ်ဆလင်တို့၏ မီးဒဏ်ကြောင့် ပျက်စီးခြင်းသို့ ရောက်နေသော အခန်း၉-ခန်းပါဝင်သော ကျောင်းတော်ကြီး၊ ကျောက်တိုင်ကြီးများနှင့် ယနေ့တိုင် မီးလောင်ကျွမ်းနေသော အရာဝတ္ထုများကို တွေ့မြင်နိုင်သည်။ ခရစ် ၈၁၅-၈၅၄ခုနှစ် ပါလမင်းများလက်ထက် ဂျဝါနှင့် သုမတ္တရာကျွန်းရှင် ဗလပုတြတို့ ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်၏။ ထို့ပြင်ဆရာများနှင့် ကျောင်းသားများ နေထိုင်ရန် Hall ဟောလ် ခန်းမကြီး၊ ရှိပြီး၊ ဆက်လက်တူးဖော်ချက်အရ ရှစ်ပါးသီလကို ကျောက်ကမ္ဗည်းထိုးထားသော ကျောက်ချပ်များ၊ ရုပ်ပွားတော်ပေါင်းများစွာ ပေါ်ထွက်ကြောင်း၊ နာလန္ဒာလမ်းညွှန်စာအုပ် မစ္စတာအေဃောဆ်က ရေးသားထားသည်။ ယခုအခါ ထိုအရာများကို ပြတိုက်ကြီးထဲ၌ သိမ်းဆည်းထား၏။ ကျောင်းတော် ၄-၅-၆ တို့ကို တစ်ခုနှင့်တစ်ခု ဆက်စပ်လျက် ဆောက်လုပ်ထားသည်။ ဤကျောင်းတော်ကြီးများသည် ယခုခေတ် မြန်မာပြည်ရှိ မည်သည့်ကျောင်းများနှင့်မျှ နှိုင်းယှဉ်စရာမရှိချေ။ အလျားတစ်ဖက်တွင် ၉-ခန်းနှင့် အနံ ၄-ခန်းစီ ရှိလေသည်။ တစ်ကျောင်းလျှင် သံဃာတော်ပေါင်း (၁၀၀) နေနိုင်၏ ဤကျောင်းတော်များကိုတော့ ခရစ် ၄၁၃တွင် ဂုတ္တမင်းများ လက်ထက်၌ ဆောက်လုပ်ခဲ့လေသည်။ ဤကျောင်းတော်များကို ခိုင်ခန့်သော အုတ်နံရံကြီးများဖြင့် ကာရံထားကာ ထိုအုတ်နံရံကြီးများအပေါ်တွင် စေတီငယ် ၂၁၁ဆူ ပူဇော်ထား၏။ အရှေ့မြောက်တွင် ကျောင်းတော် ၂နှင့်၇ တို့ရျိပြီး ၈-၉-၁၀-၁၁တို့ကား ပညာသင်ကြားရာ ကောလိပ်ဆောင်ကြီး များသာဖြစ်၍ ကျောင်းသားပေါင်း ၂၀၀၀၀ခန့်ဆံနိုင်မည်ဖြစ်၏/

ဤနာလန္ဒာကျောင်းတော်ကြီးသည် ဖော်ပြခဲ့သည့်အတိုင်း အေဒီ၁ရာစုမှစ၍ မွတ်ဆလင်တို့ဝင်ရောက် ဖျက်ဆီးခဲ့သော ၁၂ရာစုထိ ကမ္ဘာကျော်တက္ကသိုလ်ကြီးဘဝဖြင့် တည်ရှိခဲ့ခြင်းကြောင့် မင်းစိုးရာဇာများနှင့် သူဌေးသူကြွယ် အဆက်ဆက်တို့၏ ကောင်းမှုတော် ကျောင်း စေတီများမှာ မည်၍ မည်မျှဟု ရေတွက်ခြင်းငှာ မတတ်နိုင်လောက်အောင် များပြားလှသည်။ တရုတ်ဘုရားဖူးသား ယန်ချောင်၏ မှတ်တမ်းအရ အေဒီ၆ရာစုမှ စ၍ ဗုဒ္ဓဘာသာသည် အိန္ဒိယပြည်၌ သိသိသာသာကြီး ဆုတ်ယုတ်လျက် ရှိသော်လည်း၊ နာလန္ဒာတက္ကသိုလ်  ကြီးကား အလွန်စည်ကားလျက်ရှိသေး၏။ မင်းစဉ်မင်းဆက် ဤတက္ကသိုလ်ကြီး၏ ပညာရေးကို အားပေးကူညီ ရသောကြောင့် ဖြစ်လေသည်။ ဤတက္ကသိုလ်ကြီး၏ အကျိုးအလို့ငှာ ရွာပေါင်း ၁၀၀မှ ကောက်ခံ၍ ရရှိအပ်သော ဘဏ္ဍာတော်ကို တရုတ်ပြည်၊ မွန်ဂိုလီးယားနှင့် နိုင်ငံအရပ်ရပ်မှ လာရောက်ပညာသင်ကြား ကြသော ကျောင်းသားတို့အား နေထိုင်ရေး၊ ပညာသင်ကြားရေး စရိတ်တို့ကို အခမဲ့ပေးထား၏။ အိန္ဒိယပြည်တွင် ပညာဂုဏ်ရည် အချွန်ဆုံးသောသူသည် ဤတက္ကသိုလ်ကြီးသို့ လာရောက်ပြီး Professor ပရောက်ဖက်ဆာအဖြစ်လုပ်ဆောင်ရ၏။

ဤတက္ကသိုလ်ကြီးကို ဗုဒ္ဓသာသနာတက္ကသိုလ်ကြီးဟု ခေါ်ဆိုကြသော်လည်း တစ်ခြားဘာသာမှ စာပေတို့ကိုလည်း အထူးသဖြင့် ဂရုစိုက်ကာ သင်ကြားပေး၏။ အချင်းချင်း ဆွေးနွေးတိုင်ပင်ခြင်း၊ ပညာသင်ကြားခြင်းတို့ကို နေ့ရောညပါ အခါမရွေး ခွင့်ပြုထား၏။ ဤတက္ကသိုလ်ကြီး၏ နိဂုံးပိုင်းကို ဆက်လက်ရေးသားပါဦးမည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Saturday, February 25, 2017

* အုတ်ခဲပုံကြီးကို ရှိခိုးဦးချနေခြင်းမဟုတ် *

* အုတ်ခဲပုံကြီးကို ရှိခိုးဦးချနေခြင်းမဟုတ် *
~~~~~~~~~~~~~~~~~~~~
တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းများမှာ -

(၁) တံခွန်တိုင် = မာန ( ရတနာတော်မြတ် ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)

(၂) ပန်းတင်ခုံ = ပတ္ထနာ - နိဗ္ဗာန်ရောက်ကြောင်း ဆုတောင်းရန်

(၃) ရှစ်မြှောင့် = မွေးခြင်း(၄)မျိုး+ သေခြင်း(၄) မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်

(၄) ကြီဝင်း-၅ခု = ဂတိ-၅ပါးမှ လွတ်အောင် ကြိုးစားကြရန်

(၅) ခါးစည်း = သီလ/သမာဓိ/ပညာ ဟူသော အဓိသိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်

(၆) ခေါင်းလောင်း = မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တ၀ါများသို့ မျှဝေပေးရန်

(၇) ဖောင်းရစ်-၇ရစ် = ၀ိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြရန်

(၈) သပိတ်မှောက် = တဏှာ/မာန/ဒိဌိ(အယူမှား) ဟူသော သံသရာနယ်ချဲ့တတ်သည့်ပပဉ္စတရား(၃)ပါးတို.ကို သပိတ်မှောက် ဆန့်ကျင်တော်လှန်ကြရန်

(၉) ဘီလူးပန်းဆွဲ-၁၆ခု = ဥာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်

(၁၀) ကြာမှောက်/ကြာလှန်= ကြာပန်းသည် ဗုဒ္ဓမြတ်စွာဘုရား၏သင်္ကေတ

(၁၁) ထီးတော်ဘုံ ၇ဆင့် = အေးငြိမ်းသည့် အရိယာသူတော်စင်တို့ ရရှိခံစားရသည့်မဂ်(၃)တန်+ ဖိုလ်(၄)တန်(သောတာပတ္တိမဂ်အပါအ၀င်)

(၁၂) ငှက်မြတ်နား = ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီ  စာရေး စာချ တရားဟော တရားပြ/သာသနာပြုသူတော်မြတ်အလုပ်များဖြင့် ခေတ္တနားခိုရာ

(၁၃) စိန်ဖူးတော် = စိန်တွင် အညစ်အကြေးပါဝင်မှု ကင်းစင်သလို ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊စိတ်အညစ်အကြေး(ကိလေသာ)အားလုံး ကင်းစင်သည့် နိဗ္မာန်တရားတော်မြတ်

သူတော်ကောင်းတရား လွှမ်းပတ်ကမ္ဘာတည်ပါစေ…

ယုတ်မာညစ်ဆိုး ဒုစရိုက်မျိုးကို
သူတော်လက်နက် တရားစက်ဖြင့်
ဖြိုဖျက်နိုင်ကြပါစေ…

အလောင်းအလျာ ဖြည့်ကောင်းရာသည့်
သုံးဖျာဆယ်လီ ပါရမီတော်တို့ကို
မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း…

ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသော

ဗုဒ္ဓဘာသာတရားကို မယုံကြည်လို့မေးသော
===========================
မေးခွန်းများကို တိကျသောဖြေရှင်းချက်...
==========================
ဗုဒ္ဓဘာသာကိုအဖျက်သဘောနဲ့မေးခွန်းတွေမေးလာခဲ့
ရင်ပြန်လည်ဖြေကြားနိုင်ရန်အတွက်
ဒီပိုစ့်ကိုထပ်ဆင့်မျှဝေပေးလိုက်သည်..။။
****************************

(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက်
        တာဝန်မဲ့ရာ မရောက်ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
(၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
(၈) - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။   
        ဟုတ်ပါသလား။
(၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား
          ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
(၁၀) - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
(၁၁) - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
(၁၂) - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့
          ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။

(၁) မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။

ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာ တည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေတဖြည်းဖြည်း တိုးပွါးနေပါတယ်။

(၂) မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုပဲပေါ့။

ဖြေ - ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။ "sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ "Philosophy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊ သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။

ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တ၀ါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosophy) သာ ဖြစ်ပါတယ်။

(၃) မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။

ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဓနနှင့် မိဖုရား မယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။ ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။

အသက်၂၉နှစ် ရှိတဲ့အခါ ဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် (ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇာစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။

သိဒ္ခတ္ထမင်းသားဟာ (ဥရုဝေလတော) မှာ ခြောက်နှစ် ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။ အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။

(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကို စွန့်၍ အာနာပါနဈာန် အခြေခံလျက် မဂ္ဂင်ရှစ်တန် ပွါးမှသာ ဘုရားအဖြစ်သို့ ရောက်ပါသည်။) ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့ မဟာ ကရုဏာတော်နှင့် ခန္တီတရားကြောင့် များစွာသော လူတို့ဟာ တပည့်သာဝကအဖြစ် ခံယူကြပါတယ်။

သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက် အိုခြင်းတရား၊ နာခြင်းတရားများ ဖိစီးနှိပ်စက် ခံရသော်လဲ ချမ်းမြေ့အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော် မူပါတယ်။)

(၄) မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ  
              မရောက်ဘူးလား။

ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူအချိန် အကြာကြီး စဉ်းစားပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့ အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။

ကြီးမားတဲ့ မဟာကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။

(၅) မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။

ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။

ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။

ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။

(၆) မေး - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။

ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။

(၇) မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။

ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော်ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။

ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။ အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။
လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။

ဒီလို အရိုအသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။ တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။

ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။

(၈) မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ
              ကြားဘူးပါတယ်။ ဟုတ်ပါသလား။

ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုးကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။

ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။

ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။

ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို
ဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ် အသုံးပြုကြပါတယ်။ ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။

(၉) မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့
             တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့်
             လုပ်ကြပါသလဲ။

ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက် ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေဘဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။ မှန်ပါတယ်၊ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံဘဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရတတ်ပါတယ်။

ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ “ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။

ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက်ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။” ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ်သင့်ပါဘူး။

(၁၀) မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ
               ဘာကြောင့်လဲ။

ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြားမိတာကတော့ ဗုဒ္ဓ ဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရားအားလုံး ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။

အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက် နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။

ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။ သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ်။

(၁၁) မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။

ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။

ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ ဈင် ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ၀ဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။

ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။

ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။

(၁၂) မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။

ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။

ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။

ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ္တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝဥဿုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။

အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။ အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။
ပြင်သစ်က Tasse လို့ခေါ်တယ်။ တရုတ်က Pei ၊ အင်ဒိုနီးရှားက cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ် ကိုးကားပြီး အကြောက်အကန် ငြင်းခုံနေကြပါရော။

အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့သောက်ပစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။ ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊
ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှ
အမောပြေပြီး လန်းဆန်းလာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။

Credit #Original Uploader#