Thursday, October 4, 2018

ပါဠိ​တော်​နည်းကြိုက်​သူများအတွက်

ပါဠိ​တော်​နည်းကြိုက်​သူများအတွက်
********

လက်​ဖက်​ရည်​ဆိုင်​ ထိုင်​​နေခိုက်​ သာမ​ဏေ​ကျော်​ စာသင်​သားဘဝ အရမ်းရင်းနှီးတဲ့ သူငယ်​ချင်းက လာနှုတ်​ဆက်​တယ်

သူငယ်​ချင်း==အိမ်​ကြီး​ရေး မ​တွေ့တာကြာပြီ​နော်​၊
(ဣန္ဒာစရိယ>ကို အတို​ခေါ် အိမ်​)

အရင်​လို စာဖတ်​​သေးလား၊
ဟို​နေက ကိုယ့်​ဆရာရဲ့မိတ်​​ဆွေ ရိပ်​သာဘုန်းကြီး တစ်​ပါး​တွေ့​တော ပါဋ္ဌဋီကြီးကို
သတိရလိုက်​တာကွာ
(ပါဠိ,အဋ္ဌကထာ,ဋီကာထဲက ပါတာ​လေး အချို့ကို မှတ်​ပြီး သူငယ်​ချင်း​တွေနဲ့ စကားနိုင်​လု​ပြော​လေ့ရှိလို့ ရွဲ​ခေါ်ကာ ပါဋ္ဌဋီဟု ​နောက်​​ပြောင်​​ခေါ်ကြ)

ဣန်​=ဘာလို့လဲ စကားကပ်​​ပြောလို သတိရတာလား

သူငယ်​ချင်း=မဟုတ်​ပါဘူးကွာ၊ သူ​ပြောတာ နားထဲကန့်​လန့်​ ကြားလိုက်​​တော့ ကိုယ့်​လူနဲ့ ​တွေ့​ပေးချင်​လို့

ဣန်​=ဘာလိုလဲ၊ ပါတီကိုယ်​​တော်​ ဖြတ်​​နေလို့လား

သူငယ်​ချင်း= ပါတီကိုယ်​​တော်​လား၊ ဘာလား​တော့ မသိဘူး။ သူ​ပြောတာ နားထဲကန့်​လန့်​ကြီး ကြား​နေရသလိုပဲ၊ စိတ်​ထဲ ပါဋ္ဌဋီကြီးနဲ့ ​တေ့​ပေးလိုက်​ချင်​တာလို့ ​တွေးမိ​သေးတယ်

ဣန်​=​အောင်​မာ (ည--​ပေး​ကောင်​) ငါများ ခိုင်​တိုင်​လုပ်​ရ​အောင်​ မင်းည-လင် မင်း​ယောက်​ဖကြီး မှတ်​​နေတာလား
(အရမ်းရင်းနှီး သူငယ်​ချင်းအချင်းချင်း စ​နောက်​ပြီး ညီမ​တောင်းဟန်​ဖြင့်​ ညီးမ​ပေး​ကောင်​ဟု အ​ပြောင်​​ပြောခြင်း)

သူငယ်​ချင်း=အ​ကောင်း​ပြော​နေတာဟ၊ သူက ကိုယ့်​ဆရာ​ရှေ့မှာ ​ပြော​နေတာ၊ ရိပ်​သာက ဘယ်​မူနဲပြတာလဲ​မေး​တော့
တပည့်​​တော်​ရိပ်​သာက ပါဠိ​တော်​နည်းပဲ သုံးတယ်​တဲ့။
သူက အဋ္ဌကထာ,ဋီကာ​တွေ အားမကိုးဘူး ပါဠိ​တော်​တိုက်​ရိုက်​ပဲတဲ့

ဣန်​=(ည-​ပေး​လေးရယ်​) ဒါများ အလွယ်​​လေးပါကွာ။ ပါဠိ​တော်​ တိုက်​ရိုက်​ပါတဲ့ ဓမ္မပဒဂါထာကို အဋ္ဌကထာ,ဋီကာ​တွေ မကြည့်​ဘဲ  အဋ္ဌကထာ,ဋီကာ​တွေနှင့်​အညီ အနက်​​ပေးထားတဲ့ နိသျ​တွေကို အားမကိုးဘဲ ဆရာတပည့်​​တွေ ကိုယ်​တိုင်​ကျင့်​ကြည့်​ပါဘုရားလို့ ​ပြောလိုက်​​ပေါ့

သူငယ်​ချင်း=ရဟန်းမ သ္မီး​ပေးရဲ့ဘာဂါထာလဲဟ
(ရဟန်းအမသည်​ အစ်​မဝမ်းကွဲဖြစ်​၍ တူမရှိ​ကြောင်း သိထား​သော​ကြောင့်​ တူမ​တောင်းဟန်းဖြင့်​ ​ပြောသည်​)

ဣန်​=(ည​-​ပေးရယ်) ​အဋ္ဌကထာ,ဋီကာပယ်​ချင်​​နေတဲ့ ဆရာတို့အတွက်

မာတရံ ပိတရံ ဟန္တွာ,
ရာဇာနော ဒွေ စ ခတ္တိယေ၊
ရဋ္ဌံ သာနုစရံ ဟန္တွာ,
အနီဃော ယာတိ ဗြာဟ္မဏော။

မာတရံ ပိတရံ ဟန္တွာ,
ရာဇာနော ဒွေ စ သောတ္ထိယေ၊
ဝေယဂ္ဃပဉ္စမံ ဟန္တွာ,
အနီဃော ယာတိ ဗြာဟ္မဏော။

ရဟန္တာသည်​ အမိ,အဖကို သတ်​ပြီး
သမ္မတ အကြံ​ပေး နှစ်​ပါး,
အမတ်​နှင့်​တကွနိုင်​ငံကို သတ်​ဖြတ်ဖျက်​ဆီ၍ ဆင်​ရဲကင်​လျက်​သွားရတယ်​။
ရဟန္တာသည်​ အမိ,အဖကို သတ်​ပြီး
သမ္မတ အကြံ​ပေး နှစ်​ပါးနှင့်​ အမတ်​နှင့်​တကွ ငါးခု​မြောက်ကျားသွားလမ်းကို သတ်​ဖြတ်​ဖျက်​ဆီး၍ ဆင်​ရဲကင်​လျက်​သွားရတယ်​-ဆိုတဲ့  ဘုရား​ဟော ကျင့်​သုံး​နေထိုင်​နည်းကို ကျင့်​သုံးကြ​ပေါ့လို့ ​ပြောလိုက်​ပါလား။

သူငယ်​ချင်း=ရဟန်းမ သ္မီး​ပေးရဲ့
တော်​ကြား အဋ္ဌကထာ,ဋီကာနှင့်​အညီ ​ပေးထားတဲ့ နိသျ မကြည့်​ ပါဠိနည်းကျင့်​ကြလို့ ကြားထဲက​နေ ငါအ​ချောင်​ ပါရာဇိကကျ​နေပါဦးမယ်​ကွာ။

သူငယ်​ချင်းနဲ့ ​ပြောမိတာ​လေး ​ရေးတင်​လိုက်​တာ
အဋ္ဌကထာနည်း,ဋီကာနည်း အဓိပ္ပါယ်​​ရေးမလို ပျင်းသွားတာနဲ့ မ​ရေး​တော့ဘူး။

အရှင်​ဣန္ဒာစရိယ (​မော်​ကျွန်း)(30:9:2018/9:50pm)
########

ဖြည့်​စွပ်​ချက်​။ ပထမဂါထာသည်
ဂါထာသည်​ ဓမ္မပဒပါဠိ​တော်​၏ နှာ-၅၅၊ ပိုဒ်​​ရေ-၂၉၄ ၌ပါ၍
ဒုတိယဂါထာသည်​  ဓမ္မပဒပါဠိ​တော်​၏ နှာ-၅၅၊ ပိုဒ်​​ရေ-၂၉၅ ၌ပါသည်​။

ဤဂါထာနှင်​ပုဒ်​တို့ကို အဋ္ဌကထာဆရာ​တော်​ အရှင်​မဟာဗုဒ္ဓ​ဃောသက သံယုတ်​ပါဠိကိုအ​ခြေခံ၍ ဓမ္မပဒအဋ္ဌကထာ၊ဒုတိယအုပ်​၊ ၂၈၃-၂၈၄တို့၌ ဖွင့်​ဆိုပြထားသည်​။
အဋ္ဌကထာဖွင့်​ဆိုချက်​ ပြည့်​စုံပြီး ဖြစ်​​သော​ကြောင့်​ ဓမ္မပဒမဟာဋီကာ၌ ဖွင့်​ဆိုချက်​ မပြ​တော့။
အရှင်​သုဇနာလင်္ကာရ၏ ဓမ္မပဒဂါထာ(တတိယဆင့်​)နိသျကား ​ဖော်​ပြပါပုံ၌ရှု​လေ။

မာတရံ ပိတရံ ဟန္တွာ,
ရာဇာနော ဒွေ စ ခတ္တိယေ၊
ရဋ္ဌံ သာနုစရံ ဟန္တွာ,
အနီဃော ယာတိ ဗြာဟ္မဏော။

တတ္ထ သာနုစရန္တိ အာယသာဓကေန အာယုတ္တကေန သဟိတံ။ ဧတ္ထ ဟိ ‘‘တဏှာ ဇနေတိ ပုရိသ’’န္တိ ဝစနတော တီသု ဘဝေသု သတ္တာနံ ဇနနတော တဏှာ မာတာ နာမ။ ‘‘အဟံ အသုကဿ နာမ ရညော ဝါ ရာဇမဟာမတ္တဿ ဝါ ပုတ္တော’’တိ ပိတရံ နိဿာယ အသ္မိမာနဿ ဥပ္ပဇ္ဇနတော အသ္မိမာနော ပိတာ နာမ။ လောကော ဝိယ ရာဇာနံ ယသ္မာ သဗ္ဗဒိဋ္ဌိဂတာနိ ဒွေ သဿတုစ္ဆေဒဒိဋ္ဌိယော ဘဇန္တိ, တသ္မာ ဒွေ သဿတုစ္ဆေဒဒိဋ္ဌိယော ဒွေ ခတ္တိယရာဇာနော နာမ။ ဒွါဒသာယတနာနိ ဝိတ္ထတဋ္ဌေန ရဋ္ဌဒိသတ္တာ ရဋ္ဌံ နာမ။

အာယသာဓကော အာယုတ္တကပုရိသော ဝိယ တန္နိဿိတော နန္ဒိရာဂေါ အနုစရော နာမ။ အနီဃောတိ နိဒ္ဒုက္ခော။ ဗြာဟ္မဏောတိ ခီဏာသဝေါ။ ဧတေသံ တဏှာဒီနံ အရဟတ္တမဂ္ဂဉာဏာသိနာ ဟတတ္တာ ခီဏာသဝေါ နိဒ္ဒုက္ခော ဟုတွာ ယာတီတိ အယမေတ္ထတ္ထော။

ဒေသနာဝသာနေ တေ ဘိက္ခူ အရဟတ္တေ ပတိဋ္ဌဟိံသု။

ဒုတိယဂါထာယပိ ဝတ္ထု ပုရိမသဒိသမေဝ။ တဒါ ဟိ သတ္ထာ လကုဏ္ဍကဘဒ္ဒိယတ္ထေရမေဝ အာရဗ္ဘ ကထေသိ။ တေသံ ဓမ္မံ ဒေသေန္တော ဣမံ ဂါထမာဟ –

‘‘မာတရံ ပိတရံ ဟန္တွာ,
ရာဇာနော ဒွေ စ သောတ္ထိယေ၊
ဝေယဂ္ဃပဉ္စမံ ဟန္တွာ,
အနီဃော ယာတိ ဗြာဟ္မဏော’’။

တတ္ထဒွေ စ သောတ္ထိယေတိ ဒွေ စ ဗြာဟ္မဏေ။ ဣမိဿာ ဂါထာယ သတ္ထာ အတ္တနော ဓမ္မိဿရတာယ စ ဒေသနာဝိဓိကုသလတာယ စ သဿတုစ္ဆေဒဒိဋ္ဌိယော ဒွေ ဗြာဟ္မဏရာဇာနောစ ကတွာ ကထေသိ။ ဝေယဂ္ဃပဉ္စမန္တိ ဧတ္ထ ဗျဂ္ဃါနုစရိတော သပ္ပဋိဘယော ဒုပ္ပဋိပန္နော မဂ္ဂေါ ဝေယဂ္ဃေါ နာမ, ဝိစိကိစ္ဆာနီဝရဏမ္ပိ တေန သဒိသတာယ ဝေယဂ္ဃံ နာမ, တံ ပဉ္စမံ အဿာတိ နီဝရဏပဉ္စကံ ဝေယဂ္ဃပဉ္စမံ နာမ။ ဣဒဉ္စ ဝေယဂ္ဃပဉ္စမံ အရဟတ္တမဂ္ဂဉာဏာသိနာ နိေဿသံ ဟန္တွာ အနီဃောဝ ယာတိ ဗြာဟ္မဏောတိ အယမေတ္ထတ္ထော။ သေသံ ပုရိမသဒိသမေဝါတိ။
#########
တကယ်​​တော့ အဋ္ဌကထာ,ဋီကာဆိုတာ ဘုရား​ဟော​တော်​မူခဲ့​သော တရား​တော်​​တွေကို ဘုရားရှင်​လက်​ထက်​ကစပြီး ဘုရားရှင်​၏ အကျယ်​​ဟောကြားချက်​​တွေကို ဆရာအစဉ်းအဆက်​ အဆင့်​ဆင့်​ သင်​ယူမှတ်​သားထားတာ​တွေပါပဲ၊ သတိချွတ်​​ချော်​မှုနှင့်​ ဝါသနာဓ​လေ့​ကြောင့်​သာ အချို့​နေရာမှာ ချွတ်​​ချော်​မှားယွင်းမှု မရှင်းလင်းမှု အချက်​အချို့  ပါရှိ​နေခြင်းသာ ဖြစ်​ပါတယ်​။
ဆန်​ထဲမှာ ဆန်​ကွဲဆန်​ကျိုး နည်းနည်းပါရုံနဲ့ ဆန်​မဟုတ်​ဘူး ထမင်း မချက်​ဘူးဆိုရင်​​တော့ ငက်​​သေးရ​တော့မည့်​ကိန်း ဆိုက်​သကဲ့သို့ပင်
ချို့ယွင်းချက်​ နည်းနည်း​လောက်​နဲ့ အဋ္ဌကထာ, ဋီကာ​တွေ အကုန်​ပယ်​ပစ်​မယ်​ဆိုရင်​​တော့ ရသာစစ်​မှန်​ မြတ်​နိဗ္ဗာန်​နှင့်​ ပို​ဝေးသွားကြရလိမ့်​မယ်​-လို့ စဉ်းစား​တွေး​တောသင်​ပါတယ်

အရှင်​ဣန္ဒာစရိယ (​မော်​ကျွန်း) (1:9+10:2018/10:50am)

https://m.facebook.com/story.php?story_fbid=971771049676379&id=576981195822035

No comments:

Post a Comment