Monday, October 8, 2018

🙏​ဂေါတမဘုရားရှင်​ ရရှိ​တော်​မူခဲ့​သော ရဟန်းဘဝ (၉)ဘဝ

🙏​ဂေါတမဘုရားရှင်​ ရရှိ​တော်​မူခဲ့​သော ရဟန်းဘဝ (၉)ဘဝ🙏

=============
☸သောတုဇနရဟန်း အ​မေး။ ။☸
တပည့်​​တော်​တို့ ​​ဂေါတမဘုရားရှင်​ ပါရမီဖြည့်​စဉ်
ရဟန်းဘဝ (၉)ဘဝသာ ရခဲ့သည်​ဟု နာယူမှတ်​သားဖူးပါသည်​ဘုရား။
မည်​သည့်​ကျမ်းတွင်​ ပါရှိသည်​ကို သိလိုပါသည်​ အရှင်​ဘုရား။

🙏ပါချုပ်​ဆရာ​တော်​ အ​ဖြေ။ ။🙏
ဂေါတမဘုရားရှင်​ ပါရမီဖြည့်​စဉ်
ဘုရား(၂၄)ဆူနှင့်​ ကြုံ​တွေ့၍ ဗျာဒိတ်​ခံခဲ့သည်​။
ထိုတွင်​ ဘုရား(၉)ဆူထံ၌သာ ရဟန်းအဖြစ်​ခံယူခဲ့သည်​ကို
``အဋ္ဌသာလိနီအဋ္ဌကထာ´´နိဒါန်းလာ ဗျာဒိတ်​ခံခန်းမှာ ရှာ​ဖွေဖတ်​ရှု မှတ်​သားပါ။

🔸(၁) ​ကောဏ္ဍည ဘုရားလက်​ထက်​ ဝိဇိတာဝီအမည်​ရှိ စကြာဝ​တေးမင်းဖြစ်​စဉ်​ ရဟန်းပြုသည်​။
🔹(၂) မင်္ဂလ ဘုရားလက်​ထက်​ သုရုစိပုဏ္ဏားဖြစ်​စဉ်​ ရဟန်းပြုသည်​။
🔸(၃) သု​မေဓာ ဘုရားလက်​ထက်​ ဥတ္တရမည်​​သော ပုဏ္ဏားလုလင်​ဖြစ်​စဉ်​ ရဟန်းပြုသည်​။
🔹(၄) သုဇာတ ဘုရားလက်​ထက်​ စကြာဝ​တေးမင်းဖြစ်​စဉ်​ ရဟန်းပြုသည်​။
🔸(၅) ​ဝေဿဘူ ဘုရားလက်​ထက်​ သုဒဿနမည်​​သော မင်းဖြစ်​စဉ်​ ရဟန်းပြုသည်​။
🔹(၆) ဖုဿ ဘုရားလက်​ထက်​ ဝိဇိတာဝီမင်းဖြစ်​စဉ်​ ရဟန်းပြုသည်​။
🔸(၇) ကကုသန်​ ဘုရားလက်​ထက်​ ​ခေမဖြစ်​​သော မင်းဖြစ်​စဉ်​ ရဟန်းပြုသည်​။
🔹(၈) ​ကောဏဂမန ဘုရားလက်​ထက်​ ပဗ္ဗတမည်​​သော မင်းဖြစ်​စဉ်​ ရဟန်းပြုသည်​။
🔸(၉) ကဿပ ဘုရားလက်​ထက်​ ​ဇောတိပါလလုလင်​ဖြစ်​စဉ်​ ရဟန်းပြုသည်​။

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

#ပါချုပ်​ဆရာ​တော်​၏ website
(Q&A) ကဏ္ဍမှ ​ရေးသားပူ​ဇော်​သည်​။

#ပါချုပ်​ဆရာ​တော်​၏ website

www.drnandamalabhivamsa.com.mm

#May all beings be peaceful and happy.

✏#အရှင်​ဉာဏုတ္တရာလင်္ကာရ (မစိုးရိမ်​တိုက်​သစ်​)✏

No comments:

Post a Comment