Monday, August 27, 2018

ဝိသာခါ၏ ဥဒါန်း (၅)ပုဒ်

ဝိသာခါ၏ ဥဒါန်း (၅)ပုဒ်
============ (ရှစ်လုံးဖွဲ့)

အရံပြာသာဒ်  မြင့်မြတ်ဘုံဆောင်
ကျောင်းတော်ရှုမခန်း ဖန်ဆန်းတည်ထောင်
လှူချင်လွန်းလှ စိတ်ကကြံဆောင်
ဤယနေ့ လက်တွေ့ဒါနအောင်။

ကျောင်းတော်အတွင်း အခင်းစုံစွာ
အင်းပျဉ်ညောင်စောင်း တည်ကျောင်းဘဏ္ဍာ
လှူချင်လွန်းလှ စိတ်ကကြံတာ
ဤယနေ့ လက်တွေ့လှူရပါ။

မွှေးကြိုင်ပျံ့သင်း ရနံ့ဟင်းစုံစုံ
သားမျိုးနှင့်ပြွမ်း ရွှေဆွမ်းဖုံဖုံ
လှူချင်လွန်းလှ တမ်းတအာရုံ
ဤယနေ့ လက်တွေ့ဒါနဟုန်။

ကာသိခေါမ ချောလှပိုးချည်
ရက်လုပ်သင်္ကန်း အဆန်းအထည်
လှူချင်လွန်းလှ စိတ်ကကြံစည်
ဤယနေ့ လက်တွေ့လှူရသည်။

ထောပတ်ဆီဥ မဓုပျားရည်
တင်လဲဆေးမြတ် ငါးရပ်စုံညီ
လှူချင်လွန်းလှ စိတ်ကကြံစည်
ဤယနေ့ လက်တွေ့လှူရသည်။    ။

ဓံ-ဋ္ဌ / ပ / ၂၆၂-၃

(၁၉၇၉ ခု ရေးကူးသော မှတ်စုစာအုပ်မှ)
====================
မဟာနန်
၂၇ ၈ ၂၀၁၈
၁၀:၄၈ ပီအမ်

No comments:

Post a Comment