Tuesday, April 4, 2017

လောကထဲက ကြည်ညိုမှု သို့မဟုတ် သံသရာ ခရီးသွား သင်မမှားမိစေနဲ့

လောကထဲက ကြည်ညိုမှု
သို့မဟုတ်
သံသရာ ခရီးသွား သင်မမှားမိစေနဲ့

           ♢♢♢♢
မြွေမြွေချင်း ခြေမြင်တယ်ဆိုတဲ့
စကားရဲ့နောက်နားကနေ
လောက ကြည်ညိုမှု့လေးကို
သတိထားသင့်တယ်----

ရှေ့ ပညာရှိတွေရဲ့
စကားလေးကတော့ ဒီလို့ပါ----

မိန်းမအချင်းချင်း ကြည်ညိုခံရသူထက်
ယောက်ျားအချင်းချင်း ကြည်ညိုခံရသူက
ပိုရှားတယ်----

ယောက်ျားအချင်းချင်း ကြည်ညိုခံရသူထက်
ရဟန်းအချင်းချင်း ကြည်ညိုခံရသူက
ပိုရှားတယ်----

သိုးရေခြုံတဲ့ ဝံပုလွေလို
သူတော်ကောင်းယောင်ဆောင် မိစ္ဆာများနှင့်
အာဏာလိုလား
ပါတီနိုင်ရေးသမား မိစ္ဆာများရဲ့
အမျိုးမျိုး တိုက်ခိုက်ခြင်းခံနေရတဲ့
ပါရာဇိကနဲ့ စွပ်စွဲခြင်းခံနေရတဲ့
(ဦး)ဝီရသူ-မစိုးရိမ်ဆိုတာ
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
မစိုးရိမ်နာယကဆရာတော်ဖြစ်ပါတယ်---
သာသနာမှာ ရဟန်းအချင်းချင်း
အကြည်ညိုခံရတဲ့
ရဟန်းပညာရှိပုဂ္ဂိုလ်ထူးလည်းဖြစ်ပါတယ်

သေမှသာ အာဇာနည်လို့
ဂုဏ်ပြုလေ့ရှိကြတဲ့
မြန်မာပြည်မှာ
ဒုတိယ အရှင်ဒိသာပါမောက်
သို့မဟုတ်
ဒုတိယ ဦးဥတ္တမ
သို့မဟုတ်
ဒုတိယ ဦးဝိစာရလို့လည်း
ခေါ်ဆိုထိုက်ပါတယ်---

လူကိုရဟန်းကလိမ်လို့ ရပါတယ်
ရဟန်းအချင်းချင်းတော့ လိမ်လို့မရဘူး

မြန်မာနိုင်ငံမှာ
သံဃာအများဆုံးတရားနာယူကြတဲ့
သံဃာအများဆုံးချစ်ခင်ကြတဲ့
ဆရာတော်တွေထဲမှာ ကြည့်ရင်တော့
သီတဂူဆရာတော်ပြီရင်
(ဦး)ဝီရသူ-မစိုးရိမ်ဟာ နံပါတ်တစ်ပါပဲ

ဘယ်သူတွေဘယ်လောက်ပဲ
ပြစ်မှားစော်ကား ကြပါစေ
အကုသိုလ်နဲ့ ဝဋ်ကြွေးဟာ
ပြန်ပေးဆပ်ရစမြဲပါ---

ဒါကြောင့်
သံသရာ ခရီးသွားတွေ
ရာထူးအာဏာစည်းစိမ်ဥစ္စာအတွက်
အမှားလုပ်နေကြတဲ့အထဲမှာ
သင် မပါမိစေနဲ့---

သူတို့နှင့်အတူလိုက်ကာ
ကာယကံ ဝစီကံ မနောကံတွေနဲ့
ပြစ်မှားစော်ကားမိလို့
တမလွန်ဘဝမှာ
အပါယ်လေးပါးကျရောက်ပြီးနောက်
ပါစပ်မပါသူအဖြစ်
အင်္ဂါခြေလက် ချို့ယွင်းသူအဖြစ်
လူဘဝကို ရောက်လာခဲ့ရင်
သင့်မိဘကို အပြစ်မတင်ပါနဲ့
သင်ကိုယ်တိုင်ကြူးလွန်မိခဲ့တာလေ---

                                              (၈:၁:၁၃၇၈)
                                              (4:4:2017)
                                တက္ကသိုလ်စာသင်သား
                     သာသနာ့တက္ကသိုလ်၊ မန္တလေး။

No comments:

Post a Comment