Wednesday, April 19, 2017

ရှာပါမီဒီယာတစ်ယောက်

ရှာပါမီဒီယာတစ်ယောက်
*********
ဖြိုးမင်းသိန်း ကိစ္စဖြစ်ပြီးကထဲက
အလဲဗင်းသတင်း သွေးကြဲသွားပြီထင်ခဲ့တာ

အလွန်ကြိုက်တယ် ဆန်လို့ခေါ်ရင်တောင် ဆန်ကွဲပါတတ်သေးတာပဲ
ထင်ပေါ်ချင်တယ်ဆိုတာလေး ပါနေတယ်
ကျေနပ်ပါတယ် ကောင်းတာပဲပြောနေရင် မြောက်တာပေါ့
အပြစ်ရော ဝေဘန်ပေးတာကျေးဇူးတင်တယ် ။

ဘာပဲဖြစ်၂အရမ်းကြိုက်တယ် မြန်မာပြည်မှာ ရှာပါတဲ့မီဒီယာတစ်ယောက်
အရမ်းလေးစာတယ် ၊ ရာထူးအာဏာ ငွေအတွက်ပဲ ကြည့်ကြတဲ့သူတွေကြားမှာ တကယ့်ရှာပါတဲ့အမှန်တရားလေးပါ။ အမျိုးသားရေးအတွက်
သာသနာရေးအတွက် မျက်ရည်ကျမိအောင်ကို ဝမ်းသာတယ်။

&&&&&&
အလဲဗင်းသတင်းထောက် ကိုမင်းမင်းစိုး၏ မျှမျှတတ မဘသနဲ့ဦးဝီရသူအပေါ် ဝေဖန်သုံးသပ်ထားသောအမြင်
>>> ဖတ်ဖြစ်အောင်အဆုံးထိဖတ်... အရမ်းဂွတ်တယ်လိုစ့်
..<<<
....................._______________..

ကျနော်ဘာသာပြန်လိုက်ဖူးတဲ့ နိုင်ငံခြားသားတွေနဲ့ ကျန်တာအကုန်လုံးနီးပါးအဆင်ပြေပေမယ့် အမြဲတမ်း ငြင်းခုံရတဲ့ ကိစ္စတခုပဲ ရှိတယ်.အဲဒါကတော့ မဘသကိစ္စပါပဲ..မဘသဆိုတာထက် ဦးဝီရသူလို့ ပြောမှ ပိုမှန်ပါတယ်.သူတို့သေချာပေါက် စွပ်စွဲတာက ဦးဝီရသူသည် ပြည်ခိုင်ဖြိုးအစိုးရ၊စစ်တပ်ရဲ့ လက်ကိုင်တုတ်ပဲ..မွတ်ဆလင်တွေကိုဘာအကြောင်းရင်းမှ မရှိပဲ မုန်းတီးတိုက်ခိုက်နေတဲ့ ဘုန်းကြီးပဲဖြစ်ရမယ်လို့ တထစ်ချစွပ်စွဲတယ်.ကျနော်ကတော့ သူတို့ကို .မင်းငါ့ကို အချိန်ဆယ်မိနစ်ပေးနိုင်မလား.သူ့အကြောင်း ငါသိသလောက် ရှင်းပြမယ်.ပြီးမှ ဆက်ငြင်းမယ်.သဘောတူလားလို့ ပြန်မေးတယ်.သဘောတူတယ်ဆိုရင် ရှင်းပြလေ့ရှိပါတယ်

.ဦးဝီရသူရဲ့ဇာတိဘာညာ အတိအကျမသိပါ.သူစာသင်သားဘဝကျင်လည်ခဲ့ရာသည် ကျောက်ဆည်မြို့၊မြို့တော်ခန်းမအနားက မင်းကုန်းကျောင်းတိုက်ကြီးလို့သိထားပါတယ်.ဦးဝီရသူဟာ မိဘမဲ့မောင်နှမနှစ်ယောက်ကို သူစာသင်သားဘဝက နှစ်အတော်ကြာဆွမ်းခံကျွေးမွေးဖူးပြီး လူလားမြောက်အောင် ထိန်းကျောင်းခဲ့ဖူးပါတယ်..အဆိုပါ မိန်းခလေး အသက်ဆယ့်သုံးနှစ်၊ဆယ့်လေးနှစ်ခန့်ရောက်တဲ့အချိန် ကျောက်ဆည်နားက မွတ်ဆလင်တွေရွာဖြစ်တဲ့ လက်ပံရွာမှာ အိမ်ဖော်သဘောမျိုးသွားလုပ်ရာကနေ မွတ်ဆလင် မယားဖြစ်သွားပါတယ်.ဦးဝီရသူက အဲဒီကလေးမဆီ အလည်အပတ်သွားတဲ့အခါ အဆိုပါ ကလေးမက ထွီ..ထွမ်.လုပ်တာမျိုးတွေ ကြုံလိုက်ရတဲ့အခါမှာ သူ့ရင်ထဲ မွတ်ဆလင်နဲ့ပက်သက်တဲ့ ဆူးတချောင်းစပေါက်လာခဲ့တယ်လို့ ကျနော်ယူဆပါတယ်.

၈၈အရေးအခင်းမှာ ဦးဝီရသူတို့ ဘုန်းကြီးကျောင်းက ဆန္ဒပြလူထုကြီးကို တရားပွဲတွေဘာတွေကျင်းပဖို့ ကျောင်းထဲမှာ နေရာပေးသလို ဦးဝီရသူကိုယ်တိုင်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ တရားတက်ဟောတယ်..နောက် ကျောက်ဆည်အရေးအခင်းဖြစ်တယ်.ရှင်ဥက္ကဌက လက်ပံရွာနားက ဓမ္မာရုံမှာ တည်းတဲ့အချိန် အသတ်ခံလိုက်ရတယ်.အဲဒီနားက ဘုရားတွေလည်း ခဏခဏခေါင်းဖြတ်အခိုးခံရာကနေ အညှိုးအတေးဖြစ်ပြီး ကုလားဗမာအဓိကရုဏ်းဖြစ်လာတယ်…အဲဒီအချိန် ဦးဝီရသူက မန္တလေးမှာ စာဝါလိုက်နေတယ်.နောက် အဓိကရုဏ်းဖြေရှင်းရင်းနဲ့ အာဏာပိုင်တွေက အရင်က ကိစ္စတွေပါ တေးထားပြီး မင်းကုန်းတိုက်က ဆရာတော်တွေကို ဖမ်းဆီးလိုက်တဲ့အခါ ဦးဝီရသူက ပြန်လာတယ်.သူပါ အဓိကရုဏ်းထဲ ပါတယ်ဆိုပြီး အဖမ်းခံလိုက်ရတယ်.နောက် ထောင်နှစ်ရှည်ကျသွားတယ်.အဲဒီမှာကတည်းက သူ ကုလားတွေကို မုန်းတီးနေတဲ့သဘောလို့ပဲ ကျနော်က ယူဆတယ်.နောက်တချက်က ဦးဝီရသူရဲ့ စိတ်နေသဘောထား.ကျနော်တို့ ငယ်ငယ် တရားပွဲသွားတဲ့အခါ ထူးထူးခြားခြားပဲ ရှေ့က ဆရာတော် စကားခဏရပ်သွားရင် ဟေ့.ဟားဆိုပြီး လက်ခုပ်တွေ ဆူညံဆူညံတီးသံကြားရတယ်.တရားပွဲမှာ လက်ခုပ်တီးတာ အဆန်းပဲ..ဘယ်ဆရာတော်လဲ..ဦးဝီရသူပါပဲ. တရားထိုင်ရင်း အတိတ်ဘဝကို ပြန်ရောက်တယ်.လူတွေဟာ မြွေတွေ နဂါးတွေလို လူးလှိမ့်ကုန်တယ်ဆိုပြီး တံခွန်တိုင်ထိပ်က တန့်ကြည်တော်ဆရာတော် အရမ်းနာမည်ကြီးလာတယ်.တခြားဆရာတော်တွေက မသိချင်ယောင်ဆောင်နေကြပေမယ့် အဲဒါ အမှားကြီးဆိုတာကို ဗြောင်ချဲခဲ့တာလည်း ဦးဝီရသူပါပဲ..ပြောချင်တာကတော့ဦးဝီရသူဟာ ငယ်ငယ်လေးကတည်းက သူ့စိတ်ထဲ ရှိတာကို ဗြောင်ပြောတယ်.ဘယ်သူ့မှလည်း မကြောက်တတ်ဘူး..ကျနော့်ပါဆင်နယ်အမြင်အရ သူဟာ တော်တော်လေး ထင်ပေါ်လိုစိတ်ရှိတယ်..သူ့နာမည် မီဒီယာတွေမှာ မပါတာ ကြာရင် ပါအောင် လုပ်တတ်ပါတယ်..
သတင်းဖြစ်အောင် ဘယ်လိုဖြေရမှာလဲဆိုတာ ဦးဝီရသူက ကောင်းကောင်းသိပါတယ်.အခု သူလုပ်နေတယ်ဆိုတာတွေကလည်း ဘယ်သူ့ဘယ်သူက ခိုင်းတယ်လို့ ငါက အမြင်.သူ့စိတ်ထဲရှိတာ သူလုပ်နေတာပဲလို့ပြောလေ့ရှိတဲ့အခါ သူတို့နဲနဲတော့ စဉ်းစားပုံရပါတယ်.ဒါသည် ထည့်သွင်းစဉ်းစားရမယ့်အချက်တချက်ပဲလို့ အများစုက ပြန်ဖြေလေ့ရှိပါတယ်.

တကယ့်တကယ်ကျ ဦးဝီရသူကလည်း ကျွန်တော်တို့ကို သိပ်မကြည်ပါဘူး။
ကျနော်တို့ မန်းမီဒီယာသမားတွေက သူ့ကိုလက်ရှောင်တယ်လို့ သူက မြင်တယ်.တကယ်တမ်း မန္တလေးထုတ် ဂျာနယ်၊သတင်းစာ လောက်လောက်လားလားမှ မရှိတာ.အားလုံးက ရန်ကုန်အခြေစိုက်တွေပဲ..ရန်ကုန်ကလူတွေက သူ့သတင်းကို မသုံးတာများပါတယ်.ဥပမာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်တုန်းက ပုလိပ်လုပ်သားတွေ ရက်ရှည်ဆန္ဒပြတယ်.သူ ပုလိပ်အလုပ်သမားတွေကို လာအားပေးတယ်.ငွေဆယ်သိန်းလှုသွားတယ်.ကျနော် အဲဒီသတင်းကို ရေးတယ်.အဲဒီတုန်းက ရန်ကုန်က အယ်ဒီတာတယောက်က လှမ်းဖုန်းဆက်မေးတယ်.ဟဲ့.ဝီရသူက တကယ်ရော လှုတာဟုတ်ရဲ့လားတဲ့..အဲဒီသတင်းကို တိုက်တော်တော်များများပို့ပေမယ့် မသုံးကြပါဘူး.သူ့တရားပွဲ ဗုံးကွဲတာတို့..ဘာတို့စတဲ့ မကောင်းသတင်းတွေဆိုရင်တော့ မျက်နှာဖုံးမှာ သုံးကြတာပါပဲ..မေးစရာရှိလာပြီ.ရန်ကုန်က လူတွေ ဘာလို့ မသုံးတာလဲ.အဲဒီမှာတင် စာက ရှည်ပါလေရော.
ရန်ကုန်မှာက နိုင်ငံရေးအမြင်ပိုကျယ်ပါတယ်.အားလုံးလိုလိုက ပါးစပ်က ဘယ်လိုပြောပြော အဲဒီအချိန်ကNLDကိုပဲ နိုင်စေချင်တာပါ.ဦးဝီရသူက ပထမတုန်းကတော့ NLDဘက်ကပါ.နောက် NLDက လစ်ဘရယ်ဖြစ်တဲ့အတွက် သူနဲ့သိပ်အဆင်ပြေပုံမပေါ်ပါဘူး။အဲဒီမှာတင် သူက NLDကို စဆော်ပါတယ်.မြန်မာ့နိုင်ငံရေးရဲ့ နတ်နေကိုင်းဖြစ်တဲ့ ဘွားတော်ကိုလည်း ပေါ်တင်ဆော်ပါတော့တယ်.ဒီမှာတင် ရန်ကုန်က ဝါရင့်သတင်းစာဆရာအများစုက ဦးဝီရသူကို မကြိုက်တော့ပါ.ဦးဝီရသူသည် မဘသကို ကိုယ်စားမပြုဘူးလို့ ဘယ်သူတွေ ဘယ်လိုပြောပြော မဘသတဲ့ဟေ့ဆိုရင် ဦးဝီရသူကို ပြေးမြင်ကြတာ အများစုပါ။အဲဒီမှာတင် ဝါရင့်သတင်းစာဆရာတွေက မဘသကို အမြင်မကြည်ပါ.ကဲ.ဒါဆို အငယ်တွေကျ ဘယ်လိုဖြစ်တာလဲ.

သတင်းထောက်လုပ်သက်ဆယ်နှစ်အထက်ရှိတဲ့သူတွေကို ဝါရင့်လို့ သက်မှတ်ပြီး ဆယ်နှစ်အောက်ကိုတော့ ဝါနုလို့ သက်မှတ်ပါတယ်.

ကျနော်နဲ့ မောင်နှမလိုခင်တဲ့ ညီမတယောက်က တရက်မှာ အဲဒီဝီရသူကတုံးကလေ.ဘာညာနဲ့ ပြောတဲ့အခါ ကျနော်အံ့အားသင့်သွားမိပါတယ်.သူက အရင်တုန်းက ဆရာတော် ဝီရသူလို့ လေးလေးစားစားနဲ့ခေါ်တဲ့သူပါ.ဘယ်လိုဖြစ်သွားတာလဲ..
၂၀၁၁လောက်ကစပြီး မီဒီယာသင်တန်းတွေ အများကြီးပေါ်လာပါတယ်.ကျနော် တက်ခဲ့ဖူးသမျှကို ဆယ်ခုကျော်ပါတယ်.အဲဒီထဲမှာ သင်တန်းပြီးတဲ့ထိ တက်ခဲ့တာ သုံးခုပဲ ရှိပါတယ်.ကျန်တာတွေအားလုံးက တဝက်တပျက်နဲ့ ထွက်ခဲ့တာပဲဖြစ်ပါတယ်.ဘာကြောင့်လဲ.ဘာသာရေးအရ ဆရာတချို့နဲ့ အငြင်းအခုံဖြစ်ပြီး ယုံကြည်မှုမရှိလို့ ထွက်ခဲ့ရတာပဲဖြစ်ပါတယ်.သင်တန်းတချို့မှာဆို ဘင်္ဂါလီတွေရဲ့ပုံတွေကို ပြပါတယ်.သူတို့ဒီလိုဖြစ်နေရတာ စစ်တပ်ကြောင့်တင်မဟုတ်ဘူး..မဘသက သွေးထိုးတာကြောင့်ဆိုတာမျိုးတွေ..ဝီရသူက ဘယ်လိုဘယ်ညာဆိုတဲ့အတွေးအခေါ်တွေကို နိုင်ငံခြားသားဆရာတချို့က မရမက ရိုက်ထည့်ပါတယ်.ကျနော်ကလည်း ဦးဝီရသူကို ကြိုက်လွန်းလှသူမဟုတ်ပါ.သူမပြောသင့်တာတွေ စည်းလွတ်ဘောင်လွတ်ပြောတတ်တာကို ကျနော်မကြိုက်ပါ…ဆင်းရဲသားတွေကို တက်နိုင်သမျှ ကူညီတာ ကျနော်ကြိုက်ပါတယ်.အဲဒီမှာ ကျနော်က အမြဲတမ်း ပြန်ငြင်းပါတယ်.သူတို့ပြောတာတွေ ဘယ်တော့မှ လွယ်လင့်တကူလက်မခံပါ.အဲဒါကလည်း ငယ်စဉ်ကတည်းက အမြစ်တွယ်နေတဲ့ ဘာသာရေးစိတ်အခံကြောင့်ဖြစ်ပါလိမ့်မယ်.မေတ္တာရှင်ရွှေပြည်သာ လူထွက်သွားပြီဆိုတဲ့ သတင်းကို ကိုမြင့်ဇော်ဆီက ကြားလိုက်တဲ့အခါ ကျနော် သတင်းမရေးနိုင်ပဲ သင်တန်းထဲမှာ မျက်ရည်ကျမိ၊နှမြောမိနေတာပါ.အဲဒီမှာ ရန်ကုန်က သင်တန်းသားတွေအတွက် ကျနော်သည် လှောင်ပြောင်သနားစရာလူတယောက်ဖြစ်သွားတာပါပဲ.သူတို့တွေက ပရိုတကယ်ဆန်ပါတယ်.ကျနော်ကတော့ အခုထိ ဘာသာရေးနဲ့ပက်သက်ရင် ပရိုမဆန်နိုင်ပါ.ဘာသာရေးလုံးဝမပြောပဲ သတင်းစာပညာကိုပဲ သင်ပေးတဲ့ဆရာတွေ အများကြီးရှိသလို ဘုန်းကြီးတွေကို စောင်းချိတ်ပြောပြီး မကောင်းမြင်တတ်အောင် မသိမသာနဲ့ မှိုင်းတိုက်နေတဲ့ သင်တန်းဆရာ(နိုင်ငံခြားသား)တွေလည်း တကယ်ရှိပါတယ်…ကျနော့်ရဲ့ ပါဆင်နယ်အမြင်အရ သတင်းထောက်လုပ်သက် ဝါနုသေးသူတွေ..အထူးသဖြင့် နိုင်ငံခြားသားဆိုရင် အထင်ကြီးတဲ့စိတ်အခံရှိတဲ့ သူတွေဟာ လွယ်လွယ်ကူကူပဲ မဘသကို မကောင်းမြင်လိုက်ကြတော့တာပါပဲ….ရှေ့က ဆရာက ဝီရသူ.ဝီရသူလို့ အကြိမ်ကြိမ်ခေါ်ပြလိုက်တဲ့အခါ တချို့ဝါနုတဲ့လူတွေပါ ဘုမသိဘမသိနဲ့ လိုက်ယောင်ကြတယ်လို့ ကျနော်က မြင်ပါတယ်..

NLDက ဘာလို့ မဘသကို မုန်းတာလဲ..NLDဟာ လစ်ဘရယ်ပါ.မတူကွဲပြားမှုကို လက်ကိုင်ထားတဲ့မူဝါဒပါ..စစ်တပ်ကတော့ ကွန်ဆာဗေးတစ်ပါ.ရှေးရိုးစွဲတွေပါ.ရွှေဝါရောင် ဘယ်လိုဘယ်ညာကြိုက်သလိုပြောပါ.စစ်တပ်သည် ဘာသာရေးကိုင်းရှိုင်းပါတယ်.ဒါကြောင့် စစ်ဗိုလ်ကြီးတွေဟာ ဆရာတော်တွေနဲ့ ရင်းရင်းနှီးနှီးပိုရှိပါတယ်.ကျနော်တို့အမြင်ကတော့ လိုသုံးပေါ့..လိုတိုရှင်းပြောရရင်တော့ နိုင်ငံရေးသမားတယောက်ရဲ့အသက်ဟာ  မဲ ဖြစ်ပါတယ်.မဘသက ဆရာတော်တချို့က NLDကို မဲမပေးဖို့ ပြောခဲ့တာတွေ တကယ်ရှိခဲ့ပါတယ်.အဲဒါဟာ NLDအပေါ် အကြီးမားဆုံး နိုင်ငံရေးထိုးနှက်ချက်ပါပဲ.ဒါကြောင့် မြေပြင်က ပါတီအမာခံလူတွေကအစ အွန်လိုင်းပေါ်က NLDလော်ဘီတွေအဆုံး မဘသကို ဘယ်လိုမှ လက်မခံနိုင်ဖြစ်ကြတဲ့ကိစ္စလို့ပဲ ကျနော်က မြင်ပါတယ်.

နိုင်ငံခြားသားသတင်းထောက်တွေ ဘာလို့ ဘင်္ဂါလီတွေကို သနားတာလဲ.ကျနော်အမြဲတမ်းသူတို့ကိုမေးလေ့ရှိပါတယ်.သူတို့ပြောတာဟာ သဘာဝကျ.မကျ.ကိုယ့်ဘာသာ စဉ်းစားကြည့်ပါ.သိန်းဂဏန်းရှိတဲ့ လူမျိုးနွယ်စုတစုလုံးကို လွပ်လပ်စွာ အလုပ်လုပ်ခွင့်၊ပညာသင်ခွင့်၊ဆေးဝါးကုသခွင့်အစရှိတာတွေ တခုမှ မပေးပဲ ဒုက္ခသည်စခန်းတွေမှာ အကျယ်ချုပ် ချထားတာတွေကို ကိုယ်တိုင်မြင်လာရသူတွေအဖို့.ကျနော်တို့လို ဘာသာဝါဒအစွဲမရှိတဲ့ ..နယ်မြေကျုးကျော်ခံရမှာတို့ဘာတို့ တွေးမကြောက်တဲ့ သူတို့အဖို့ ဒီမြင်ကွင်းသည် ဘယ်နည်းနဲ့မှ လက်သင့်ခံနိုင်သော ကိစ္စမဟုတ်ပါ…အစိုးရသည် အဖြေတခုခုတော့ မဖြစ်မနေရှာကို ရှာပေးရမယ်လို့ သူတို့လက်ခံထားပါတယ်.အဲဒီမှာတင် ဘင်္ဂလီတွေကို အမုန်းစကားတွေပြောပြီး တိုက်ခိုက်တယ်လို့ သူတို့ယူဆတဲ့ မဘသဘုန်းကြီးတွေကို သူတို့သက်မှတ်လိုက်တာက မင်းတို့ဟာ လူစိတ်မရှိတဲ့ ဘုန်းကြီးတွေလို့ပဲ ကောက်ချက်ချစေပါတယ်.ဒါကြောင့်လည်း မလေးရှားထောက်ပံ့ရေးသဘောင်္ကို ဆန္ဒပြတဲ့ ဘုန်းကြီးတွေကို နိုင်ငံခြားသားသတင်းထောက်တယောက်က မခန့်လေးစား အင်တာဗျုးတာမျိုးတွေ၊ဟန်နာဘိခ်ျလို အကြမ်းဖက်ဘုန်းကြီးလို့ရေးတာမျိုးတွေ ဖြစ်လာတော့တာပါပဲ..

ဒါတွေက ကျနော့်ရဲ့ ပါဆင်နယ်အမြင်ပါ..ကိစ္စတွေမှာ အကြောင်းရင်းခံတရားတွေရှိပါတယ်.ဒါတွေကို သိရင် ဒီအခြေအနေကို လက်ခံမလား.လက်မခံဘူးလား.ဒါကတော့ နောက်တဆင့်ပါ.ဒါမျိုးတွေ မဖြစ်ချင်ရင် ဘယ်လိုပြုပြင်ကြမလဲ..ကြောင်ချုဆွဲမယ့်ကိစ္စ လုပ်မယ့်သူရှားပါတယ်.အခု ဘာသာပေါင်းစုံငြိမ်းချမ်းရေးကိစ္စ(ကျနော် လုံးဝအယုံအကြည်မရှိတော့တဲ့ကိစ္စ)တွေ သူတို့ကြိုးစားကြတယ်.သူတို့ဘာသာကောင်းကြောင်း မသိမသာဖြစ်စေ..သိသိသာသာဖြစ်စေ ခရစ်ယာန်ကော.မွတ်ဆလင်ကော လုပ်ကြတယ်.သောကြာနေ့တိုင်း ခြောက်နှစ်၊ခုနှစ်နှစ်အရွယ့် မွတ်ဆလင်ကလေးတွေ ခေါင်းမှာ ဦးထုပ်လေးဆောင်း။သူတို့ အကျီလက်ရှည်လေးကျကျနနဝတ်ပြီး သူတို့အဖေတွေ၊ဦးလေးတွေရဲ့လက်ကိုကိုင်ပြီး ဗလီသွားကြတာ မြင်တိုင်း အိမ်က တူပေါက်စကို ဘုန်းကြီးကျောင်းပုံမှန်ခေါ်မသွားမိတဲ့ ကိုယ့်ကိုကိုယ် ရှက်မိပါတယ်..ပြန်စဉ်းစားကြည့်ပါ..ကျနော်တို့ ဗုဒ္ဓဘာသာတွေ ဘာလုပ်နေကြလဲ..ကိုယ့်အိမ်က ကလေးကို ဘုန်းကြီးကျောင်းခေါ်သွားတာမျိုးတောင် ကျနော်ကအစ ပုံမှန်မလုပ်ချင်ကြပါဘူး။အိမ်က သားကလေ.သမီးကလေ ဘုန်းကြီးတွေနဲ့ စကားမပြောတတ်ဘူး.အရမ်းခက်တာပဲ ဘာညာဆိုပြီး ပြောနေပေမယ့် ကျနော်တို့ရဲလေသံတွေမှာ ဂုဏ်ယူတဲ့လေသဲံတွေပါနေပါတယ်… ဘုန်းကြီးဆိုတာ ဘယ်လိုဘယ်ညာကိုးကွယ်ရမယ်ဆိုပြီး ပြောနေပေမယ့် မန်းလေးမြို့မှာနေတဲ့ ဘယ်မိဘမှ နွေရာသီဘုန်းကြီးကျောင်းပို့မယ်.ကိုရင်၃လဝတ်ခိုင်းမယ်ဆိုတာတွေ မရှိသလောက် နဲလွန်းပါတယ်.အခု ကိုရင်ပေါက်စတွေက တောက ကိုရင်တွေ၊စစ်ဘေးရှောင်တိုင်းရင်းသားတွေ များပါတယ်.ကျနော်ပြောတာဟုတ်မဟုတ် မန်းလေးမြို့က ဘုန်းကြီးတွေကို မေးကြည့်ပါ..ဘယ်အချိန် ကိုရင်ဝတ်လဲ..သင်္ကြန်တွင်းလေး ခဏတဖြုတ်ဝတ်တာကိုပဲ ကိုယ့်ဘာသာကိုယ် ဟုတ်လှပြီထင်နေကြသူ အများသားပါ.ပိုက်ဆံအဆင်ပြေတဲ့သူတွေကျတော့လည်း စာချအကျော်အမော်တွေ၊နာမည်ကြီးကိုယ်တော်တွေကိုပဲ လှုဒါန်းဖို့စိတ်ဝင်စားသူများပြားပြီး စာဝါလိုက်နေတဲ့ ကိုယ်တော်တွေ ဘာများလိုအပ်ချက်ရှိမလဲဆိုတာ တွေးတဲ့သူကြ နဲပါတယ်..ယုတ်စွအဆုံးဘာမှ ပိုက်ဆံမကုန်တဲ့ မနက်ခင်း ဆွမ်းခံကြွတဲ့ ကိုရင်လေးတွေ လမ်းကြုံလိုက်ပရစေလို့ လက်တားရင်တောင် အာ.အလုပ်ရှုပ်ပါတယ်ကွာလို့ စိတ်ထဲက ထင်နေသူတွေ တဖြေးဖြေးများလာတာပါ..ဘာသာရေးဟာ အရမ်းအကဲဆတ်တယ်ဆိုတာ ကျွန်တော်ကောင်းကောင်းသိတာမို့ စိတ်ထဲ ရှိတာလေးတွေ နဲနဲလောက်ထုတ်ပြပြီး ဘရိတ်အုပ်လိုက်ပါပြီ…..
min min soe
..reporter at eleven media group..
..
ဋ္ဌ,နေဝဏ်း

No comments:

Post a Comment