ခွေးဟောင်တိုင်း ခွေးကိုမမောင်ဘဲ သူခိုးထင်ပြီး ခွေးကိုအားပေးနေကြတာကို မြင်ရတော့ စိတ်မသက်သားသော်လည်း ဒါမျိုးလေးတွေ တွေ့ရတော့ ဩော်အမျိုးအတွက် သစ္စာရှိသူတွေ ရှိသေးပါလားလို့ ကျေနပ်မိတယ်
&&&&&&
လဒ များနားရန်ပြင်နေသော ဆူးခင်းလမ်းပေါ်မှ
နိုင်ငံတော်ဘာသာကောက်ကြောင်း
==============================
တနေ့ကတက္ကသိုလ်ကျောင်းသားတူတော်မောင်
တယောက်ရဲ့ အမေးကကျနော့သွေးတွေ ဆူပွက်
သွားပါတယ်
သူကတော့တကယ်မသိလု့်မေးတာပါ
မေးတာကလည်းသည်လို
ဦးလေးအခုဖြစ်နေတဲ့ဘာသာရေးပြသနာတွေဟာ
ဗုဒ္စဘာသာကိုနိုင်ငံတော်ဘာသာပြဌာန်းလိုက်လို့
ဖြစ်တာဆို
နိုင်ငံတော်ဘာသာကိုဦးနေ၀င်းကြီးကအတင်း
အဓမ္မပြဌာန်းခဲ့တာဆိုတဲ့-
ပထမကတော့သည်လောက်လေးတောင်မသိဘူး
လားဆိုပြီးဆူမလို့
နောက်တော့ ကိုယ်တွေတောင် စစ်တပ် ကထွက်
လူ့ဘ၀သက်တန်း၃၀တန်းလောက်မှစာကောင်း
ကောင်းဖတ်ရ မှတ်ရနဲ့ သိလာရတာပြန်တွေးမိ
တော့ကျနော့တူတွေ မသိဘူးဆိုတာလည်း မဆူ
ရက်တော့ဘူးပေါ့ဗျာ
တကယ်တော့ကျနော်တို့ဗုဒ္စဘာသာတွေဟာအမှုမဲ့
အမှတ်မဲ့နဲ့နေခဲ့ကြတာပါ
ကိုယ့်သားသမီးတွေကိုဗုဒ္စဘာသာဆိုတာဘာလည်း
အမျိုးဘာသာသာသနာသမိုင်းဟာဘာလည်း
အမျိုးဘာသာသာသနာ့ရဲ့ရန်စွယ်တွေကဘာလည်း
အဲသည့်ရန်စွယ်တွေကိုဘယ်လိုကာကွယ်မလည်း
ဆိုတဲ့အသိတွေကိုပေးမှမပေးခဲ့ကြတာကိုး
ပေါ့ပေါ့နေပေါ့ပေါ့စားရင်းအမျိုးဘာသာသာသနာဟာ
မျိုးဆက်တခုပြီးတခုကျဆင်းလာခဲ့ရင်မကောင်းတော့
ပါဘူး
ဒါကြောင့်ကျနော့အနေနဲ့တတ်နိုင်သမျှလူငယ်တွေ
အသိအမြင်ဗဟုသုတရအောင်
အမျိုးဘာသာ သာသနာချစ်စိတ် ကာကွယ်လိုစိတ်
တွေပေါက်အောင်ရေးခဲ့ပါတယ်
အခုလည်းနိုင်ငံတော်ဘာသာပြဌာန်းစဉ်ကအဖြစ်
လေးတွေနောင်လာနောက်သားတွေ သိအောင်
ရေးပြပါရစေ
၁၉၆၀ပါလီမန်ရွေးကောက်ပွဲမှာဦးနုခေါင်းဆောင်တဲ့
သန့်ရှင်းဖဆပလတွေက
သူတို့နိုင်ခဲ့ရင်နိုင်ငံရဲ့လူဦးရေ၈၀%ကျော်ကိုးကွယ်
နေတဲ့ဗုဒ္စဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဌာန်
ပေးမယ်ဆိုပြီးဂတိပြုပြိုင်ခဲ့ပါတယ်
တကယ်လည်းအနိုင်ရခဲ့ပါတယ်
အဲသည့်အတွက် နိုင်ငံတော်ဘာသာဥပဒေကြမ်းကို
လွှတ်တော်၂ရပ်ကိုပေးပို့ဆွေးနွေးစေခဲ့ပါတယ်
နောက်ဆုံး၁၉၆၁သြဂုတ်လ၂၆ရက်နံနက်၁၀နာရီမှာ
ပြည်သူ့လွှတ်တော်နဲ့လူမျိုးစုလွှတ်တော်(၂)ရပ်ပူးတွဲ
ညီလာခံကျင်းပပါတယ်
လွှတ်တော်နာယက စပ်ခွန်ချို ကသဘာပတိအဖြစ်
ဆောင်ရွက်ပါတယ်
အဲသည့်မှာနိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက၁၉၆၁ဖွဲ့စည်း
အုပ်ချုပ်ပုံအခြေခံဥပဒေ တတိယပြင်ဆင်ချက် ဥပဒေ
အဖြစ်
ဗုဒ္စဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဌာန်းမယ့်
ဥပဒေကြမ်းကို ဆွေးနွေးဆုံးဖြတ်ပေးရန်တင်ပြပါ
တယ်
အတိုက်အခံခေါင်းဆောင်သခင်သာခင်နဲ့အကြိမ်
ကြိမ်ဆွေးနွေးပြီးပြီဖြစ်လို့မဲခွဲပြီးတော့သာဆုံးဖြတ်
ဖို့တင်ပြပါတယ်
သဘာပတိကဆွေးနွေးခြင်တဲ့လူတွေတိုတိုတုတ်
တုတ်ဆွေးနွေးဖို့ပြောပါတယ်
နောက်ဆုံး မဲခွဲဆုံးဖြတ်ကြတဲ့အခါ ဗုဒ္ဓဘာသာကို
နိုင်ငံတော်ဘာသာပြဌာန်းတာ
သဘောတူထောက်ခံမဲက၃၂၄မဲဖြစ်ပြီးကန့်ကွက်မဲ
က၂၈မဲဖြစ်ပါတယ်
ကန့်ကွက်မဲပေးတဲ့သူတွေကတော့လူမျိုးစုအမတ်
တွေက
၁။ဦးထန်လျှူး
၂။ဦးနိုဇမ်
၃။ဦးဖုမ်ခိုးဝင်း
၎။ဦးဆွန်ကျင်းလျင်း
၅။ဦးဟရန်နော
၆။ဦင်္းဘကြွယ်
ရ။ဦးစိုးမြင့်
၈။ဒူးဝါးထိန်ဘန်လ
၉။မစ္စတာအမ်အေဆူခန်း
၁၀။ဦးလ၀မ်
၁၁။ဦးဒိန်ရတန်
၁၂။ဦးဂျီဘောင်ရင်း
၁၃။မစ္စတာအက်ဂွမ်ဂမ်
၁၄။စောပေါလ်ပေါ
၁၅။စောထွန်းငြိမ်း
၁၆။ကန်ပက်လက်ဦးထွန်းအောင်
ကန့်ကွက်မဲပေးတဲ့ပြည်သူ့လွှတ်တော်အမတ်တွေ
က
၁ရ။ဝန်ကြီးဦးရာရှစ်
၁၈။ဦးဇာရဲလျံ
၁၉။အတိုက်အခံခေါင်းဆောင်သခင်သာခင်
၂၀။ပါလီမန်အတွင်းဝန်ဦးမန်းတလင်း
၂၁။ပါလီမန်အတွင်းဝန်ကပ်ပီတိန်မန်တုံးနုံး
၂၂။ဒူးဝါးဇော်လွန်း
၂၃။ဦးဇန်ထားဆင်
၂၄။ဒူးဝါးလ၀မ်လီ
၂၅။ဦးစောလို
၂၆။ဦးရိုထန်
၂၇။ဦးစောလတ်
၂၈။မစ္စတာဇာရှော်ရိတ်အာမက် တို့ဖြစ်ပါတယ်
ညီလာခံမတက်ရောက်သူတွေကတော့ လူမျိုးစု
လွှတ်တော်အမတ်တွေထဲက
၁။.ဦးမင်းညို
၂။သီပေါစော်ဘွားစပ်ကြာဆိုင်
၃။ပြည်ဦးကျော်အောင်တို့ဖြစ်ပါတယ်
ညောင်ရွှေစော်ဘွားသမတဟောင်းစပ် ရွှေသိုက်ကတော့
မဲမပေးခင်ညီလာခံကရှောင်ထွက်သွားခဲ့ပါတယ်
ပြည်သူ့လွှတ်တော်ကမတက်တဲ့ပျက်ကွက်သူတွေ
ကတော့
၁။ဦးထွန်းမြင့်ကြူ
၂။ဒူးဝါးဇော်ရစ်
၃။သခင်စံမြင့်
၎။ဦးရန်ကြင်စိန်
၅။ဦးစံမြ
၆။စပ်နော်အောင်ဖူး
၇။ဘီးလင်းဦးသိန်းမောင်
၈။ဦးထပ်လှိုင်
၉။ဒေါ်အေးမေ
၁၀။ကျိုက်ထိုဦးအောင်မင်း
၁၁။ဦးလှထွန်းဖြူ
၁၂။မစ္စတာအဘူဘော်ရှော်
၁၃။မစ္စတာမူလတန်မာမွတ်
၁၄။မစ္စတာအဘူခိုက်
၁၅။ဦးစောသိန်းတို့ဖြစ်ပါတယ်၊
ပြည်သူ့လွှတ်တော်ဥက္ကဌကြီးမန်းဘဆိုင်ကထောက်ခံ
မဲပေးခဲ့ပါတယ်
သည်ဇယားတွေကိုကြည့်ရင်ဘယ်သူတွေကထောက်ခံပြီး
ဘယ်သူတွေကကန့်ကွက်ခဲ့သလည်းဆိုတဲ့သမိုင်းကိုသိ
နိုင်ပါတယ်၊
အဲသည့်မှာထူးခြားချက်ကကချင်ပြည်နယ်ကထောက်ခံသူ
နဲ့ကန့်ကွက်သူတွေအကြောင်းပါဘဲ
လှိုက်လှိုက်လှဲလှဲထောက်ခံသူကတော့၁၉၄၇တိုင်းပြုပြည်ပြု
လွှတ်တော်မှာလည်းအရွေးခံရတယ်
၁၉၅၁နဲ့၁၉၅၆ရွေးကောက်ပွဲတွေမှာလည်းမြစ်ကြီးနား
အနောက်ပိုင်းမဲဆန္ဒနယ်ကရွေးခြယ်ခံရတယ်
ကချင်ပြည်နယ်ဥက္ကဌလည်းဖြစ်တဲ့ဆမားဒူးဝါးဆင်ဝါးနော်
ဖြစ်ပါတယ်
ကန့်ကွက်တဲ့သူတွေကတော့ ဆမားကြီး လိုဘဲ ဗိုလ်ချုပ်
အောင်ဆန်းနဲ့လက်တွဲပြီးပင်လုံစာချုပ်ဖြစ်မြောက်အောင်
ကျိုးပမ်းခဲ့ကြတဲ့ဒူးဝါးဇော်လွန်းနဲ့အင်းစိန်ဂျီတီအိုင်ကျောင်း
သားဟောင်းဒူးဝါးဇော်ရစ်တို့ဖြစ်ပါတယ်
ဆမားကြီးရဲ့ဘ၀နဲ့လုပ်ဆောင်ချက်တွေကထူးခြားပါတယ်
ကချင်ပြည်နယ်မှာစက်မှုထွန်းကားအောင်ပထမဆုံးအင်တိုက်
အားတိုက်ကြိုးပမ်းခဲ့သူလည်းဖြစ်ပါတယ်
နောက်မှသူကဘ၀အကြောင်းမီးမောင်းတကွက်နှစ်ကွက်
ထိုးပြပါဦးမယ်
လွှတ်တော်ထဲမှာဆွေးနွေးတော့တချို့လူမျိုးစုလွှတ်တော်အမတ်
တွေက ဗုဒ္စဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ရင်
လူနည်းစုတွေကိုဖိနှိပ်တာတွေဖြစ်လာမယ် ဘာညာကန့်ကွက်
တော့ ..
ဆမားကြီးက ပြင်းပြင်းထန်ထန်ပြန်ဝေဖန်ပါတယ်
ဗုဒ္စဘာသာကိုနိုင်ငံတော်ဘာသာပြဌာန်းလို့ဗုဒ္စဘာသာ
အစိုးရဖြစ်ရမယ်မဆိုလိုပါဘူးကွ---လို့ဒေါနဲ့မာန်နဲ့ထရှင်း
ပါတယ်
မာန်ပါလွန်းလို့ သူနဲ့အတူ ကချင်ခေါင်းဆောင်တဦးဖြစ်တဲ့
ဦးဇန်ထားဆင် ကတောင်--
သဘာပတိကြီးခင်ဗျာ
ဆမားကြီးဒေါသထွက်နေပါတယ်၊သူဟာဗုဒ္စဘာသာကိုနိုင်ငံတော်
ဘာသာအဖြစ်အပြင်းအထန်ထောက်ခံခဲ့ပေမဲ့သူ့မျာခန္တီပါရမီမရှိပါ
ဘူးလို့တောင်ထပြောခံရပါတယ်
သည်လိုဘဲထောက်ခံဆွေးနွေးခဲ့တဲ့ဦးရဲခေါင်ညွန့်ဦးမြဘူး၊ပျော်ဘွယ်
ဦးသိန်း၊၊ဗိုလ်မှုးမြင့်ဆွေ၊ဦးဘရီ၊ဦးအောင်သူ၊ဦးဥာဏ်ထွန်းအစရှိတဲ့
မျိုးချစ်အမတ်တွေလည်းဝေဖန်တိုက်ခိုက်ခံရတာပါဘဲ
နောက်ဆုံးမှာတော့ထောက်ခံမဲအပြတ်အသတ်နဲ့ဗုဒ္စဘာသာဟာ
နိုင်ငံတော်ဘာသာအဖြစ်ပြဌာန်းနိုင်ခဲ့ပါတယ်
လွှတ်တော်၂ရပ်ကအတည်ပြုပြီးတာနဲ့သဘာပတိကြီးစပ်ရွှေကြည်
ကိုယ်တိုင်သမ္မတအိမ်တော်ကိုသွားပြီးဥပဒေကြမ်းအတည်ြ့ပုလက်
မှတ်ထိုးဖို့ပေးပို့ခဲ့ပါတယ်
သည်ဥပဒေကိုအတည်ပြုလက်မှတ်ထိုးဖို့ကိုလည်းနိုင်ငံတော်
သမ္မတကြီးက မနက်ကထဲက သံဃာတော်တွေဆွမ်းကပ်ပြီး
စောင့်မျှော်နေခဲ့တယ်လို့ဆိုပါတယ်
အဲသည့်အချိန်ကသမတကြီးကမန်းဝင်းမောင်ပါ
ဗုဒ္စဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်အတည်ပြုကြောင်း
ကိုတော့
သမ္မတကြီးမန်းဝင်းမောင်က၁၉၆၁ခုနှစ်သြဂုတ်လ၂၆ ရက်
နေ့လယ်၁နာရီ၂၅မိနစ်အချိန်မှာလက်မှတ်ရေးထိုးအတည်
ပြုခဲ့ပါတယ်
ပူးတွဲတင်ပြထားတဲ့အဲသည့်နေကကသတင်းစာဖြတ်ပိုင်းလေး
တွေကိုလေ့လာကြည့်ကြပါ၊
တကယ်တော့ နိုင်ငံတော်ဘာသာကို ဘယ်စစ်တပ်မှလည်းမပြဌာန်း
ခဲ့သလို
ဦးနေ၀င်းရဲ့တချက်လွှတ်အမိန့်နဲ့ဆောင်၇ွက်ခဲ့တာမဟုတ်ပါဘူး
၂မျိုးရှိတဲ့လွှတ်တော်၂ရပ်လုံးအကြီတ်အနယ်ဆွေးနွေးပြီးမှ ဒီမို
ကရေစီနည်းလမ်းကျကျမဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်
မဲကလည်းပွတ်ကာသီကာလေးအနိုင်၇တာမဟုတ်ပါဘူး
ထောက်ခံ၃၂၄မဲနဲ့ကန့်ကွက်၂၈မဲအပြတ်အသတ်ကွာ
ပါတယ်
နောက် ဆမားဒူးဝါးဆင်ဝါးနော်၊မန်းဘဆိုင်၊မန်းဝင်းမောင်
လို၊ တိုင်းရင်းသားတွေကလည်းလိုလိုလားလားထောက်ခံ
ခဲ့တာတွေ့ရပါတယ်
ဒါကြောင့်ဗုဒ္စဘာသာဝင်တွေအဖို့ (နိုင်ငံတော်ဘာသာနေ့)
ဆိုတာ အဓိပါယ်ရှိရှိဖြစ်တည်လာတယ်ဆိုတာတန်ဖိုးထား
မှတ်သားထားစေခြင်ပါတယ်
ကလေးတွေများများဖတ်နိုင်ဖို့ရှယ်ရုံသာမကမိမိသားသမီး
မြေးမြစ်တွေကိုဖြန့်ဝေပြောပြစေခြင်ပါတယ်ခင်ဗျား
ကျွန်တော်တို့တတ်နိုင်သမျှသာသနာပြုခြင်းတမျိုးဖြစ်တဲ့
အမျိုးဘာသာသာသနာအတွက်ဗဟုသုတဖြန့်ဝေခြင်းလေး
အေတွဆောင်၇ွက်ကြရအောင်ပါမိတ်ဆွေများ-------။
ခင်မောင်သန့်
ရ-၃-၂၀၁၇
No comments:
Post a Comment