ဂုဏ်ယူလိုက်ပါ နောင်တော်ကြီး
♡♡♡♡♡
နောင်တော်ကြီးရဲ့စကားလေး တွေ့ရတော့
အင်္ဂုတ္တုရ်ကျမ်းထဲက ဂါထာလေး နှစ်ပုဒ်ကို သတိရတာနဲ့ ဂုဏ်ပြုလိုက်ပါတယ်။
ဂုဏ်ယူလိုက်ပါ နောင်တော်ကြီး
●●●●●●●●●
ဗုဒ္ဓဟောတဲ့ ကမ္ဘာ့သူဌေး၏ဥစ္စာ(၇)မျိုး
♢♢♢♢♢
မိန်းမဖြစ်ဖြစ်,ယောက်ျားဖြစ်ဖြစ်,
ဒီဥစ္စာ(၇)မျိုးရှိရင်
မဆင်းရဲတဲ့သူ
တနည်းသူဌေးပဲ
(သို့မဟုတ်) အချီးနှီးကောင်မဟုတ်ဘူး-တဲ့
ယဿ ဧတေ ဓနာ အတ္ထိ,
ဣတ္ထိယာ ပုရိသဿ ဝါ၊
အဒလိဒ္ဒေါတိ တံ အာဟု,
အမောဃံ တဿ ဇီဝိတံ။
ဥစ္စာ(၇)မျိုးကတော့----
၁။သဒ္ဓါဓန -သဒ္ဓါတည်းဟူသောစည်းစိမ်းဥစ္စာသူ
၂။သီလဓန- သီလတည်းဟူသောစည်းစိမ်းဥစ္စာသူ
၃။ဟိရီ ဓန- မကောင်းမှု ပြုရမှာကိုရှက်ခြင်းတည်းဟူသောစည်းစိမ်းဥစ္စာသူ
၎။ဩတ္တပ္ပ ဓန- မကောင်းမှု ပြုရမှာကို ကြောက်ခြင်းတည်းဟူသောစည်းစိမ်းဥစ္စာသူ
၅။သုတဓန- ဘုရားအဆုံးအမသုတ တည်းဟူသောစည်းစိမ်းဥစ္စာသူ
၆။စာဂဓန-စွန်လွှတ်ပေးကမ်းလှူဒါန်းခြင်း တည်းဟူသောစည်းစိမ်းဥစ္စာသူ
၇။ပညာဓန- ပညာ[No B.A&M.A]တည်းဟူသော စည်းစိမ်းဥစ္စာသူ
[သဒ္ဓါဓနံ သီလဓနံ, ဟိရီ ဩတ္တပ္ပိယံ ဓနံ၊
သုတဓနဉ္စ စာဂေါ စ, ပညာ ဝေ သတ္တမံ ဓနံ။]
(၃ံ:၁၂:၁၃၇၈)
(15:3:2017)
တက္ကသိုလ်စာသင်သား
သာသနာ့တက္ကသိုလ်၊မန္တလေး
###########
'' ထင်သလောက်လဲ မဟုတ်ရပါဘူး ''
ဘုန်းကြီးသူဌေး ဘုန်းကြီးသူဌေးနဲ့ အဆောက်အဦးနဲ့ လုပ်ဆောင်မှုတွေကို ကြည့်ပြီး အမြင့်ကို ပင့်တင်နေကြလေရဲ့။
အဆောက်အဦတွေဟာ အလှူရှင်တွေရှိလို့ ကုသိုလ်စိတ်နဲ့ ဆောက်ပေးခဲ့တာပါ။
လမ်းတွေက အလှူရှင်တွေဆီက အလှူခံပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို စီစဉ်ပေးရတာပါ။
သူများတွေရဲ့ နှုတ်နဲ့ချီးမြှောက်သလို ကိုယ့်မှာ ကိုယ်ပိုင်ငွေရယ်လို့ မယ်မယ်ရရသုံးစရာမရှိလို့ မန္တလေးပြန်တိုင်း ဦးအောင်တုတ်ဆိုင်က လမ်းစရိတ်ချေးပြန်နေရတာပါ။
သူဌေး မဟုတ်ရဘူး။ ဘာပိုင်ဆိုင်မှုမှလည်း မရှိရပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာကို ဖြစ်အောင်ကြိုးစားပေးလိုတဲ့စိတ်နဲ့ ရလာတဲ့ ကုသိုလ်တွေပဲ ကိုယ့်မှာ ပေါများနေခဲ့တာပါ။
ထင်သလောက်သလဲ မဟုတ်ရပါဘူးဗျာ
No comments:
Post a Comment