Saturday, March 11, 2017

ရဟန်းများကို ပြစ်မှားသော ကံ (သို့)အရိယူပဝါဒ အန္တရယ်

"ရဟန်းများကို ပြစ်မှားသော ကံ (သို့)အရိယူပဝါဒ အန္တရယ်

■■■■■■■■■■■■■■■■■■■■■

       ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ် ...။ အရိယာပုဂ္ဂိုလ်မှန်း သိသည် ဖြစ်စေ မသိသည် ဖြစ်စေ ယုတ်မာ သော စိတ်ထားဖြင့် စွပ်စွဲ ကဲ့ရဲ့ခြင်း ကိုခေါ်ပါတယ် ...။

             ခုအခြေအနေဟာ ရဟန်းတွေကို ဘာသာခြားတွေ တင်မက ဗုဒ္ဓ ဘာသာ ဝင်တွေ ကိုယ်တိုင် ပုတ်ခတ် စော်ကား ပြောနေကြပါတယ်..။ဘာသာခြားတွေကို မပြောလိုတော့ပါဘူး ..။ဗုဒ္ဓဘာသာဝင်တွေ အတွက် ပြောချင်ပါတယ် ...။ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်မဂ်ဖိုလ်ရဖို့ပါ ...။
           ရောက်အောင်လည်းကြိုးစား အားထုတ်နေတဲ့သူတွေရှိပါတယ် ...။မိမိကိုယ်တိုင် မဂ်ဖိုလ် ရောက်ကြောင်း တရားကျင့်နေပြီ ဆိုရင်တေါ့ ဒီ ကံ မထိုက်အောင် ကိုယ့်နှုတ်ကို ထိန်းကြပါ ...။

           ဒီကံထိုက်သွားရင်တော့ တရား အားမထုတ်နဲ့ တော့...။ မရတော့ပါဘူး..။ လူအရိယာ ရဟန်းအရိယာကို သူတို့မှာ တရား မရှိဘူး ...။  ရဟန်းကိုလည်း ရဟန်းမဟုတ်ဘူး...။ ရဟန်းတရားမရှိဘူးလို့ သိသိမသိသိ စွပ်စွဲပြောရင် အရိယူပဝါဒန္တရာယ် ထိုက်ပါတယ် ...။  ဒီကံ ဟာ သိပ်ကြောက်စရာကောင်းပါတယ် ...။

           ဒါကြောင့် သူများဆိုရင် အပြစ် မပြောတာ အကောင်းဆုံးပါ ...။ ကိုယ်အပြစ် ပြောလိုက်တဲ့သူဟာ အရိယာ မဟုတ်သည့်တိုင်ကောင်းကောင်း မွန်မွန်နေပြီး သီလစောင့်တဲ့ ပုဂ္ဂိုလ်ဖြစ်နေရင်လည်း အရိယူပဝါဒကံနီးပါး အပြစ်ကြီးတယ်လို့ ဆိုပါတယ် ....။

           တခုသတိထားဖို့က လူတွေအနေနဲ့ ဝိနည်းဆိုတာ တကယ် နားမလည်ကြပဲ ကြားဖူးနားဝ ရှိယုံလေးနဲ့ ဘုန်းကြီးတစ်ပါး ညစာစားတာမြင်တယ် ... ပွဲကြည့်နေတာ မြင်ပြီး လွှတ်ကနဲ ( " ညစာစား....ပွဲကြည့်နေတာ ဘယ်ဘုန်းကြီးဟုတ်မလဲ...." ) မပြောမိပါစေနဲ့ .......ညစာစား... ပွဲကြည့်... အရက်သောက်သောက်... ဘုန်းကြီး ဟာ ဘုန်းကြီးပါပဲ ....။

       ဘုန်းကြီး မဟုတ်ဘူးလို့ သွားမပြောမိစေနဲ့..(မကောင်းတဲ့ ဘုန်းကြီးတော့ ဟုတ်တယ်ပေါ့.... ) ဘုန်းကြီး မဟုတ်ဘူး ဆိုတာ ပါရာဇိကကျမှ ( ၁-မေထုန်မှီဝဲ ...၂- သူများပစ္စည်း ခိုး ...၃-လူသတ် ..၄-ကိုယ့်မှာ မရှိတဲ့ ဈာန်မဂ်ဖိုလ် ရှိတယ် လိမ်ပြော.....) မှ ဘုန်းကြီးမဟုတ်တာပါ ....။ တခြားသိက္ခာပုဒ် ကျူးလွန်ထားရင် ရဟန်းတော့ ရဟန်းပါပဲ...။ တခြားကျူးလွန်ထားတာတွေကို ကုစားရင် ရပါတယ် ...။

              ဒေသနာကြားတယ် ဒဏ်ထမ်းတယ် ခေါ်တယ်  ...လိမ်ပြောရင်တောင် ပါစိတ် အာပတ် သင့်ပြီး အာပတ်ဖြေရင် ရပါတယ် ...။ ရဟန်းကို ရဟန်းမဟုတ်ဘူးလို့ ပြောတာဟာ ဒီကံနီးပါး အပြစ်ကြီးတယ် ....။ အရိယာ ဖြစ်နေရင်တော့ ပိုဆိုးတာပေါ့လေ...။

              လူတွေအနေနဲ့ အလွန်ဆုံး ဆောက်တည်နိုင်ရင် (၁၀)ပါးသီလ...။ ဒီထက်အောက်(၈)ပါး... (၅)ပါး ....ပဲ ။ (၅)ပါးသီလတောင် အခုခါမှာ အနိုင်နိုင်ထိန်းကြရတယ်။

               ရဟန်းဆိုတာ သိက္ခာပုဒ်တွေ ကျူးလွန်နေဦးတော့ သူ့မှာအများကြီး ကျန်သေးတယ်...။ ကိုယ့်ထက်တော့ များသေးတယ်ပေါ့... လူကနေ ဘုန်းကြီးတင်မဟုတ်ဘူး... ဘုန်းကြီး အချင်းချင်းလည်း မပြောမိပါစေနဲ့... အချင်းချင်းဆိုတော့ အပြစ်မရှိဘူး ထင်တတ်ကြတယ်။ ဟိုရဟန်းက ဈာန်မဂ်ဖိုလ် ရပြီးသားဆို ဘယ့်နှယ့်လုပ်မလဲနော်...။
              ဒါကြောင့် အရိယူပဝါဒန္တရာယ် ဆိုတာ အလွန် ကြောက်စရာ ကောင်းတာကြောင့် သတိထားကြပါ ....။

ဒေါက်တာနန္ဒမာလာဘိဝံသ ပါမောက္ခချုပ်ဆရာတော်
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်
၏အဘိဓမ္မာသင်တန်းပို့ ချချက်များဒုတိယတွဲ မှကောက်နှုတ်၍ရေးသားပါသည်။

No comments:

Post a Comment