သမိုင်းတစ်ခေတ် ထုဆစ်ခဲ့သူ အရှင်စန္ဒြမဏိ မထေရ်မြတ်
. ( သို့မဟုတ် )
အိန္ဒိယသာသနာနှင့် ဗုဒ္ဓဂါယာကို ကယ်တင်ခဲ့သူ (၁)
===============================® "ရတနာဂီရိ"ဆိုသော အသံကိုကြားလျှင် မြန်မာလူမျိုးများ
ရင်နင့်အောင် ခံစားကြရ၏။"ရတနာဂီရိ"သည် မြန်မာဘုရင်
"သီပေါမင်း"ကို ချုပ်နှောင်ခဲ့သော အကျဉ်းစခန်းတစ်ခုဖြစ်
သည်။မြန်မာ့ဘုရင်သွေးကို ကုလားသွေးနှင့် နှောပစ်ခဲ့သော
နေရာပင်ဖြစ်သည်။
® မြန်မာဘုရင်၏ ဆွေတော်မျိုးတော် များကိုအမျိုးမျိုး ဒုက္ခ
ရောက်စေခဲ့သော နေရာလည်းဖြစ်သည်။ထိုအချိန်က ရတနာ
ဂီရိသည် မြို့နှင့်အလွန်ဝေးလံသော ခေါင်းပါးသည့်နေရာလေး
တစ်ခုဖြစ်သည်။ထိုနေရာတွင် လူတကာဦးခိုက်ရသော ဘုရင်
တစ်ပါး ရှိနေသော်လည်း ထိုဘုရင်ထံမှောက်သို့ မည်သူ တစ်ဦးတစ်ယောက်မျှ တကူးတက မသွားရောက်ကြချေ။
® အိန္ဒိနိုင်ငံ မဇ္ဈိမဒေသသည် မြတ်ဗုဒ္ဓဘုရားရှင် အဆူဆူတို့
ပွင့်ထွန်းရာ နေရာဖြစ်သည်။မဇ္ဈိဒေသ၏ အလယ်ဗဟိုဖြစ်သည့်
ဗုဒ္ဓဂယာ ဗောဓိပင်ပေါက်ရာအရပ်သည် အောင်မြေဖြစ်၏။
မြေမြတ်မဟာဖြစ်၏။ထို့ကြောင့် ကမ္ဘာအရပ်ရပ်က ဗုဒ္ဓဘာသာ
ဝင်တို့သည်လည်း အကြိမ်ကြိမ်ပူဇော်ခဲ့ကြ၏။
® မြန်မာဘုရင်အဆက်ဆက်တို့သည်လည်း အကြိမ်ကြိမ်ပူ
ဇော်ခဲ့ကြ၏။ထို့တွင် မင်းတုန်းမင်းတရားကြီးသည် ဗုဒ္ဓဂယာ
မဟာဗောဓိစေတီတော်မြတ်၏ အရှေ့ဘက်၌ ဇရပ်ကြီးဆောက်လုပ်လှူဒါန်းခဲ့၏။စိန် မြ ပတ္တမြားစသော
ရွှေ ငွေ ရတနာများဖြင့်လည်း ပူဇော်ခဲ့ပြန်သည်။
® မဇ္ဈိမဒေသ မြတ်ဗုဒ္ဓ သာသနာတော်ကို ဟိန္ဒူဘာသာဝင်
များက အတွင်းအပြင် နည်းမျိုးစုံဖြင့် ဖျက်ဆီးခဲ့ကြသည်။
သုင်္ဂခေတ် ဘုရင်များလက်ထက်တွင် အဆိုးဆုံ အဖျက်ဆီးခံ
ခဲ့ရသည်။ထို့တွင်"ပုရှ်ယမိတြမင်း"လက်ထက်တွင်လည်း ထပ်မံဖျက်ဆီးခြင်းခံရပြန်သည်။
® နောက်ဆုံးတွင် ၁၁၉၃ ခုနှစ်၌ တူရကီမူဆလင်များ၏
ကျူးကျော်စစ်ကြောင့် အိန္ဒိယနိုင်ငံ ပြိုကွဲပျက်စီးသောအခါ
ဗုဒ္ဓဘာသာနှင့် ပါတ်သက်သော အဆောက်အဦးများ ဖျက်ဆီး
ခြင်းခံခဲ့ရသည်။အလွန်တရာထုထည် ကြီးမားသော ဘုရားပုထိုးများသာ တစ်ချို့တစ်ဝက် ကျန်ခဲ့၏။
® ရဟန်းသံဃာတော်များ အသတ်ခံခဲ့ကြသည်။ထွက်ပြေးကြ
ရသည်။ထိုအခါ ဟိန္ဒူဘာသာဝင်တို့သည် ဗုဒ္ဓဘာသာနှင့်ပါတ်
သတ်သော ဘုရားပုထိုး စေတီများကို သူတို့ဘာသာပိုင်အဖြစ်
သတ်မှတ်လာကြသည်။မူဆလင်ဘုရင်များကို ခယလျက် အပိုင်စားတောင်းလာကြ၏။
® သို့ဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်ကြီးသည် ဟိန္ဒူဘုန်းကြီး
"မဟန့်"လက်ထဲ ရောက်သွား၏။မင်းတုန်းမင်းနှင့် သီပေါမင်း
တို့၏ ကောင်းမှုတော် ဇရပ်နှင့် ကျောက်စာတိုက်တို့ကိုလည်း
"မဟန့်"က အပိုင်သိမ်းယူလေသည်။
® ၁၈၉၁ခုနှစ် ဇန္နဝါရီလ ၂၀ရက်နေ့တွင် သီရိလင်္ကာနိုင်ငံ
သား ဓမ္မပါလ ဘုရားဖူးလာရောက်သောအခါ ဗုဒ္ဓဘာသာနှင့်
ပါတ်သက်သော နေရာဌာနအများစုသည် ပျက်စီးပျောက်ကွယ်
နေပြီဖြစ်၏။မပျက်စီးပဲ ကျန်ရစ်သော ဘုရားပုထိုး စေတီများကို
လည်း ဟိန္ဒူဘာသာဝင်များက သူတို့ဘာသာနှင့် ပက်သက်
သော နေရာဌာနများအဖြစ် သိမ်းထားကြပြီဖြစ်၏။
( စာရှည်လျှင် ဖတ်ရ/မှတ်ရ ရှုတ်ထွေးသွားမည် စိုးသောကြောင့် ခေတ္တရပ်ခွင့်ပြုပါ။ ဒုတိယပိုင်းကို အားပေးကြ
ပါဦးလို့ ---)
. ---နေရိပ်---
===============================
"ဗုဒ္ဓဘာသာဝင်တိုင်း---
သိထား/ရှယ်ထား သင့်သည်ဟု ကျွန်ုပ်ယူဆမိသည်
သမိုင်းဖျောက်ဖျက်ခံထားရသူကို တူးဖော်ပေးခြင်းဖြင့် အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖော်ကျူးအံ့---"
===============================
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
13/5/2016/(Fri)/8:14.am/
===============================
No comments:
Post a Comment