ဆရာတော် ဦးစန္ဒြမဏိ
••••••••••••••
® အိန္ဒိယဝယ်---
ကွယ်လုနီးပါး ဖဘုရား၏
တရားသာသနာ ရောင်ဝါနေမင်း
ထွန်းပြောင်လင်းဖို့ လမ်းခင်းရှေ့မှ
ပထမကြိုးပမ်း သားရဟန်း---။
® ဤရဟန်းတော် မထေရ်ကျော်သည်
မြော်မြင်အသိ လုံ့လရှိ၍
သတ္တိဗျတ္တိ သီလရှိ၍
ဇာတိမွေးမြေ ရခိုင်ပြည်မှ
ငယ်စဉ်ကပင်---
မိဘဆရာ များသံဃာတို့
သာသနာပြုရန် စေလွှတ်ခံခဲ့---။
® နိုင်ငံရပ်ခြား တိုင်းတစ်ပါးတွင်
စားဝတ်နေရေး လေးပစ္စည်းကို
ပေးကမ်းသူရှား ဒုက္ခများလည်း
အများအတွက် ကိုယ့်အသက်ပင်
မကွက်မငဲ့ ဆောင်ရွက်ခဲ့---။
® လူမျိုးကွဲပြား ဘာသာခြားတို့
ထိပါးပုတ်ခတ် စော်ကားတတ်ကြ
နှင်ထုတ်ကြလည်း နေ့ညအစဉ်
တရားမြင်အောင်---
သွန်သင်လမ်းပြ ဆိုဆုံးမ၍
များစွာအပေါင်း လူသိန်းသောင်းကို
ကောင်းခြင်းသာစည် ဝမ်းမြောက်ကြည်ရွှင်
ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာစေခဲ့။
® အစွန်းရောက်ကာ လူ့မိစ္ဆာတို့
ဘာသာတရား မျိုကာဝါးပြီး
ဖြိုဖျက်ဆီး၍ ပျက်စီးရှေးဟောင်း
ဘုရားကျောင်းကန် တစ်ခါပြန်လည်
မွမ်းမံတည်ဆောက် နောင်မျိုးထောက်လျက်
စောင့်ရှောက်ထိမ်းသိမ်းစေခဲ့ပြီ---။
® သြော်---
ဂုရုဂုရု မဟာဂုရု
ဂုဏ်ပြုခတ်နှိပ် ဘွဲ့တံဆိပ်ကို
ရွှေစိတ်သန့်ရှင်း မွှေးပျံ့သင်းသည့်
မင်းနှင့်ပြည်သူ အလေးမူလျက်
ပူဇော်ဆက်ကပ် ထူးမြတ်ခဲ့ပေ
ကမ္ဘာမြေပေါ်---
မဟာထေရ်ကျော် ဆရာတော်၏
ဖော်ကျူးမကုန် ကျေးဇူးဂုဏ်ကို
ကြည်ညိုမှန်းဆ ရှိခိုးလိုက်ရပါသည်ဘုရား---။
. ( ချစ်ဝေ )
===============================
ကျေးဇူးတော်ရှင် ဆရာတော်ဦးစန္ဒြမဏိမထေရ်မြတ်အား ဂုဏ်ထပ်ကဗျာလေး ဖော်ကျူးပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။
===============================
"သမိုင်းဖျောက်ဖျက်ခံထားရသူကို ဖော်တူးပေးခြင်းဖြင့်
အမျိုးဂုဏ် ဇာတိဂုဏ်ကို ဂုဏ်ယူစွာ ဖော်ကျူးအံ့---"
===============================
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
12/5/2016/(Thu)/9:15.pm./
===============================
No comments:
Post a Comment