သမိုင်းတစ်ခေတ်ထုဆစ်ခဲ့သူ အရှင်စန္ဒြမဏိမထေရ်မြတ်
. ( သို့မဟုတ် )
အိန္ဒိယရှိဗုဒ္ဓသာသနာနှင့် ဗုဒ္ဓဂယာကိုကယ်တင်ခဲ့သူ( ၂ )
===============================
{ ယခင်မှ အဆက် }
°°°°°°°°°°°°°°°°
® ဗုဒ္ဓဘာသာအပေါ် လွန်စွာ ယုံကြည် ကိုင်းရှိုင်းသော
ဓမ္မပါလသည် ဗုဒ္ဓဘာသာနှင့် ပါတ်သက်သော နေရာဌာနများကို ဗုဒ္ဓဘာသာဝင်တို့၏ လက်ထဲသို့ ပြန်ရောက်
လာစေရန်အတွက် ကြိုးပမ်းတော့မည်ဟု သန္ဓိဋ္ဌာန်ချလိုက်
တော့သည်။
® သို့ဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်သို့ရောက်ရှိစဉ် သာသနာပြု
ပုဂ္ဂိုလ်တစ်ပါး ပေးရန်တောင်းခံခဲ့၏ ထိုအခါ စစ်တွေမြို့
စန္ဒိမာရာမကျောင်းတိုက် ဆရာတော်က "ရှင်စန္ဒြ"နှင့်"ရှင်သူရိယ" ကိုရင်နှစ်ပါးကို ထည့်ပေးလိုက်၏။
® ထိုစဉ်က "မန္တလေး ရတနာပုံသတင်းစာ အယ်ဒီတာအာ
ဘော်၌ မိစ္ဆာတို့ ဖျက်ဆီးမှု့ကြောင့် ဓမ္မလင်းရောင်ကွယ်ပျောက်
အမိုက်တိုက် ရောက်နေသော မဇ္ဈိမဒေသတွင်"စန္ဒြ(နေ)"နှင့်
"သူရိယ(လ)"တို့ ဓမ္မလင်းရောင် ပြန်ထွန်းပေါ်လာစေရန်
သွားကြပြီ"ဟုတခမ်းတနား ဂုဏ်ပြု ဖော်ပြခဲ့သည်။
® ရှင်စန္ဒြ နှင့် ရှင်သူရိယ တို့ အိန္ဒိယသို့ရောက်သောအခါ
ဗုဒ္ဓဂယာ မဟာဗောဓိစေတီအနားရှိ"သီပေါမင်း ဇရပ်"တွင်
သီရိလင်္ကာ ဘုန်းတော်ကြီး ဦးသုမင်္ဂလနှင့် အတူသီတင်းသုံး
နေထိုင်ကြ၏။
® ထိုအချိန်က သီပေါမင်းဇရပ်သည် ဟိန္ဒူဘုန်းကြီး မဟန့်ခြံ
ဝင်းထဲသို့ ရောက်နေပြီ ဖြစ်သောကြောင့် မဟန့်၏တပည့်များ
က နည်းမျိုးစုံဖြင့် နှောင့်ယှက်ကြ၏။ ၁၈၉၂ခုနှစ် ဖေဖဝါရီလ
၎ရက်နေ့တွင် မဟန့်တပည့်များ၏ ရိုက်နှက်မှုကို ခံကြရ၏။
® ထိုအခါ အစိုးရတာဝန်ရှိသူများက လုံခြုံရေးကို အကြောင်း
ပြ၍ ဇရပ်မှ နှင်ထုတ်လိုက်ကြသည်။ဓမ္မပါလသည် ဗုဒ္ဓဘာသာ
နှင့်ပါတ်သက်သော နေရာဌာနများကို ဗုဒ္ဓဘာသာဝင်များလက်
ထဲ ပြန်အပ်နှံရန် အိန္ဒိယတရားရုံးများထံ ဦးတိုက်လျောက်ထား
ခဲ့သည်။
® ထိုသို့လျောက်ထားရာတွင် သီပေါမင်းဇရပ်လည်း တစ်ခု
အပါအဝင်ဖြစ်သည်။ ၁၉၀၇ ခုနှစ်တွင် ဇရပ်ပိုင်ဆိုင်မှုများ
အတွက် တရားရင်ဆိုင်ကြရ၏။ထိုအခါ မဟန့် များက
"ဤဇရပ်ကို မြန်မာဘုရင် မင်းတုန်းမင်း ကသူ့အား အပိုင်စား
ပေးထားခဲ့သည်"ဟုတရားရုံးတွင် ထွက်ဆိုခဲ့ကြသည်။
® ဓမ္မပါလက အပိုင်စားပေးထားခဲ့ခြင်းမဟုတ် စောင့်ရှောက်
ခွင့်သာ ပေးထားခဲ့ခြင်းသာဖြစ်သည်"ဟု ချေပ၏။တရားရုံးက
သက်သေပြနိုင်ပါသလား မေးသောအခါ"ရတနာဂီရိတွင်
မင်းတုန်းမင်း၏ သားတော် သီပေါမင်းရှိနေပါ၏။သူ့ကိုသက်
သေပြလိုပါသည်။"ဟု ပြန်ဖြေခဲ့သည်။
®"သီပေါမင်းဘုရင်က အကျဉ်းစံနေရ၍ ရုံးတော်သို့ ပင့်ဆောင်ရန် မဖြစ်နိုင်ချေ သူ့ထံသွား၍ သက်သေတောင်းပါ"
ဟု ပြောပြန်သောအခါ ဓမ္မပါလသည် ရတနာဂီရိသို့ သွားရန်
စီမံရပြန်သည်။
® ဓမ္မပါလသည် ကုသိနာရုံ မြန်မာကျောင်း၌ သီတင်းသုံး
သာသနာပြုနေသော"ဆရာတော် ဦးစန္ဒြမဏိ"အား ဤအခြင်း
အရာများကို အကြောင်းကြားလိုက်၏။ကုသိနာရုံ မြန်မာကျောင်
ဆရာတော် ကား အခြားသူမဟုတ် သူကိုယ်တိုင် ရခိုင်ပြည်မှ
ပင့်ခေါ်လာသော "ရှင်စန္ဒြ"ပင်ဖြစ်သည်။
® ရှင်စန္ဒြသည် အခက်အခဲ အမျိုးမျိုးကြားမှ အိန္ဒိယနိုင်ငံ၌
သီတင်းသုံးနေထိုင်လျက် ဆရာတော် မဟာဝီရ ဓမ္မပါလတို့
နှင့် လက်တွဲ၍ ဗုဒ္ဓသာသနာတော် ပြန်လည်ထွန်းကားလာစေ
ရန် အသက်စွန့်ကြိုးစားနေသူဖြစ်၏။အသက်(၁၅)နှစ်အရွယ်
ကိုရင်ဘဝကပင် အသက်(၉၇)နှစ်အရွယ်အထိ အိန္ဒိယနှင့်
နီပေါနိုင်ငံတို့တွင် သာသနာပြုသွားသူဖြစ်သည်။
( ခေတ္တနားစို့ --)
( အပိုင်း ၃ ကို ဆက်လက်၍ အားပေးကြပါဦးလို့---)
"ဗုဒ္ဓသာသနာပြု ပုဂ္ဂိုလ်အကျော် အနာဂါရိက ဓမ္မပါလ"
စာအုပ်မှ ဖော်ယူတူးဆစ်နေခြင်းဖြစ်သည်။
===============================
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
13/5/2016/(Fri)/7:40.pm./
===============================
"သမိုင်းဖျောက်ဖျက် ခံထားရသူကို ပြန်လည်ဖော်တူးပေးခြင်း
ဖြင့် အမျိုးဂုဏ် ဇာတိဂုဏ်ကို ဂုဏ်ယူစွာ ဖော်ကျူးအံ့---"
===============================
No comments:
Post a Comment