သမိုင်းတစ်ခေတ် ထုဆစ်ခဲ့သူ---
. (သို့)
ဆရာတော် ဦးစန္ဒြမဏိ ( ထေရုပ္ပတ္တိ )
•••~~~•••~~~•••~~~•••
© ကျေးဇူးတော်ရှင် ဆရာတော် ဦးစန္ဒြမဏိမဟာထေရ်မြတ်
အလောင်းလျာကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်
ပေါက်ပင်ကွင်းကျေးရွာ၌ ခမည်းတော် ဦးကျော်အောင်
မယ်တော် ဒေါ်မိဝင်းယေတို့မှ ၁၉၈၅-ခုနှစ် မေလ ၂၅ရက်နေ့
တွင် ဖွားမြင်သည်။
@ ငယ်မည်မှာ"သာပန်းဦး"ဖြစ်သည်။မွေးချင်း ၃ယောက်
အနက် သားဦးရတနာဖြစ်သည်။အသက်၁၂နှစ်အရွယ်တွင်
စစ်တွေမြို့ စန္ဒိမာရာမကျောင်းတိုက် ဆရာတော်ကို ဥပဇ္ဈာယ်
ပြုလျက် ရှင်သာမဏေပြုခဲ့သည်။
® စစ်တွေ မော်လမြိုင် မန္တလေးမြို့များရှိ စာသင်တိုက်ကြီးများ
၌ ပါဠိပိဋကတ်စာပေများကို လေ့လာသင်ကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံသား "အနာဂါရိကဓမ္မပါလ"၏ ပင့်ဖိတ်ချက်အ
ရ အသက်(၁၄)နှစ်အရွယ်တွင် ရှင်သာမဏေဘဝဖြင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။
@ ဆရာတော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်ဝါမြို့တွင် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ထို့နောက်
အိန္ဒိယနိုင်ငံတွင် အခြေချနေထိုင်လျက် ပျောက်ကွယ်နေသော
ဗုဒ္ဓသာသနာတော်ကို ပြန်လည်ရှင်သန်လာစေရန် အခက်ခဲများ
စွာကို ရင်ဆိုင်၍ သံဝေဇနိယဌာနများတွင် သာသနိကအ
ဆောက်အဦးများ ဆောက်လုပ်ကာ သာသနာပြုခဲ့သည်။
© ဆရာတော်သည် ကုသိနာရုံဒေသတွင် မူလတန်း
အလယ်တန်း အထက်တန်းကျောင်းများ စန္ဒြမဏိကောလိပ်
တို့နှင့် အခမဲ့ဆေးခန်းတို့ကို တည်ထောင်ဖွင့်လှစ်ပေးခဲ့သည်။
@ ထို့ပြင် ၁၉၅၄-ခုနှစ်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင်
ကျင်းပသော ဆဋ္ဌသင်္ဂါယနာတင်ပွဲ နှင့် ၁၉၅၅-ခုနှစ်တွင်
နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တွင် ကျင်းပသော ကမ္ဘာ့ဗုဒ္ဓဘာသာ
ညီလာခံသို့ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အ
ဖြစ် တက်ရောက်ခဲ့ပါသည်။
® ဆရာတော်၏ သာသနာပြုလုပ်ငန်းထဲမှ ကမ္ဘာကျော် စွမ်း
ဆောင်မှုတစ်ခုမှာ ၁၉၅၆-ခုနှစ် အောက်တိုဘာ ၁၄ရက်နေ့
တွင် အိန္ဒိယဗဟိုတရားရေးဝန်ကြီး"ဒေါက်တာ အမ္ဗေဒကာ"
ဦးဆောင်သည့် အိန္ဒိယနိုင်ငံသား ၆-သိန်းကျော်တို့အား
မဟာရာစထရာပြည်နယ် နာဂပူရ်မြို့ ဒေ့က်ရှားဘူမိအရပ်၌
ဗုဒ္ဓဘာသာဝင်အဖြစ် သွတ်သွင်းပေးခဲ့ခြင်းပင်ဖြစ်သည်။
© ဤသို့ဖြင့်ဆရာတော်သည် အိန္ဒိယနှင့် နီပေါနိုင်ငံတို့၌
ရာစုနှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့ပြီဖြစ်သည့် ဗုဒ္ဓသာသနာတော်ကို ပြန်လည်ရှင်သန်လာအောင် ကြိုးစား
ဆောင်ရွက်တော်မူရင်း ၁၉၇၂ ခုနှစ် မေလ-၈ရက်နေ့တွင်
မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူခဲ့သည့် ကုသိနာရုံရှိ မလ္လာမင်းတို့
အင်ကြင်းဥယျာဉ်၌ တစ်ဘဝဇာတ် ကင်းပြတ်တော်မူခဲ့ပါသည်။
( ဤသည်မှာကား ဆရာတော်ဦးစန္ဒြမဏိ ထေရုပ္ပတ္တိအကျဉ်း
ပြီး၏-သူ၏လှုပ်ရှားပုံရိပ်တစ်စိပ်တစ်ဒေသကို အချိန်ရလျင်
တင်ပြပေးပါဦးမည်။အားပေးကြပါဦးနော် )
===============================
"သမိုင်းဖျောက်ဖျက်ခြင်းခံထားရသည့် ကျေးဇူးရှင်ကို ဖော်တူးပေးခြင်းဖြင့် အမျိုးဂုဏ်ကို ဖော်ကျူးအံ့--"
===============================
မှက်ချက်-
ဤ ထေရုပ္ပတ္တိအကျဉ်းသည် တစ်လုံးတစ်ပါဒမျှ ပြုပြင်ဖြည့်စွတ်
ထားခြင်းမရှိပါ။မူရင်းအတိုင်းသာ တင်ပြပေးခြင်းဖြစ်သည်။
===========-===================
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
12/5/2016/(Thu)/6:33.pm./
=====================-=========
No comments:
Post a Comment