Friday, April 8, 2016

ရင်တွင်းမှ ပိတောက်ပန်း - တက္ကသိုလ်ဘုန်းနိုင်

ရင်တွင်းမှ ပိတောက်ပန်း - တက္ကသိုလ်ဘုန်းနိုင်
**************************************

ကိုယ့်ဘဝ…
ပွင့်လာရ ချစ်ဦးလွှာ။
ပိတောက်ကို ပမာခိုင်း
နှိုင်းချင်ရဲ့ မောင့်သက်လျာ
တစ်သက်တွင် သည်တစ်ချစ်
တစ်ချစ်သည် တစ်ယောက်တည်း
မဖောက်လွှဲပါတဲ့ ခိုင်သစ္စာ
မေတ္တာနှစ် သင်္ကြန်ပန်း...။

ဪ...မဆင်ငြင်းရင်လှ
ပင်မင်းမှာ မာလာသုဉ်းသည်သို့
ဘဝမှာ ပိတောက်တုံးပေလိမ့်
ဆံထုံးနောင် မပြင်နဲ့
တာသဘင် တစ်ကြိမ်သစ်မည်က
သံသရာ ဟိုတစ်ခေတ်မှာမို့(ကွယ်)
လွမ်းရစ်တော့ မငိုတမ်း…။ ။

တက္ကသိုလ်ဘုန်းနိုင်

(ပိတောက်ပွင့်ဆဲ လသာဆဲဝယ် မှ)

No comments:

Post a Comment