Friday, April 8, 2016

မေ

မေ...
ပိတောက်တွေ ပွင့်နေပြီလေ
လွမ်းရက်ရယ် ကြာရှည်
မောင်မလွမ်းချင်တော့ဘူးလေ
မေ...
ခြောက်သွေ့လှတဲ့ဒီနွေ
အနမ်းပျောက်လို့
လှမ်းလျှောက်ကာ
မေ့ဆီအရောက်လာခဲ့ချင်ပြီလေ
မေ...
နွေနဲ့ပိတောက်
အတူလျှောက်လို့
သူတို့ပျော်နေကြပြီလေ
မေ...
မောင်လည်း မေနဲ့နှစ်ယောက်
နွေနဲ့ပိတောက်လို
ဘဝလမ်းခရီးအတူလျှောက်လို့
လာခဲ့ချင်ပြီလေ။။

No comments:

Post a Comment