နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်၏ သံဝေဂစာ
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
ဒီကနေ့ လူဝတ်ကြောင်ဘဝမှ မြင့်မြတ်တဲ့ရဟန်းဘဝကို ခေတ္တမျှကူးပြောင်း ရောက်ရှိခဲ့တယ်။
လူဝတ်ကြောင်ဘဝတစ်လျှောက် သယ်ပိုးထမ်းရွက်လာခဲ့ရတဲ့ အိမ်ထောင့်တာဝန်၊ တပ်မတော်ကဲ့သို့ အဖွဲ့အစည်းတစ်ခုရဲ့တာဝန်၊ နိုင်ငံတော်သမ္မတတည်းဟူသော နိုင်ငံရဲ့တာဝန်တွေကို စွန့်လွှတ်ခဲ့နိုင်တဲ့အတွက် ပေါ့ပါးလွတ်လပ်မှု၊ စိတ်၏ချမ်းသာမှုကို ခံစားမိခဲ့တယ်။
လူ့ဘဝဟာ ရခဲသကဲ့သို့၊ လူ့ဘဝထက်ပိုမိုရခဲတဲ့ ရဟန်းဘဝကို ဒီကနေ့ ကူးပြောင်းရောက်ရှိနိုင်ခဲ့တယ်။ လူ့ဘဝမှာ အတိတ်ဘဝရဲ့ ကုသိုလ်ကံအကြောင်းတရားကြောင့်၊ လူဦးရေ ၅၁ သန်းကျော်ရှိတဲ့နိုင်ငံမှာ အထွဋ်အထိပ်ဖြစ်တဲ့ နိုင်ငံတော်သမ္မတဘဝကို ထူးခြားစွာ ရရှိခဲ့တယ်။
သို့သော် သမ္မတတာဝန် ထမ်းဆောင်ခဲ့ရတဲ့ ၅နှစ်တာကာလအတွင်း စိတ်ချမ်းသာမှု အလွန်နည်းပါးခဲ့ရတယ်။ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းစတဲ့ လောကဓံရိုက်ခတ်မှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်။ ဒါကြောင့် ရာထူးတို့ အာဏာတို့ဆိုတာ လူရဲ့စိတ်ကို ချမ်းသာမှုမပေးနိုင်ဘူးဆိုတာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီဖြစ်တယ်။
ယ္ခု မြင့်မြတ်တဲ့ ရဟန်းဘဝ ရတောင့်ရခဲရဟန်းဘဝ ဖြစ်တောင့်ဖြစ်ခဲတဲ့ရဟန်းဘဝ၊ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ မိမိရဲ့စိတ်ကို တရားဓမ္မဖြင့် ဆေးကြောသန့်စင်ပြီး ချမ်းသာသုခရရှိအောင် ကြိုးစားရမယ်။
ဒါမှ လူဖြစ်ကြိုးနပ်မယ်။
Photo------Chan Myae Aung
No comments:
Post a Comment