ပါဠိတော်နည်းကြိုက်သူများအတွက်
********
လက်ဖက်ရည်ဆိုင် ထိုင်နေခိုက် သာမဏေကျော် စာသင်သားဘဝ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းက လာနှုတ်ဆက်တယ်
သူငယ်ချင်း==အိမ်ကြီးရေး မတွေ့တာကြာပြီနော်၊
(ဣန္ဒာစရိယ>ကို အတိုခေါ် အိမ်)
အရင်လို စာဖတ်သေးလား၊
ဟိုနေက ကိုယ့်ဆရာရဲ့မိတ်ဆွေ ရိပ်သာဘုန်းကြီး တစ်ပါးတွေ့တော ပါဋ္ဌဋီကြီးကို
သတိရလိုက်တာကွာ
(ပါဠိ,အဋ္ဌကထာ,ဋီကာထဲက ပါတာလေး အချို့ကို မှတ်ပြီး သူငယ်ချင်းတွေနဲ့ စကားနိုင်လုပြောလေ့ရှိလို့ ရွဲခေါ်ကာ ပါဋ္ဌဋီဟု နောက်ပြောင်ခေါ်ကြ)
ဣန်=ဘာလို့လဲ စကားကပ်ပြောလို သတိရတာလား
သူငယ်ချင်း=မဟုတ်ပါဘူးကွာ၊ သူပြောတာ နားထဲကန့်လန့် ကြားလိုက်တော့ ကိုယ့်လူနဲ့ တွေ့ပေးချင်လို့
ဣန်=ဘာလိုလဲ၊ ပါတီကိုယ်တော် ဖြတ်နေလို့လား
သူငယ်ချင်း= ပါတီကိုယ်တော်လား၊ ဘာလားတော့ မသိဘူး။ သူပြောတာ နားထဲကန့်လန့်ကြီး ကြားနေရသလိုပဲ၊ စိတ်ထဲ ပါဋ္ဌဋီကြီးနဲ့ တေ့ပေးလိုက်ချင်တာလို့ တွေးမိသေးတယ်
ဣန်=အောင်မာ (ည--ပေးကောင်) ငါများ ခိုင်တိုင်လုပ်ရအောင် မင်းည-လင် မင်းယောက်ဖကြီး မှတ်နေတာလား
(အရမ်းရင်းနှီး သူငယ်ချင်းအချင်းချင်း စနောက်ပြီး ညီမတောင်းဟန်ဖြင့် ညီးမပေးကောင်ဟု အပြောင်ပြောခြင်း)
သူငယ်ချင်း=အကောင်းပြောနေတာဟ၊ သူက ကိုယ့်ဆရာရှေ့မှာ ပြောနေတာ၊ ရိပ်သာက ဘယ်မူနဲပြတာလဲမေးတော့
တပည့်တော်ရိပ်သာက ပါဠိတော်နည်းပဲ သုံးတယ်တဲ့။
သူက အဋ္ဌကထာ,ဋီကာတွေ အားမကိုးဘူး ပါဠိတော်တိုက်ရိုက်ပဲတဲ့
ဣန်=(ည-ပေးလေးရယ်) ဒါများ အလွယ်လေးပါကွာ။ ပါဠိတော် တိုက်ရိုက်ပါတဲ့ ဓမ္မပဒဂါထာကို အဋ္ဌကထာ,ဋီကာတွေ မကြည့်ဘဲ အဋ္ဌကထာ,ဋီကာတွေနှင့်အညီ အနက်ပေးထားတဲ့ နိသျတွေကို အားမကိုးဘဲ ဆရာတပည့်တွေ ကိုယ်တိုင်ကျင့်ကြည့်ပါဘုရားလို့ ပြောလိုက်ပေါ့
သူငယ်ချင်း=ရဟန်းမ သ္မီးပေးရဲ့ဘာဂါထာလဲဟ
(ရဟန်းအမသည် အစ်မဝမ်းကွဲဖြစ်၍ တူမရှိကြောင်း သိထားသောကြောင့် တူမတောင်းဟန်းဖြင့် ပြောသည်)
ဣန်=(ည-ပေးရယ်) အဋ္ဌကထာ,ဋီကာပယ်ချင်နေတဲ့ ဆရာတို့အတွက်
မာတရံ ပိတရံ ဟန္တွာ,
ရာဇာနော ဒွေ စ ခတ္တိယေ၊
ရဋ္ဌံ သာနုစရံ ဟန္တွာ,
အနီဃော ယာတိ ဗြာဟ္မဏော။
မာတရံ ပိတရံ ဟန္တွာ,
ရာဇာနော ဒွေ စ သောတ္ထိယေ၊
ဝေယဂ္ဃပဉ္စမံ ဟန္တွာ,
အနီဃော ယာတိ ဗြာဟ္မဏော။
ရဟန္တာသည် အမိ,အဖကို သတ်ပြီး
သမ္မတ အကြံပေး နှစ်ပါး,
အမတ်နှင့်တကွနိုင်ငံကို သတ်ဖြတ်ဖျက်ဆီ၍ ဆင်ရဲကင်လျက်သွားရတယ်။
ရဟန္တာသည် အမိ,အဖကို သတ်ပြီး
သမ္မတ အကြံပေး နှစ်ပါးနှင့် အမတ်နှင့်တကွ ငါးခုမြောက်ကျားသွားလမ်းကို သတ်ဖြတ်ဖျက်ဆီး၍ ဆင်ရဲကင်လျက်သွားရတယ်-ဆိုတဲ့ ဘုရားဟော ကျင့်သုံးနေထိုင်နည်းကို ကျင့်သုံးကြပေါ့လို့ ပြောလိုက်ပါလား။
သူငယ်ချင်း=ရဟန်းမ သ္မီးပေးရဲ့
တော်ကြား အဋ္ဌကထာ,ဋီကာနှင့်အညီ ပေးထားတဲ့ နိသျ မကြည့် ပါဠိနည်းကျင့်ကြလို့ ကြားထဲကနေ ငါအချောင် ပါရာဇိကကျနေပါဦးမယ်ကွာ။
သူငယ်ချင်းနဲ့ ပြောမိတာလေး ရေးတင်လိုက်တာ
အဋ္ဌကထာနည်း,ဋီကာနည်း အဓိပ္ပါယ်ရေးမလို ပျင်းသွားတာနဲ့ မရေးတော့ဘူး။
အရှင်ဣန္ဒာစရိယ (မော်ကျွန်း)(30:9:2018/9:50pm)
########
ဖြည့်စွပ်ချက်။ ပထမဂါထာသည်
ဂါထာသည် ဓမ္မပဒပါဠိတော်၏ နှာ-၅၅၊ ပိုဒ်ရေ-၂၉၄ ၌ပါ၍
ဒုတိယဂါထာသည် ဓမ္မပဒပါဠိတော်၏ နှာ-၅၅၊ ပိုဒ်ရေ-၂၉၅ ၌ပါသည်။
ဤဂါထာနှင်ပုဒ်တို့ကို အဋ္ဌကထာဆရာတော် အရှင်မဟာဗုဒ္ဓဃောသက သံယုတ်ပါဠိကိုအခြေခံ၍ ဓမ္မပဒအဋ္ဌကထာ၊ဒုတိယအုပ်၊ ၂၈၃-၂၈၄တို့၌ ဖွင့်ဆိုပြထားသည်။
အဋ္ဌကထာဖွင့်ဆိုချက် ပြည့်စုံပြီး ဖြစ်သောကြောင့် ဓမ္မပဒမဟာဋီကာ၌ ဖွင့်ဆိုချက် မပြတော့။
အရှင်သုဇနာလင်္ကာရ၏ ဓမ္မပဒဂါထာ(တတိယဆင့်)နိသျကား ဖော်ပြပါပုံ၌ရှုလေ။
မာတရံ ပိတရံ ဟန္တွာ,
ရာဇာနော ဒွေ စ ခတ္တိယေ၊
ရဋ္ဌံ သာနုစရံ ဟန္တွာ,
အနီဃော ယာတိ ဗြာဟ္မဏော။
တတ္ထ သာနုစရန္တိ အာယသာဓကေန အာယုတ္တကေန သဟိတံ။ ဧတ္ထ ဟိ ‘‘တဏှာ ဇနေတိ ပုရိသ’’န္တိ ဝစနတော တီသု ဘဝေသု သတ္တာနံ ဇနနတော တဏှာ မာတာ နာမ။ ‘‘အဟံ အသုကဿ နာမ ရညော ဝါ ရာဇမဟာမတ္တဿ ဝါ ပုတ္တော’’တိ ပိတရံ နိဿာယ အသ္မိမာနဿ ဥပ္ပဇ္ဇနတော အသ္မိမာနော ပိတာ နာမ။ လောကော ဝိယ ရာဇာနံ ယသ္မာ သဗ္ဗဒိဋ္ဌိဂတာနိ ဒွေ သဿတုစ္ဆေဒဒိဋ္ဌိယော ဘဇန္တိ, တသ္မာ ဒွေ သဿတုစ္ဆေဒဒိဋ္ဌိယော ဒွေ ခတ္တိယရာဇာနော နာမ။ ဒွါဒသာယတနာနိ ဝိတ္ထတဋ္ဌေန ရဋ္ဌဒိသတ္တာ ရဋ္ဌံ နာမ။
အာယသာဓကော အာယုတ္တကပုရိသော ဝိယ တန္နိဿိတော နန္ဒိရာဂေါ အနုစရော နာမ။ အနီဃောတိ နိဒ္ဒုက္ခော။ ဗြာဟ္မဏောတိ ခီဏာသဝေါ။ ဧတေသံ တဏှာဒီနံ အရဟတ္တမဂ္ဂဉာဏာသိနာ ဟတတ္တာ ခီဏာသဝေါ နိဒ္ဒုက္ခော ဟုတွာ ယာတီတိ အယမေတ္ထတ္ထော။
ဒေသနာဝသာနေ တေ ဘိက္ခူ အရဟတ္တေ ပတိဋ္ဌဟိံသု။
ဒုတိယဂါထာယပိ ဝတ္ထု ပုရိမသဒိသမေဝ။ တဒါ ဟိ သတ္ထာ လကုဏ္ဍကဘဒ္ဒိယတ္ထေရမေဝ အာရဗ္ဘ ကထေသိ။ တေသံ ဓမ္မံ ဒေသေန္တော ဣမံ ဂါထမာဟ –
‘‘မာတရံ ပိတရံ ဟန္တွာ,
ရာဇာနော ဒွေ စ သောတ္ထိယေ၊
ဝေယဂ္ဃပဉ္စမံ ဟန္တွာ,
အနီဃော ယာတိ ဗြာဟ္မဏော’’။
တတ္ထဒွေ စ သောတ္ထိယေတိ ဒွေ စ ဗြာဟ္မဏေ။ ဣမိဿာ ဂါထာယ သတ္ထာ အတ္တနော ဓမ္မိဿရတာယ စ ဒေသနာဝိဓိကုသလတာယ စ သဿတုစ္ဆေဒဒိဋ္ဌိယော ဒွေ ဗြာဟ္မဏရာဇာနောစ ကတွာ ကထေသိ။ ဝေယဂ္ဃပဉ္စမန္တိ ဧတ္ထ ဗျဂ္ဃါနုစရိတော သပ္ပဋိဘယော ဒုပ္ပဋိပန္နော မဂ္ဂေါ ဝေယဂ္ဃေါ နာမ, ဝိစိကိစ္ဆာနီဝရဏမ္ပိ တေန သဒိသတာယ ဝေယဂ္ဃံ နာမ, တံ ပဉ္စမံ အဿာတိ နီဝရဏပဉ္စကံ ဝေယဂ္ဃပဉ္စမံ နာမ။ ဣဒဉ္စ ဝေယဂ္ဃပဉ္စမံ အရဟတ္တမဂ္ဂဉာဏာသိနာ နိေဿသံ ဟန္တွာ အနီဃောဝ ယာတိ ဗြာဟ္မဏောတိ အယမေတ္ထတ္ထော။ သေသံ ပုရိမသဒိသမေဝါတိ။
#########
တကယ်တော့ အဋ္ဌကထာ,ဋီကာဆိုတာ ဘုရားဟောတော်မူခဲ့သော တရားတော်တွေကို ဘုရားရှင်လက်ထက်ကစပြီး ဘုရားရှင်၏ အကျယ်ဟောကြားချက်တွေကို ဆရာအစဉ်းအဆက် အဆင့်ဆင့် သင်ယူမှတ်သားထားတာတွေပါပဲ၊ သတိချွတ်ချော်မှုနှင့် ဝါသနာဓလေ့ကြောင့်သာ အချို့နေရာမှာ ချွတ်ချော်မှားယွင်းမှု မရှင်းလင်းမှု အချက်အချို့  ပါရှိနေခြင်းသာ ဖြစ်ပါတယ်။
ဆန်ထဲမှာ ဆန်ကွဲဆန်ကျိုး နည်းနည်းပါရုံနဲ့ ဆန်မဟုတ်ဘူး ထမင်း မချက်ဘူးဆိုရင်တော့ ငက်သေးရတော့မည့်ကိန်း ဆိုက်သကဲ့သို့ပင်
ချို့ယွင်းချက် နည်းနည်းလောက်နဲ့ အဋ္ဌကထာ, ဋီကာတွေ အကုန်ပယ်ပစ်မယ်ဆိုရင်တော့ ရသာစစ်မှန် မြတ်နိဗ္ဗာန်နှင့် ပိုဝေးသွားကြရလိမ့်မယ်-လို့ စဉ်းစားတွေးတောသင်ပါတယ်
အရှင်ဣန္ဒာစရိယ (မော်ကျွန်း) (1:9+10:2018/10:50am)
https://m.facebook.com/story.php?story_fbid=971771049676379&id=576981195822035