Friday, August 24, 2018

ဆဋ္ဌမူ၏ သီဟိုဠ်နှင့် နားလည်မှု ယူပုံ

#ဆဋ္ဌမူ၏ သီဟိုဠ်နှင့် နားလည်မှု ယူပုံ#
@@@@@@@@@@@@@@@
#ဆဋ္ဌမူကို တည်းဖြတ်သည့်အခါ အစုအဖွဲ့အလိုက်
အခြားမူများနှင့် တည်းဖြတ်ခဲ့စဉ် အချို့နေရာများတွင်
သူ့ဘက် ကိုယ့်ဘက် အလျော့မပေးပဲ သဘောတူမှု
မရခဲ့သည့် နေရာများရှိသကဲ့သို့ သီဟိုဠ်ကို နားလည်မှု ပေးကာ
လိုက်လံ ဆုံးဖြတ်ခဲ့သည့် နေရာများလည်း ရှိခဲ့သည်ကို
ငြင်းဆန်လို့ ရမည် မထင်ပါချေ။
#မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ သြပမ္မ၀ဂ်၊ ကကစူပမသုတ်၊ ပိုဒ်ရေ (၂၂၆) လာ အချို့နေရာများမှာ သီဟိုဠ်ပေမူလိုက်ကာ တည်းဖြတ်ခဲ့သည်ကို အမှတ်မထင်တွေ့ရပါသည်။ သို့အတွက် ဗဟုသုတ ရစေရန် ရှယ်လိုက်သည်။
#ဒုတိယ ပုံတွင် မော (mo) ဟု ဝေါ (vo) အစားတွေ့ရမည်ဖြစ်သည်။
#သီဟိုဠ်အက္ခရာ ၀ နှင့် မ မှာ ပေမူတွင် ရေးသည့်အခါ အတော် ဆင်တူသည့် Scribble Confusion Letter (လက်ရေးသော့ ရေးသဖြင့် မှားယွင်းစွာ ကူးမိသည့် အက္ခရာ) ဟု သတ်မှတ်ရသည်။

#မေတ္တာဖြင့်
#အောင်ခန့် (န.ပ.သ) မန်း

No comments:

Post a Comment