Monday, February 19, 2018
Kz education ရဲ့ အစ
Kz education ရဲ့ အစ
၁ ) အွန်လိုင်းကနေ စာသင်ဖို့ ဖြစ်လာတာ
ဖေ့ဘွတ်က ရန်ကုန်အချိန်ပိုင်း အချိန်ပြည့် အလုပ်အကိုင် အခွင့်အလမ်း  ဂရုမှာ  ကိုရီးယား ဘာသာအွန်လိုင်း သင်ခန်းစာတွေကို ပညာဒါန သင်ပေးပါမယ် ဆိုပြီး တင်လိုက်တော့  တခဏအတွင်းစိတ်ဝင်စားတဲ့ သူတွေ များတဲ့ အတွက် closed group တခု ချက်ချင်းဆိုသလို လုပ်လိုက်ပါတယ်။ ပြီးတော့ ဂရု လင့်ကို ချပေးလိုက်တော့ အယောက် ၃၀၀ ကျော်လောက် like ပြီး ကွန်မန့်ပေးသူ  ၈၀ကျော်လောက် ရှိခဲ့ပါတယ်။ အဲလိုနဲ့  ဂရုထဲကနေ စာတွေ တင်ပေး ပညာတွေ မျှဝေဖြစ်ခဲ့ပါတယ်။ ဂရု ဖွဲ့ ခဲ့တာကတော့  ၂၀၁၆ မေလ ၁၀ရက်နေ့မှာပါ။
https://www.facebook.com/groups/1599691330340956/
၂)  ပေ့ခ်ျ ထောင်ဖြစ်တဲ့ အကြောင်းရင်းေ်လး
အွန်လိုင်းပေါ်ကနေ ပညာဒါနကို ဂရုဖွဲ့ ပြီး သင်ရင်းနဲ့   အရင်ကတည်းက  ဘလော့ လုပ်ချင်ခဲ့တာဆိုတော့ ဘလော့ လုပ်ဖို့ က လေ့လာနေတုန်း ဖြစ်တဲ့အတွက် ဖေ့ဘွတ်မှာပဲ ပေ့ခ်ျ အရင်စလုပ်မယ်ဆိုပြီး စတင်ဖြစ်ခဲ့ပါတယ်။
၃ ) ပညာဒါန သင်ဖူးတဲ့ နေရာများ
NSMS Management Institute မှ စီစဉ်ပေးပြီး ကမာရွတ်ဘူတာရုံလမ်းရှိ  တပ်တွင်းကျောင်းတိုက်
Yolo Group မှ စီစဉ်ပေးတဲ့  စမ်းချောင်း ညောင်တုန်းလမ်းတွင် နှစ်နေရာ သင်ဖူးပါတယ်။
ကိုယ်တိုင် စီစဉ်ပြီးလဲ  မိန်းကလေး သီးသန့် ဝိုင်း သင်ဖူးပါတယ်။
၎ ) အွန်လိုင်းသင်တန်းကိုရော ဘယ်ချိန်က စသင်ဖြစ်ခဲ့တာလဲ။
၂၀၁၇ ဖေဖော်ဝါရီ ၁၂ရက်နေ့မှ  ၁၇ရက်အတွင်းအွန်လိုင်း ကိုရီးယားဘာသာစကားအခြေခံ သင်တန်း
အစမ်းဖွင့်လှစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၄ တွင်လည်း  ကိုရီးယား ဘာသာစကားနဲ့ ပတ်သက်ပြီး ဖေ့ဘွတ်ပေါ်ကနေ survey ကောက်ခဲ့ပါတယ်။
ကိုရီးယား ဘာသာစကားနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ခဲ့ရာတွင် ၂၃ယောက်က ဖြေကြားပေးခဲ့ပါတယ်။
ရလဒ်ကတော့
ကိုရီးယား ဘာသာစကားကို သင်ယူရခြင်း အကြောင်းအရင်းအနေနဲ့ ဘာသာစကားတစ်ခု အနေနဲ့ တတ်မြောက်ထားချင်လို့ ဟု ဖြေဆိုသူ ၄၈ ရာခိုင်နှုန်း ၊ ဘာသာပြန်၊ စကားပြန် ၊tour guide လုပ်ချင်လို့ ဟု ဖြေဆိုသူ ၂၀ ရာခိုင်နှုန်း နှင့် နိုင်ငံခြားကို အလုပ်သွားလုပ်ချင်လို့ ဟု ဖြေဆိုသူ ၁၈ရာခိုင်နှုန်း ဖြစ်ပြီး သင်တန်းကျောင်းဖွင့်ချင်လို့ နဲ့ kpopper မို့လို့ ဟု ဖြေဆိုသူ နည်းပါးခဲ့ပါတယ်။
ကိုရီးယား ဘာသာစကားကို လေ့လာနေတာ ဘယ်လောက်ကြာပြီလဲ ဟူသော မေးခွန်းကို ၃လနှင့် အောက် ဟု ဖြေဆိုသူ ၄၀ရာခိုင်နှုန်း၊ ၃နှစ်နှင့် အထက် ဟု ဖြေဆိုသူ ၂၆ ရာခိုင်နှုန်း နှင့်  ၁နှစ် ဟု ဖြေဆိုသူ ၂၂ရာခိုင်နှုန်း ဖြစ်ပါတယ်။ ၆လ ၊ ၂နှစ် ဟု ဖြေဆိုသူကတော့ နည်းပါးခဲ့ပါတယ်။
ဘယ်မှာ သင်ယူတာလဲ ဟူသော မေးခွန်းကို သင်တန်းကျောင်း ဟု ဖြေဆိုသူ ၃၅ ရာခိုင်နှုန်း ၊ ကိုယ့်ဘာသာ လေ့လာတယ် ဟု ဖြေဆိုသူ ၃၀ ရာခိုင်နှုန်း ၊ ufl နဲ့ ပညာဒါနသင်တန်းတွေ တက်တယ် ဟု ဖြေဆိုသူကတော့ ၁၇ ရာခိုင်နှုန်း စီ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
Topik ဖြေဆို အောင်မြင်မှု နဲ့ ပတ်သက်၍ မေးမြန်းရာတွင် မဖြေဆိုဖူးသူ ၇၇ ရာခိုင်နှုန်း ဟု ပေါ်ထွက် ခဲ့ပါတယ်။ Level 3,4 အောင်မြင်ထားသူ ၁၃ ရာခိုင်နှုန်း ၊ level 1 အောင်မြင်သူ ၅ ရာခိုင်နှုန်း ၊ level 2 အောင်မြင်သူ ၅ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ပါတယ်။
ဘာသာစကားကို လေ့လာရာတွင် အခက်အခဲဆုံး အပိုင်းကို မေးမြန်းခဲ့ရာတွင် အပြောစွမ်းရည် ဟု ဖြေဆိုသူ ၃၃ ရာခိုင်နှုန်း ၊ အရေးစွမ်းရည် ၂၉ ရာခိုင်နှုန်း ၊ သဒ္ဒါ ၂၀ ရာခိုင်နှုန်း ထွက်ပေါ်ခဲ့ပါတယ်။ အကြားစွမ်းရည် ဟု ဖြေဆိုသူ ၁၄ ရာခိုင်နှုန်း ၊ အဖတ်စွမ်းရည်ဟု ဖြေဆိုသူ ၄ရာခိုင်နှုန်း ဖြစ်ပါတယ်။
သင်ယူရာတွင် တလတာ ကုန်ကျစရိတ်နဲ့ ပတ်သက်၍ မေးမြန်းရာတွင် မကုန်ကျပါဘူး ဟူသော အဖြေနဲ့ ၃သောင်းအောက် ကုန်ကျသည်ဟူသော အဖြေတို့သည် ၃၉ ရာခိုင်နှုန်းစီ ကောက်ယူရရှိခဲ့ ပါတယ်။ ၃သောင်းနှင့် အထက် ကုန်ကျသူ ၂၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။
ကိုရီးယား ဘာသာစကားကို အွန်လိုင်းက သင်ယူခြင်းကို ကြိုက်မကြိုက် မေးမြန်းရာတွင် ကြိုက်နှစ်သက်သူ ၈၃ ရာခိုင်နှုန်း ထွက်ပေါ်ခဲ့ပါတယ်။
လေ့လာနည်း စာအုပ်များကို တနေရာတည်းမှာ တစုတဝေးတည်း ဝယ်ယူလိုလား ငှားရမ်းချင်လား မေးမြန်းရာတွင် ဝယ်ယူလိုသူ  ၈၃ရာခိုင်နှုန်း ၊ ငှားရမ်းလိုသူ ၁၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။
လေ့လာနည်း စာအုပ်များ ၏ သင့်တော် သော နှုန်း ထားနှင့် ပတ်သက်၍  မေးမြန်းခဲ့ရာ ၅၀၀၀ နှင့် ၁၀၀၀၀ ကြား ဟု ဖြေဆိုသူ ၅၆ ရာခိုင်နှုန်း ၊ ၃ထောင်အောက် ဟု ဖြေဆိုသူ ၄၀ ရာခိုင်နှုန်း ၊ ၁သောင်းနှင့်အထက် ဟု ဖြေဆိုသူ ၄ ရာခိုင်နှုန်း တို့ ဖြစ်ပါတယ်။
လေ့လာနည်း ဗီဒီယိုဖိုင်များကို စုစည်းပြီး အခွေထုတ်မည်ဆိုပါက ဝယ်ယူမလား ဟု မေးမြန်းရာတွင် ဝယ်ယူမယ် ဟု ဖြေဆိုသူ  ၇၈ ရာခိုင်နှုန်း နှင့် မဝယ်ယူပါ ဟု ဖြေဆိုသူ ၂၂ ရာခိုင်နှုန်းတို့ ဖြစ်ပါတယ်။
၅ ) ခုချိန်ထိ ဖွင့်လှစ်ဖြစ်ခဲ့တဲ့ အတန်းများ
အခြေခံ အွန်လိုင်း ကိုရီးယား ဘာသာစကားသင်တန်း
Batch 1 to 5
level 1  Batch 1 to 3
level 2 Batch 1,2
level 3 Batch 1,2
아자 아자 한국어  ကိုရီးယားရောက် မြန်မာ အလုပ်သမားများအတွက် အွန်လိုင်းသင်တန်း
အခြေခံ အွန်လိုင်း သင်တန်းတက်ရောက်ခဲ့သူ  ၁၈၂ ဦး၊ level 1 တက်ရောက်ခဲ့သူ ၇၃ ဦး ၊ level 2 တက်ရောက်သူ  ၂၂ ဦး နှင့်  Level 3 တက်ရောက်သူ ၁၈ ဦးနဲ့  စုစုပေါင်း ၂၉၅ ဦးအထိ ရှိနေပါပြီ။
၆ ) အပြင် သင်တန်း အတွေ့ အကြုံ
အပြင် သင်တန်း အနေနဲ့ ကတော့ ပညာဒါန သင်တန်း သင်ပြီးတဲ့နောက်မှာ
တဦးချင်း သင်တန်းတွေ အများကြီး သင်ပေးခဲ့ပါတယ်။
အခြေခံ၊ level 2,3 , Topik I,II တဦးချင်း သင်ကြားပေးခဲ့ပါတယ်။
၇ ) အွန်လိုင်းသင်တန်း လောကတွင် လေးစားရတဲ့သူ
အွန်လိုင်း ကနေ စာတွေတင်ပြီး သင်ပေးနေရင်းနဲ့ 
📌ဆရာ စိုးမိုးအောင်
ဆရာ့ ဆီက ရတဲ့ သင်ခန်းစာ - အချိန်ကို အသုံးချတတ်ရင် ဘာမဆို ဖြစ်နိုင်တယ်
📌ဆရာမင်းကိုကို
နတ်မောက်စင်တာ ပေ့ခ်ျကို စောင့်ကြည့်လာခဲ့ တာ ပေခ့်ျ စလုပ်ကတည်းကပါ။ ဆရာ ကို အရမ်းလေးစားမိတယ်။ ဆရာ့လို လဲ ဖြစ်အောင် အဘက်ဘက်ကနေ ကြိုးစားနေပါတယ်။
ဆရာ့ ဆီက ရတဲ့ သင်ခန်းစာ - တစိုက်မတ်မတ် ကြိုးစားရင် အိပ်မက်တွေ အကောင် အထည်ဖော်နိုင်လိမ့်မယ်။
📌ဆရာ  နေနန္ဒမင်း
ဆရာ့ ဆီက ရတဲ့ သင်ခန်းစာ - တပည့်တွေအပေါ် ဘယ်လိုထိထိရောက်ရောက် သင်သင့်တယ်ဆိုတာ။
၈ )  အွန်လိုင်း သင်တန်း ဆိုင်ရာ တိုးတက်မှု
အရင်က သင်ကြားနည်းစနစ်ပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့တော့ ကျွန်မနဲ့ သင်တန်းသား၊ သင်တန်းသူတွေ အကြားမှာ အလှမ်းဝေးနေခဲ့ပါတယ်။ သင်ခန်းစာတွေ သင်သာ သင်တယ်။ ကိုယ်တိုင် လေ့လာမှု လည်း အားနည်းကြတာရယ် သင်ကြားနည်းစနစ်ကြောင့်ရယ် ကောင်းကောင်းမတတ်မြောက်ကြပါဘူး။
ခုချိန်မှာတော့ အရင်ကထက်လည်း သင်ကြားနည်းစနစ် ကောင်းလာပြီး ထိရောက်မှု ရှိတဲ့အပြင် သင်တန်းသား၊ သင်တန်းသူတွေကလည်း စာလိုက်လုပ်လာကြပါတယ်။ အိမ်စာတွေ ပေးပြီး စာစိစစ်ပေးတဲ့ အပြင် revisionတွေ ပြန်ပြီး စာမေးစာဖြေတွေ လုပ်ပေးတဲ့အခါမှာ အရမ်းကို တိုးတက်မှု ရှိလာကြပါတယ်။
စာကြိုးစားတဲ့ သင်တန်းသား၊ သင်တန်းသူတွေ ရှိလာတော့ ခုဆိုရင် ပညာရေးထောက်ပံ့မှုတွေလည်း ပေးနေပါတယ်။ အိမ်စာပုံမှန်လုပ်ပြီး စာကြိုးစားရင် နောက်အတန်း တတန်း ပညာဒါန တက်ရောက်ခွင့် ဆိုပြီး ပေးပါတယ်။
ခုဆိုရင် သင်တန်းသား သင်တန်းသူ ၁၅ယောက်လောက်ကို ပညာဒါနပေးအပ်ထားပါတယ်။
၂၀၁၈ မှာလည်း သင်တန်း တခုပြီးလို့  စာမေးပွဲဖြေဆိုပြီး အောင်မြင်ရင် အသိအမှတ်ပြု လက်မှတ်ပေးပါတယ်။
၉ ) နည်းပညာပိုင်းဆိုင်ရာ မြင်ဆရာများ
နည်းပညာပိုင်းဆိုင်ရာ မြင်ဆရာကတော့  ဆရာအောင်ဟိန်း နဲ့ ဆရာ အောင်မွန်ချမ်းပါ။
ဆရာသမားတို့ တင်သမျှ  ပို့ စ်တွေက ကျွန်မ ပေ့ခ်ျအတွက် အရမ်းအထောက်အကူဖြစ်ခဲ့ပါတယ်။
ဆရာ အောင်မွန်ချမ်း ဆီကတော့  content writing နဲ့ ပတ်သက်ပြီး ပညာတွေ အများကြီးရပါတယ်။
အွန်လိုင်းသင်တန်းနဲ့ ပတ်သက်ပြီး လေ့လာချင်ရင် www.facebook.com/AungKyawMinKayZinThaw
အကောင့် မှာ ၀င်ရောက်ကြည့်ရှုလို့ ရပါတယ်။
ကြိုးစားလျက်
ကေဇင်သော်
BA Korean ( YUFL ) Qualified
MA Student
Topik Level 5
Third Prize @Korean Speech Contest
No comments:
Post a Comment