Thursday, February 8, 2018

စပါးများ "သာလိ၊ ဝီဟိ၊ သဋ္ဌိက"

စပါးများ "သာလိ၊ ဝီဟိ၊ သဋ္ဌိက"

ဆောင်းတွင်း၌ မှည့်ရင့်သော ကောက်ကြီးစပါးသည် "သာလိ" မည်၏။[အမရကောသနိဿယ] (သာလိ-ကို သလေးစပါးဟု မြန်မာပြန်ကြသည်။)

[ ကောက်ကြီး ဟူသည် စိုက်ပျိုးသည့်ရက်မှ ရက်ပေါင်း ၁၇၀ မှ ၂၀၀ အတွင်း မှည့်သော မြီးတုံး၊ ဗြတ်စသည့် သက်ကြီးစပါးမျိုးကို ဆိုလိုသည်။ မြန်မာအဘိဓာန် ]

မိုးဥတု၌ မှည့်ရင့်သော ကောက်လတ် စပါးမျိုးသည် "ဝီဟိ" မည်၏။[အမရကောသနိဿယ]

(ဝီဟိ-ကို ကောက်စပါးဟု များသောအားဖြင့်ဘာသာပြန်သည်။ ကောက်လတ်ဟုလည်း အနည်းငယ်ဘာသာပြန်ကြသည်။)

[ကောက်လတ် ဟူသည် စိုက်ပျိုးသည့်ရက်မှ ရက်ပေါင်း ၁၅၀ မှ ၁၇၀ အတွင်း မှည့်သော ဧည့်မထ၊လက်ရွေးစင် စသည့် သက်လတ်စပါးမျိုးကို ဆိုလိုသည်။ မြန်မာအဘိဓာန် ]

ရက်ပေါင်း ၆၀ မျှဖြင့် မှည့်ရင့်သော ကောက်လျင်စပါးမျိုးသည် "သဋ္ဌိက" မည်၏။ [အမရကောသနိဿယ]

[ကောက်လျင် ဟူသည် စိုက်ပျိုးသည့်ရက်မှ ရက်ပေါင်း ၁၄၀ မှ ၁၅၀ အတွင်း မှည့်သော သက်နု စပါးမျိုးကို ဆိုလိုသည်။ မြန်မာအဘိဓာန် ]

No comments:

Post a Comment