"သာမညတေးထပ်"(ပုံစံပြ)
-------------------
မ'ပိုဒ်ကို ခြောက်လုံး,စ
ငါးလုံးချ စုံ'မှာ
အများသုံး ပုံစံပါ ကွယ်
ဆယ့်ခြောက်ဟာ လေးလုံး။
ခြောက်၊ဆယ့်နှစ် ဆယ့်ရှစ်တွေ ကို
ခုနစ်လေ. ရေးဖွဲ့သီကုံး။
စာကြောင်းတိုင်း ထက်ဝက်ညီ အောင်
ခွဲစာစီ မှတ်အုံး။
လှီးလွှဲယူ ထက်ဝက်ဆုံး နှင့်
စပ်ဟပ်ထုံး အမှန်။
ဂရုသံ ရှေ့မှာရေး တော့
လဟုရွေး အဆုံးနောက်ထံ။
လေး၊ခြောက်၊ရှစ် အဆုံးသံ ရယ်
ကိုး၊ဆယ်ပြန် ခွာထောက်ဖြင့် ကွဲ့
ဆယ့်သုံးနှင့် ဆယ့်လေးမူ
ဆယ်၊ဆယ့်နှစ်ယူ။
ဆယ့်ငါးနှင့် ဆယ့်ခြောက်တူ အောင်
ဆယ့်ခွန်ယူ ဆယ့်ရှစ်နှင့်လေး။ ။
"အရိုးခံတေးထပ်" (ပုံစံပြ)
------------------
သုံးလုံးစီ စံမူထား လို့
သံတူပွား ရှာကြံ
ပြန်ယူသွား ကာရန် ကို
ကဗျာဥာဏ် ကွန့်မြူး။
နှစ်နှင့်သုံး ရှစ်၊ကိုးတွေ မှာ
ရစ်ဖြိုးဝေ. ထပ်နဘေကျူး။
တစ်ဆယ့်ငါး ခြောက်လုံးပါ လျှင်
နောက်ဆုံးသာ စိတ်ကူး။
ထောက်ကုံးရှာ ချိတ်ဦး ကွယ့်
အပိတ်ထူး ယူကာ။
ရှေးရေးကို ပြန်ယူသွား ပါလို့
ဟန်မူပွား ပေါ်ထွက်ကဗျာ။
နရီစည်း အမှန်ပါ ကွယ်
အသံသာ စိမ့်ထွက်ချော မယ်ပ
ငြိမ့်ညက်ညော သီဆိုဟန်
မလွဲဧကန်။
တေးထပ်၌ အရိုးခံ ဟာ
အဖိုးတန် ဖြစ်လိမ့်ပေါ့လေး။ ။
"သုံးချက်ညီတေးထပ်" (ပုံစံပြ)
-----------------------
ကုံးနဘေ. ထုံးဖွေပြ
သုံးထွေလှ ညီညီ
မှုန်းခြွေရ. အလီလီ ကွယ်
အစီရီ ဆင့်တန်း။
နဘေချင်း ခြွေနှင်းယူ ကာ
ဖွေသွင်းမူ ထပ်ထပ်ပွင့်လန်း။
ပျိုးသမျှ ဖိုးခ,တန် သည်
ဖြိုးပ,လျှံ တင့်ဆန်း။
တိုးဆ,ကြံ အမြင့်လှမ်း တော့
သဘင့်နန်း ပေါ်လွင်။
မပြောင်းယူ ဟောင်းမူပွား ကာဖြင့်
နှောင်းလူများ ရေးစပ်တီထွင်။
ကဗျာလှ စာသ,သွင် ကို
နာမ,တွင် ကာရန်ထပ် ဖို့
ရှာကြံစပ် ကုံးမြွက်သီဖော်
သုံးချက်ညီခေါ်။
ထုံးမပျက် အရှည်မျှော် ကာ
အတည်နော် ရေးကြကွဲ့လေး။ ။
အောင်ဌေး(ဥက္ကလာ)
No comments:
Post a Comment