Tuesday, February 27, 2018
ဝိသာခါကို သူ့အဖေဆုံးမတဲ့စကား (၁၀)မျိုး
ဝိသာခါကို သူ့အဖေဆုံးမတဲ့စကား (၁၀)မျိုး
✿✿✿✿✿✿✿✿✿✿✿✿✿✿
( ၁ ) အိမ်တွင်းမီး အပြင်မထုတ်ရ။
( ၂ ) အိမ်ပြင်မီး အတွင်းမသွင်းရ။
( ၃ ) ပြန်ပေးမည့်သူကိုသာပေး။
( ၄ ) ပြန် မပေးမဲ့သူကို မပေးနဲ့။
( ၅ ) ပေးသင့်သူကိုလည်း ပေး။
( ၆ ) ချမ်းသာစွာထိုင်။
( ၇ ) ချမ်းသာစွာ စား။
( ၈ ) ချမ်းသာစွာ အိပ်။
( ၉ ) မီးကို ရိုသေစွာလုပ်ကျွေး။
( ၁၀ ) အိမ်တွင်းနတ်ကို ရှိခိုးပူဇော်။
တို့ဖြစ်ပါသည်။
••••••••••••••••••••••••••••••
( ၁ ) အိမ်တွင်း မီး အပြင် မထုတ်ရ ဆိုတာ .. အိမ်တွင်း မှာ
ရှိတဲ့ အိမ်တွင်းရေး ပြဿနာ ကိစ္စ အဝဝ ကို အပြင် ဖောက်သည်
မချ နဲ့ လို့ ဆိုလို တာပါ။
( ၂ ) အိမ်ပြင် မီး အတွင်း မသွင်းရ ဆိုတာ…ပြင်ပမှာ ဖြစ်လာတဲ့
ပြဿနာ တွေ ကိုလည် အိမ်တွင်း သယ်မလာ နဲ့ လို့
ဆိုလိုတာ ပါ။
( ၃ ) ပြန်ပေးမယ့် သူကို ပေးဆိုတာ.. ချေးငှား တဲ့ အခါ
ပြန်တောင်း ရမည့် သူ ကိုသာ ချေးငှား လို့ ဆိုတာပါ။
( ၄ ) ပြန်မပေး မယ့် သူကို မပေးနဲ့ ဆိုတာ… ပစ္စည်း ဥစ္စာ ချေးငှား
တဲ့ အခါ ပြန်တောင်းရမ်း လို့ မရမည့် သူ ကို မချေးငှား နဲ့လို့
ဆိုလို တာပါ။
( ၅ ) ပေးသင့် သည် ဖြစ်စေ၊ မပေးသင့် သည် ဖြစ်စေ ပေးပါ
ဆိုတာက… မိမိဆွေမျိုး အသိုင်းအဝိုင်း ထဲမှာ .. ဘဝပေးအရ
မပြည့်စုံတဲ့ သူတွေ ကိုတော့ ဘာမှ မျှော်လင့် တောင့်တ မနေပဲ
ထောက်ပံ့ လိုက်ပါ ဟု ဆိုလိုတာပါ။
( ၆ ) ချမ်းသာစွာ ထိုင်ပါ ဆိုတာ.. မိမိ လင်ယောက်ျား၊ ယောက္ခမ
တွေရဲ့ အထက် အရပ်၊ လေညာ အရပ် စသော မပြစ် မလွတ် သော
နေရာ မှာ မထိုင်ဘဲ အပြစ်ကင်း သော နေရာ မှာ ထိုင်လို့ ပြောတာပါ။
( ၇ ) ချမ်းသာစွာ စားပါ ဆိုတာ… မိဘ၊ ယောက္ခမ၊ ခင်ပွန်း တို့ကို
ရှေးဦးစွာ ကျွေးပြီး နောက်မှ စားပါလို့ ပြော တာပါ။
( ၈ ) ချမ်းသာစွာ အိပ်ပါ ဆိုတာ.. မိဘ၊ ယောက္ခမ၊
လင်ယောက်ျားတို့ ကို သင့်တင့် သော ဝေယျာဝစ္စ ပြုပြီးမှာ
အိပ်ပါ လို့ ပြောတာပါ။
( ၉ ) မီးကို ရိုသေစွာ လုပ်ကျွေး ဆိုတာ.. ယောက္ခမ တွေ ကို
ကောင်းစွာ စောင့်ရှောက် လို့ ပြောတာပါ။
( ၁၀ ) အိမ်ဦးနတ် ကိုရိုသေ ဆိုတာ.. မိမိ လင်ယောက်ျား ကို
အိမ်ဦးနတ် ကဲ့သို့ ဆက်ဆံ ရမယ် လို့ ဆိုလို တာပါ။
Friday, February 23, 2018
အချိန်​မီ​လေး ပြင်​လိုက်​ပါ တရား​တော်
အချိန်​မီ​လေး ပြင်​လိုက်​ပါ တရား​တော်
@@@@@@@
စာသင်တိုက်နေစ
ဆရာတော်ရဲ့သြဝါဒ ပြန်လည် ကြားယောင်နေမိတယ်
ကြိုတင် ပြင်ဆင်ပါ
ကြိုတင် မပူပန်ပါနဲ့တဲ့
ထို့ကြောင့် ရောက်တဲ့နေရာ ရရာတာဝန်
အဆင်ပြေပြေထမ်းဆောင်နိုင်ခဲ့သည်
တရားပွဲစဖို့
နာရီးဝက်​​လောက်​အလို
စတိတ်​စင်​ရဲ့​အောက်
ကန့်​လန့်​ကာရဲ့​နောက်​က​နေ
စတိတ်​စင်​ရဲ့​အထက်
ဓမ္မပလ္လင်​​ပေါ်သို့ တက်​ဖြစ်​သွားတယ်
ဖြစ်ပုံက ဒီလို
နောင်​​တော်​တစ်​ပါးရဲ့ ပင့်​ဖိတ်​ချက်​ဖြင့်​ ​ဒေသန္တရ​ ဗဟုသုတနဲ့
ပင့်​သံဃာ စာရင်းထဲ ဝင်တိုးလိုက်တယ်
အကြိုးဓမ္မသဘင်
တရားပွဲစဖို့ ၄၅မိနှစ်​​လောက်​အလိုအထိ ဓမ္မ​ဃောသကရဲ့ နှိုး​ဆော်​သံကို ကြား​နေရတယ်​။
ကျောင်းတိုက်​၏ ပဓာနဆရာ​တော်​ ဘုရား ကိုယ်​တိုင်​ အလှူအကြိုး ဓမ္မပလ္လင်​​တော်​ထက်​က​နေ နိဗ္ဗာန်​ ​ရောက်​​ကြောင်း တရား​ကောင်းကို ​ဟော​ကြား​တော်​မူ​ပေးမှာဖြစ်​ပါတယ်​တဲ့
တောဆို​တော
ကိုရီးယားကားသိမ်းချိန်​ မြန်​မာ့သတင်းလာချိန်​ တရားပွဲစဖို့ စီစဉ်​ထားသလားမ​ပြောတတ်​ တရားပွဲက ည၈နာရီ စ​ဟောမည်​တဲ့
နာရီဝက်​​လောက်​အလိုမှာ
ကျောင်းတိုက်ရဲ့ ပဓာနဆရာတော်က ဦးဇင်းလေး တပည့်တော် အရေးပေါ် ကိစ္စပေါ်လာလို့ မဖြစ်မနေ သွားရမယ်။
အရှင်ဘုရားရဲ့နောင်တော်က အရှင်ဘုရားဟောနိုင်တယ်ပြောတယ်။ အခုတရားပွဲ တရားတစ်ပုဒ်လောက်တက်ဟောပေးပါဘုရားတဲ့
ဖြစ်တယ်မလား။
ငယ်ဆရာများရဲ့ကောင်းမှုကြောင့် ဆိုက်ရောက်လာတဲ့ တာဝန်ကို ခေါင်းရှောင်စရာ မလိုဘဲ ရဲရဲပဲ လက်ခံလိုက်မိတယ်
အချိန်မီလေး ပြင်လိုက်ပါ- တရာဒေသနာတော်
@@@@@@@@
အတ္တာနဉ္စေ ပိယံ ဇညာ,
ရေကၡယ် နံ သုရကၡိတံ၊
တိဏၰံ အညတရံ ယာမံ,
ပဋိဇေဂၢယ် ပဏ္ဍိတော။
အတ္တာနံ- ဘဝဖန်ခါ သံသရာက (သံသရာ၌) ငါဟုစွဲဆို မိမိကိုယ်ကို။
ပိယံ-အရင်းစစ်လျှင် ပြစ်မတင်ဘဲ နှစ်စဉ်မမုန်း အချစ်ဆုံးအခင်မင်းဆုံးဟူ၍။
စေဇညာ- အခါအခါ အရာရာဝယ် စာနာထောက်ထား အကယ်၍ နားလည်ငြားအံ့။
(ဧဝံသတိ-ဤသို့ မိမိကိုယ်ကိုသာလျှင် အချစ်ဆုံးအခင်မင်းဆုံးဟု လုံလုံခွဲခြား နားလည်ထားသည်ရှိသော်။)
နံ အတ္တာနံ-ခုလည်းကိုယ့်ကိုယ် နောင်လည်းကိုယ့်ကိုယ်ဟု သို့ကလို သိရှိ ထိုမိမိကိုယ်ကို။
သုရက္ခိတံ-တရားကြောင်းရာ မစောင်းပါဘဲ ကောင်းစွာ စောင့်ရှောင့်အပ်သည် မည်လောက်အောင်။
ရက္ခေယျ-သတိတရား လက်ကိုင်ထား၍ မမှားပုံသေ စောင့်ရှောက်၍ နေရာ၏( စောင့်ရှောက် ပေရာ၏။)
ပဏ္ဍိတော-ပြုသမျှ အသစ် ဖြစ်သမျှ အဟောင်း မကောင်လည်းငါ ကောင်းလည်းငါဟု ကောင်းစွာမြင်သိ ပညာရှိသည်။
တိဏ္ဏံ- နှစ်ဆယ့်ငါးနှစ် သင့်အောင်စစ်၍ သုံးရစ်ပိုင်းခြား အရွယ်သုံးပါတို့တွင်။
အညတရံ ယာမံ-ယုတ်စွအဆုံး နောက်ပိတ်တုံးဟု ခေါ်ထုံးအရ ပစ္ဆိမအရွယ်ကို။
ပဋိဇဂ္ဂေယျ-အပြစ်မနော စင်းလုံးချောအောင် ဆေးကြောသုတ်သင်ရာ၏။
ဣတိ-ဤသို့။ဘဂဝါ-ဘုန်းတော် ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ရှင်တော်မြတ်ဘုရားသည်။ ဣမံ ဓမ္မဒေသနံ-ဤ(အချိန်မီလေး ပြင်လိုက်ပါ)ဟူသော တရာဒေသနာတော်ကို။ အဝေါစ- ကရုဏာရှေ့ထား မေတ္တာအားဖြင့် ကောင်းစွာမသွေ ဟောကြားတော် မူခဲပါပေသတည်။
အချိန်မီလေး ပြင်ခဲ့သော အင်္ဂုလိမာလထေရ်
အချိန်နှောင်းမှ ပြင်ခဲ့သော
အမှားဝင်္ကပါရှင်ကြီး အရှင်ဒေဝဒတ်
ပြင်ဆင်ချိန်ရလျက် မပြင်ခဲ့မိသော
ကုသိုလ်တစ်ကြိမ်လုပ်ပြီး အသစ်ကုသိုလ်မလုပ်ဖြစ်ခဲ့တဲ့
အပုတ္တကသူဌေးဝတ္ထု
                        Ven Indacariya (22:2:2018)
Monday, February 19, 2018
ကိုရီးယား မီနင်း-၂၀
가다    ဂါဒါ     သွားသည်
오다    အိုဒါ      လာသည်
돕다    ဒို့ ဘ်တာ    ကူညီသည်
밉다    မိဘ်တာ     မုန်းသည်
맵다     မဲ့ဘ်တာ    စပ်သည်
짜다     ကျာဒါ        ငံသည်
시다     ရှီဒါ            ချဉ်သည်
달다      ဒါးလ်ဒါ      ချိုသည်
쓰다     စုဒါ ( တ် )    ခါးသည်
웃다     အုတာ           ရယ်သည်
울다     အူးလ်ဒါ         ငိုသည်
하다     ဟာဒါ           လုပ်သည်
감다     ဂါးမ်ဒါ          မှိတ်သည်
뜨다      တုဒါ ( တ် )   ဖွင့်သည်
끄다      ကုဒါ             ပိတ်သည်
열다       ယောလ်ဒါ     ဖွင့်သည်
있다       အိတာ            ရှိသည်
없다       အော့ဘ်တာ   မရှိသည်
싶다       ရှိဘ်တာ          ချင်သည်  ( ဆန္ဒ )
피다      ဖီဒါ             ပွင့်သည် ( ပန်း)
အလုံး ၂၀  အရကျက်ထားပါ
အသုံးဝင်ပါတယ်
မင်္ဂလာပါ GND Books မှBasic Korean Grammar-160 လေ့လာပြီးသူများအ
မင်္ဂလာပါ GND Books မှBasic Korean Grammar-160 လေ့လာပြီးသူများအတွက် Intermediate Grammar -160 စာ အုပ်ကို ထပ်မံထုတ်ဝေလိုက်ပါပြီ။
ဒီစာအုပ်ထဲမှာတော့ korea ဘာသာကို level 3,4 လေ့လာနေသူများအတွက် လိုအပ်သည့် Grammar များကို ဘာသာပြန် ဥပမာ စာကြောင်းများဖြင့်အတူ လေ့လာနိုင်အောင် ထည့်သွင်းရေးသားဖော်ပြ ထားသည့်အတွက် နားလည်ရလွယ်ကူစေနိုင်သည့်အပြင် သံရုံစာမေးပွဲ တွင် အမေးများသည့် grammar များ ပါဝင်သည့်အတွက် Topik ဖြေဆိုမည့်သူများအနေဖြင့် မရှိမဖြစ်လိုအပ်သည့် စာအုပ်ဖြစ်ပါသည်။
စာအုပ်တန်ဖိုး -
Basic Grammar - 160 (2500kyats/ ပုံနှိပ်စာအုပ်)
Intermediate Grammar -160 (4000ကျပ်/ပုံနှိပ်ထုတ်ဝေ
ပြီးပါကဈေးလျော့ပါမည်)
ဆက်သွယ် မှာယူလိုသူများ အနေဖြင့် ဖုန်းနံပါတ် 09795447001/09258590001သို့ဆက်သွယ် ဝယ်ယူနိုင် ပါတယ်။
လာရောက်ဝယ်ယူလိုပါက GND Books မြောက်ဒဂုံ ၇ / ၈ လမ်းဆုံ  ဧရာဝတီဘဏ်အရှေ့ဘက် မြေညီထပ်တွင် လာရောက် ဝယ်ယူနိုင်ပါ တယ်။
Kz education ရဲ့ အစ
Kz education ရဲ့ အစ
၁ ) အွန်လိုင်းကနေ စာသင်ဖို့ ဖြစ်လာတာ
ဖေ့ဘွတ်က ရန်ကုန်အချိန်ပိုင်း အချိန်ပြည့် အလုပ်အကိုင် အခွင့်အလမ်း  ဂရုမှာ  ကိုရီးယား ဘာသာအွန်လိုင်း သင်ခန်းစာတွေကို ပညာဒါန သင်ပေးပါမယ် ဆိုပြီး တင်လိုက်တော့  တခဏအတွင်းစိတ်ဝင်စားတဲ့ သူတွေ များတဲ့ အတွက် closed group တခု ချက်ချင်းဆိုသလို လုပ်လိုက်ပါတယ်။ ပြီးတော့ ဂရု လင့်ကို ချပေးလိုက်တော့ အယောက် ၃၀၀ ကျော်လောက် like ပြီး ကွန်မန့်ပေးသူ  ၈၀ကျော်လောက် ရှိခဲ့ပါတယ်။ အဲလိုနဲ့  ဂရုထဲကနေ စာတွေ တင်ပေး ပညာတွေ မျှဝေဖြစ်ခဲ့ပါတယ်။ ဂရု ဖွဲ့ ခဲ့တာကတော့  ၂၀၁၆ မေလ ၁၀ရက်နေ့မှာပါ။
https://www.facebook.com/groups/1599691330340956/
၂)  ပေ့ခ်ျ ထောင်ဖြစ်တဲ့ အကြောင်းရင်းေ်လး
အွန်လိုင်းပေါ်ကနေ ပညာဒါနကို ဂရုဖွဲ့ ပြီး သင်ရင်းနဲ့   အရင်ကတည်းက  ဘလော့ လုပ်ချင်ခဲ့တာဆိုတော့ ဘလော့ လုပ်ဖို့ က လေ့လာနေတုန်း ဖြစ်တဲ့အတွက် ဖေ့ဘွတ်မှာပဲ ပေ့ခ်ျ အရင်စလုပ်မယ်ဆိုပြီး စတင်ဖြစ်ခဲ့ပါတယ်။
၃ ) ပညာဒါန သင်ဖူးတဲ့ နေရာများ
NSMS Management Institute မှ စီစဉ်ပေးပြီး ကမာရွတ်ဘူတာရုံလမ်းရှိ  တပ်တွင်းကျောင်းတိုက်
Yolo Group မှ စီစဉ်ပေးတဲ့  စမ်းချောင်း ညောင်တုန်းလမ်းတွင် နှစ်နေရာ သင်ဖူးပါတယ်။
ကိုယ်တိုင် စီစဉ်ပြီးလဲ  မိန်းကလေး သီးသန့် ဝိုင်း သင်ဖူးပါတယ်။
၎ ) အွန်လိုင်းသင်တန်းကိုရော ဘယ်ချိန်က စသင်ဖြစ်ခဲ့တာလဲ။
၂၀၁၇ ဖေဖော်ဝါရီ ၁၂ရက်နေ့မှ  ၁၇ရက်အတွင်းအွန်လိုင်း ကိုရီးယားဘာသာစကားအခြေခံ သင်တန်း
အစမ်းဖွင့်လှစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၄ တွင်လည်း  ကိုရီးယား ဘာသာစကားနဲ့ ပတ်သက်ပြီး ဖေ့ဘွတ်ပေါ်ကနေ survey ကောက်ခဲ့ပါတယ်။
ကိုရီးယား ဘာသာစကားနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ခဲ့ရာတွင် ၂၃ယောက်က ဖြေကြားပေးခဲ့ပါတယ်။
ရလဒ်ကတော့
ကိုရီးယား ဘာသာစကားကို သင်ယူရခြင်း အကြောင်းအရင်းအနေနဲ့ ဘာသာစကားတစ်ခု အနေနဲ့ တတ်မြောက်ထားချင်လို့ ဟု ဖြေဆိုသူ ၄၈ ရာခိုင်နှုန်း ၊ ဘာသာပြန်၊ စကားပြန် ၊tour guide လုပ်ချင်လို့ ဟု ဖြေဆိုသူ ၂၀ ရာခိုင်နှုန်း နှင့် နိုင်ငံခြားကို အလုပ်သွားလုပ်ချင်လို့ ဟု ဖြေဆိုသူ ၁၈ရာခိုင်နှုန်း ဖြစ်ပြီး သင်တန်းကျောင်းဖွင့်ချင်လို့ နဲ့ kpopper မို့လို့ ဟု ဖြေဆိုသူ နည်းပါးခဲ့ပါတယ်။
ကိုရီးယား ဘာသာစကားကို လေ့လာနေတာ ဘယ်လောက်ကြာပြီလဲ ဟူသော မေးခွန်းကို ၃လနှင့် အောက် ဟု ဖြေဆိုသူ ၄၀ရာခိုင်နှုန်း၊ ၃နှစ်နှင့် အထက် ဟု ဖြေဆိုသူ ၂၆ ရာခိုင်နှုန်း နှင့်  ၁နှစ် ဟု ဖြေဆိုသူ ၂၂ရာခိုင်နှုန်း ဖြစ်ပါတယ်။ ၆လ ၊ ၂နှစ် ဟု ဖြေဆိုသူကတော့ နည်းပါးခဲ့ပါတယ်။
ဘယ်မှာ သင်ယူတာလဲ ဟူသော မေးခွန်းကို သင်တန်းကျောင်း ဟု ဖြေဆိုသူ ၃၅ ရာခိုင်နှုန်း ၊ ကိုယ့်ဘာသာ လေ့လာတယ် ဟု ဖြေဆိုသူ ၃၀ ရာခိုင်နှုန်း ၊ ufl နဲ့ ပညာဒါနသင်တန်းတွေ တက်တယ် ဟု ဖြေဆိုသူကတော့ ၁၇ ရာခိုင်နှုန်း စီ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
Topik ဖြေဆို အောင်မြင်မှု နဲ့ ပတ်သက်၍ မေးမြန်းရာတွင် မဖြေဆိုဖူးသူ ၇၇ ရာခိုင်နှုန်း ဟု ပေါ်ထွက် ခဲ့ပါတယ်။ Level 3,4 အောင်မြင်ထားသူ ၁၃ ရာခိုင်နှုန်း ၊ level 1 အောင်မြင်သူ ၅ ရာခိုင်နှုန်း ၊ level 2 အောင်မြင်သူ ၅ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ပါတယ်။
ဘာသာစကားကို လေ့လာရာတွင် အခက်အခဲဆုံး အပိုင်းကို မေးမြန်းခဲ့ရာတွင် အပြောစွမ်းရည် ဟု ဖြေဆိုသူ ၃၃ ရာခိုင်နှုန်း ၊ အရေးစွမ်းရည် ၂၉ ရာခိုင်နှုန်း ၊ သဒ္ဒါ ၂၀ ရာခိုင်နှုန်း ထွက်ပေါ်ခဲ့ပါတယ်။ အကြားစွမ်းရည် ဟု ဖြေဆိုသူ ၁၄ ရာခိုင်နှုန်း ၊ အဖတ်စွမ်းရည်ဟု ဖြေဆိုသူ ၄ရာခိုင်နှုန်း ဖြစ်ပါတယ်။
သင်ယူရာတွင် တလတာ ကုန်ကျစရိတ်နဲ့ ပတ်သက်၍ မေးမြန်းရာတွင် မကုန်ကျပါဘူး ဟူသော အဖြေနဲ့ ၃သောင်းအောက် ကုန်ကျသည်ဟူသော အဖြေတို့သည် ၃၉ ရာခိုင်နှုန်းစီ ကောက်ယူရရှိခဲ့ ပါတယ်။ ၃သောင်းနှင့် အထက် ကုန်ကျသူ ၂၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။
ကိုရီးယား ဘာသာစကားကို အွန်လိုင်းက သင်ယူခြင်းကို ကြိုက်မကြိုက် မေးမြန်းရာတွင် ကြိုက်နှစ်သက်သူ ၈၃ ရာခိုင်နှုန်း ထွက်ပေါ်ခဲ့ပါတယ်။
လေ့လာနည်း စာအုပ်များကို တနေရာတည်းမှာ တစုတဝေးတည်း ဝယ်ယူလိုလား ငှားရမ်းချင်လား မေးမြန်းရာတွင် ဝယ်ယူလိုသူ  ၈၃ရာခိုင်နှုန်း ၊ ငှားရမ်းလိုသူ ၁၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။
လေ့လာနည်း စာအုပ်များ ၏ သင့်တော် သော နှုန်း ထားနှင့် ပတ်သက်၍  မေးမြန်းခဲ့ရာ ၅၀၀၀ နှင့် ၁၀၀၀၀ ကြား ဟု ဖြေဆိုသူ ၅၆ ရာခိုင်နှုန်း ၊ ၃ထောင်အောက် ဟု ဖြေဆိုသူ ၄၀ ရာခိုင်နှုန်း ၊ ၁သောင်းနှင့်အထက် ဟု ဖြေဆိုသူ ၄ ရာခိုင်နှုန်း တို့ ဖြစ်ပါတယ်။
လေ့လာနည်း ဗီဒီယိုဖိုင်များကို စုစည်းပြီး အခွေထုတ်မည်ဆိုပါက ဝယ်ယူမလား ဟု မေးမြန်းရာတွင် ဝယ်ယူမယ် ဟု ဖြေဆိုသူ  ၇၈ ရာခိုင်နှုန်း နှင့် မဝယ်ယူပါ ဟု ဖြေဆိုသူ ၂၂ ရာခိုင်နှုန်းတို့ ဖြစ်ပါတယ်။
၅ ) ခုချိန်ထိ ဖွင့်လှစ်ဖြစ်ခဲ့တဲ့ အတန်းများ
အခြေခံ အွန်လိုင်း ကိုရီးယား ဘာသာစကားသင်တန်း
Batch 1 to 5
level 1  Batch 1 to 3
level 2 Batch 1,2
level 3 Batch 1,2
아자 아자 한국어  ကိုရီးယားရောက် မြန်မာ အလုပ်သမားများအတွက် အွန်လိုင်းသင်တန်း
အခြေခံ အွန်လိုင်း သင်တန်းတက်ရောက်ခဲ့သူ  ၁၈၂ ဦး၊ level 1 တက်ရောက်ခဲ့သူ ၇၃ ဦး ၊ level 2 တက်ရောက်သူ  ၂၂ ဦး နှင့်  Level 3 တက်ရောက်သူ ၁၈ ဦးနဲ့  စုစုပေါင်း ၂၉၅ ဦးအထိ ရှိနေပါပြီ။
၆ ) အပြင် သင်တန်း အတွေ့ အကြုံ
အပြင် သင်တန်း အနေနဲ့ ကတော့ ပညာဒါန သင်တန်း သင်ပြီးတဲ့နောက်မှာ
တဦးချင်း သင်တန်းတွေ အများကြီး သင်ပေးခဲ့ပါတယ်။
အခြေခံ၊ level 2,3 , Topik I,II တဦးချင်း သင်ကြားပေးခဲ့ပါတယ်။
၇ ) အွန်လိုင်းသင်တန်း လောကတွင် လေးစားရတဲ့သူ
အွန်လိုင်း ကနေ စာတွေတင်ပြီး သင်ပေးနေရင်းနဲ့ 
📌ဆရာ စိုးမိုးအောင်
ဆရာ့ ဆီက ရတဲ့ သင်ခန်းစာ - အချိန်ကို အသုံးချတတ်ရင် ဘာမဆို ဖြစ်နိုင်တယ်
📌ဆရာမင်းကိုကို
နတ်မောက်စင်တာ ပေ့ခ်ျကို စောင့်ကြည့်လာခဲ့ တာ ပေခ့်ျ စလုပ်ကတည်းကပါ။ ဆရာ ကို အရမ်းလေးစားမိတယ်။ ဆရာ့လို လဲ ဖြစ်အောင် အဘက်ဘက်ကနေ ကြိုးစားနေပါတယ်။
ဆရာ့ ဆီက ရတဲ့ သင်ခန်းစာ - တစိုက်မတ်မတ် ကြိုးစားရင် အိပ်မက်တွေ အကောင် အထည်ဖော်နိုင်လိမ့်မယ်။
📌ဆရာ  နေနန္ဒမင်း
ဆရာ့ ဆီက ရတဲ့ သင်ခန်းစာ - တပည့်တွေအပေါ် ဘယ်လိုထိထိရောက်ရောက် သင်သင့်တယ်ဆိုတာ။
၈ )  အွန်လိုင်း သင်တန်း ဆိုင်ရာ တိုးတက်မှု
အရင်က သင်ကြားနည်းစနစ်ပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့တော့ ကျွန်မနဲ့ သင်တန်းသား၊ သင်တန်းသူတွေ အကြားမှာ အလှမ်းဝေးနေခဲ့ပါတယ်။ သင်ခန်းစာတွေ သင်သာ သင်တယ်။ ကိုယ်တိုင် လေ့လာမှု လည်း အားနည်းကြတာရယ် သင်ကြားနည်းစနစ်ကြောင့်ရယ် ကောင်းကောင်းမတတ်မြောက်ကြပါဘူး။
ခုချိန်မှာတော့ အရင်ကထက်လည်း သင်ကြားနည်းစနစ် ကောင်းလာပြီး ထိရောက်မှု ရှိတဲ့အပြင် သင်တန်းသား၊ သင်တန်းသူတွေကလည်း စာလိုက်လုပ်လာကြပါတယ်။ အိမ်စာတွေ ပေးပြီး စာစိစစ်ပေးတဲ့ အပြင် revisionတွေ ပြန်ပြီး စာမေးစာဖြေတွေ လုပ်ပေးတဲ့အခါမှာ အရမ်းကို တိုးတက်မှု ရှိလာကြပါတယ်။
စာကြိုးစားတဲ့ သင်တန်းသား၊ သင်တန်းသူတွေ ရှိလာတော့ ခုဆိုရင် ပညာရေးထောက်ပံ့မှုတွေလည်း ပေးနေပါတယ်။ အိမ်စာပုံမှန်လုပ်ပြီး စာကြိုးစားရင် နောက်အတန်း တတန်း ပညာဒါန တက်ရောက်ခွင့် ဆိုပြီး ပေးပါတယ်။
ခုဆိုရင် သင်တန်းသား သင်တန်းသူ ၁၅ယောက်လောက်ကို ပညာဒါနပေးအပ်ထားပါတယ်။
၂၀၁၈ မှာလည်း သင်တန်း တခုပြီးလို့  စာမေးပွဲဖြေဆိုပြီး အောင်မြင်ရင် အသိအမှတ်ပြု လက်မှတ်ပေးပါတယ်။
၉ ) နည်းပညာပိုင်းဆိုင်ရာ မြင်ဆရာများ
နည်းပညာပိုင်းဆိုင်ရာ မြင်ဆရာကတော့  ဆရာအောင်ဟိန်း နဲ့ ဆရာ အောင်မွန်ချမ်းပါ။
ဆရာသမားတို့ တင်သမျှ  ပို့ စ်တွေက ကျွန်မ ပေ့ခ်ျအတွက် အရမ်းအထောက်အကူဖြစ်ခဲ့ပါတယ်။
ဆရာ အောင်မွန်ချမ်း ဆီကတော့  content writing နဲ့ ပတ်သက်ပြီး ပညာတွေ အများကြီးရပါတယ်။
အွန်လိုင်းသင်တန်းနဲ့ ပတ်သက်ပြီး လေ့လာချင်ရင် www.facebook.com/AungKyawMinKayZinThaw
အကောင့် မှာ ၀င်ရောက်ကြည့်ရှုလို့ ရပါတယ်။
ကြိုးစားလျက်
ကေဇင်သော်
BA Korean ( YUFL ) Qualified
MA Student
Topik Level 5
Third Prize @Korean Speech Contest
Monday, February 12, 2018
အမျိုးတွေမြန်မာနိုင်​ငံအ​ကြောင်း
အမျိုးတွေမြန်မာနိုင်​ငံအ​ကြောင်း ဗဟုသုတ
..........
၁ ။ မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ခဲ့သည့်
သမ္မတ အရေအတွက့် ( 11 ) ယောက်…
၂ ။ သမ္မတ အမည်မျာ့းနဲ … … … မွေးဖွားချိန်ကွယ်လွန်ချိန်
(1) စဝ်ရွှေသိုက် … … … [ ၁၈၉၆ - ၁၉၆၂ ]
(2) ဒေါက်တာဘဦး … … … [ ၁၈၈၇ - ၁၉၆၃ ]
(3) မန်းဝင်းမောင် … … … [ ၁၉၁၆ - ၁၉၈၉ ]
(4) ဦးနေဝင်း … … … [ ၁၉၁၈ - ၂၀၀၂ ]
(5) ဦးစန်းယု … … … [ ၁၉၁၈ - ၁၉၉၆ ]
(6) ဦးစိန်လွင် … … … [ ၁၉၂၄ - ၂၀၀၄ ]
(7) ဦးအေးကို … … … [ ၁၉၂၁ - ၂၀၀၆ ]
(8) ဒေါက်တာမောင်မောင်… … … [ ၁၉၂၅ - ၁၉၉၄ ]
(9) ဦးစောမောင် … … … [ ၁၉၂၈ - ၁၉၉၇ ]
(10) ဦးသန်းရွှေ … … … [ ၁၉၃၃ - ? ? ? ]
(11) ဦးသန်းရွှေ … … … [ ၁၉၉၃ - ???? ]
(12) ဦးသိန်းစိန် … … … [ ၁၉၄၅ - ??? ]
(13) ဦးထင်​​ကျော်​ .... .... .. [ ၁၉. - ??? ]
၂။ သမ္မတ အဖြစ်တာဝန်ယူခဲ့သည့် သက်တမ်း နှင့်
ကိုယ်စားပြု ခဲ့သည် ပါတီ အမည်များ ……
{1} စဝ်ရွှေသိုက် … ( ၄-၁-၁၉၄၈ မှ ၁၆-၃-၁၉၅၂ ထိ )
ကိုယ်စားပြု ပါတီအမည့်
[ ဖဆပလ ] တနည်းအာဖြင့် (ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူလွပ်လပ်ရေးအဖွဲ့ချုပ် )
{2} ဒေါက်တာဘဦး …( ၁၆-၃-၁၉၅၂ မှ ၁၃- ၃ ၁၉၅၇ ထိ )
ကိုယ်စားပြုပါတီ ( ဖဆပလ )
{3} မန်းဝင်းမောင် …( ၁၃ - ၃- ၁၉၅၇ မှ၂-၃-၁၉၆၂ ထိ )
ကိုယ်စားပြုပါတီ့( ဖဆပလ )
{4} ဦးနေဝင်း … ( ၂-၃-၁၉၆၂ မှ ၂-၃-၁၉၇၄ ထိ )
ကိုယ်စားပြုပါတီ … ( တပ်မတော် )
{5) ဦးနေဝင်း …( ၂-၃-၁၉၆၂ မှ ၉-၁၁-၁၉၈၁ ထိ )
ကိုယ်စားပြုပါတီ ( မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ )
(6) ဦးစန်းယု …( ၉-၁၁-၁၉၈၁ မှ ၂၅ - ၇ - ၁၉၈၈ ထိ )
ကိုယ်စားပြုပါတီ ( မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ )
(7)
ဦးစိန်လွင် …{ ၂၅ -၇-၁၉၈၈ မှ ၁၂-၈-၁၉၈၈ ထိ )
ကိုယိစားပြုပါတီ ( မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ )
(8)ဦးအေးကို ( ၁၂- ၈ - ၁၉၈၈ မှ ၁၉-၈-၁၉၈၈ ထိ )
ကိုယ်စားပြုပါတီ ( မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ )
(9) ဒေါက်တာမောင်မောင် (၁၉-၈-၁၉၈၈ မှ ၁၈-၉-၁၉၈၈)
ကိုယ်စားပြုပါတီ ( မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ )
(10) ဦးစေါမာင် ( ၁၉-၈-၁၉၈၈ မှ ၂၃ -၄-၁၉၉၂ ထိ)✔
(11)ဦးသန်းရွှေ ( ၂၃-၄-၁၉၉၂ မှ ၁၅-၁၁-၁၉၉၇ ထိ)✔
(12) ဦးသန်းရွှေ ( ၁၅-၁၁-၁၉၉၇ မှ ၁၉-၃-၂၀၀၇ ထိ )✔
(13)ဦးသိန်းစိန် ( ၃၀-၃-၂၀၁၀ မှ ၁-၄ -၂၀၁၆ ထိ )
ကိုယ်စားပြုပါတီ (U.S.D.P )
၎ ။ မြန်မာနိုင်ငံ၏ပထမဆုံးသော ရာဇဝင်ကျမ်း
ရှင်မဟာသီလဝံသ ၏ ရာဇဝင်ကျော်ကျမ်း
၅။ မြန်မာနိုင်ငံအရှည်ဆုံးထင်ရှားသော မြစ်များ
(က) - ဧရာဝတီမြစ် ( ၁၂၃၈ မိုင် )
( ခ )- သံလွင် ( ၇၉၆ မိုင် )
( ဂ ) - ချင်းတွင်း ( ၆၉၁ )
(ဃ) - စစ်တောင်း ( ၁၈၆ )
၆ ။ ဧရာဝတီမြစ် ၏ လက်တတ်ခွဲများ ။
(က) ပုသိမ်မြစ်
(ခ) ရွေးမြစ်
(ဂ) ဖျာပုံမြစ်
(ဃ)သက်ကယ်သောင်မြစ်
(င) ပြန်မလော့မြစ်
(စ) ဘိုကလေးမြစ်
(ဆ)တိုးမြစ်
(ဇ) သံဒိမြစ်
(ဈ) ပြင်စလူမြစ်
၇။ ချင်းတွင်းမြစ်၏ မြစ်လက်တက်ခွဲများ
(က)မြစ်သာမြစ်
(ခ) ယူးမြစ်
(ဂ) ဥရုမြစ်
၈။ စစ်တောင်းမြစ်၏ မြစ်လက်တတ်ခွဲများ
(က)ခပေါင်းချောင်းမြစ်
(ခ)ရွှေကျင်မြစ်
(ဂ) ရဲနွယ်ချောင်း
(ဃ) ငလိုက်ချောင်း
(င) ဆင်သေချောင်း
(စ)ရေဆင်းချောင်း
၉။မြန်မာနိုင်ငံအတွင်း စတင်ခဲ့သော ရှေးခေတ်မြို့ပြများ
(က) တကောင်း
(ခ) ဗီဿနိုး
(ဂ) ဟန်လင်း
(ဃ) သရေခေတ္တရာ
(င) ဝေသာလီ
(စ) သုဝဏ္ဏဘုမ္မိ
၁၀။ မြန်မာမင်းဆက်များ ။
(1) ပထမ တစ်ကောင်း (၃၃) ဆက်
(2) ဒုတိယ တစ်ကောင်း (၁၇ ) ဆက်
(3) သရေခေတ္တရာ မင်းဆက် (၂၇) ဆက်
(4) ပုဂံ မင်းဆက် ( ၅၈) ဆက်
(5) ပင်းယ မင်းဆက် ( ၆ ) ဆက်
(6) စစ်ကိုင်းမင်းဆက် (၇) ဆက်
(7) အင်းဝ မင်းဆက် ( ၁၇ )ဆက်
(8)တောင်ငူမင်းဆက် (၄) ဆက်
(9) ဟံသာဝတီ မင်းဆက် (၁၁)ဆက်
(10) ညောင်ရမ်းမင်းဆက် ( ၁၁) ဆက်
(11) ကုန်းဘောင်မင်းဆက် ( ၁၁ ) ဆက်
၁၁။မြန်မာနိုင်ငံ ပထဆုံး မင့်းတကောင်းအဘိရာဇာ
၁၂။ ရုပ်ပွားတော်အများဆုံးရှိသော စေတီ့
မိုးညှင်းသံမ္မုဒ္ဓေ ( ၅၈၂၂၅၇ )
၁၃။မြန်မာ ပထမ ဆုံးသော မြို့တော် ။
ပုဂံ (A.D.1044) တွင် အနော်ရထာ တည်ထောင်
၁၄။ မြန်မာ့ ပထဦးဆုံးဒေါက်တာ
မွန်လူမျိုး ဒေါက်တာ ရှောလူး (1839-1929)
၁၅။ မြန်မာ နန်းရင်းဝန်များ ။
(က) ဂဠုန်ဦးစော
(ခ) ဦးပု
(ဂ) ဒေါက်တာဘမော်
(ဃ) ဆာဂျေအေမောင်ကြီး
၁၆။မြန်မာ နိုင်ငံ၏ အမြင့်ဆုံးတောင့်
ခါကာဘိုရာဇီတောင် ( ၁၉၂၉၆ ) ပေ
၁၇။စစ်တောင်းတူးမြောင်း၏ အရှည် ( ၃၈)မိုင်
၁၈။တွံတေးတူးမြောင်း (၂၁) မိုင်
၁၉။မြန်မာ့ ပထမဦးဆုံး ကုလသမဂ္ဂအတွင်းရေးမူ့း
ဦးသန့် (1909- Jan-2) တွင်မွေးဖွား
(1974-Nov-25) တွင် ကွယ်လွန်
၂၀။မြန်မာ့ ပထမဦးဆုံး ဘဏ်သူဋ္ဌေး
ရခိုင်လူမျိုး ဦးရဲကျော်သူ (1833-1910)
၂၁။မြန်မာ့ ပထမဆုံးသော ခရစ်ယာန် သာသနာပြု
ယုဒဿန် (1788-Aug-9) U.S.A. နိုင်ငံ့
မက်ဆာချူးဆက်ပြည်နယ် မော်ဒန် မြိုတွင်မွေးဖွား
(12-April-1850) အမေရိကန် ကိုအပြန် သဘောင်္ပေါ်တွင် ကွယ်လွန်
၂၁။မြန်မာ ပထမ ဦးဆုံးသော ခရစ်ယာန်ဘာသာဝင်
ဦးနော (1919-Jun-27)
.
၂၂။မြန်မာပြည်၏ ထင်ပေါ်ကျော်ကြားသော တင် သုံးတင်
(က) နန်းတော်ရှေ့ ဆရာတင်
(ခ) သဟာယ ဆရာတင်
(ဂ) ဝိုင်အမ်ဘီ ဆရာတင်
.
၂၃။မြန်မာ ပထမဦးဆုံး ကာလပေါ်ဝတ္တုရေးသူ
ဂျိမ်းစ်လှကျော် (1866-Jun-21)မှ(Nov-17-1919)
ဝတ္တုအမည် ။ မောင်ရင်မောင် မမယ်မ
၂၄။မြန်မာ ပထမဦးဆုံး အမျိုးသမီး ပါဠိပါမောက္ခ
MA ဒေါ်အုန်း
.
၂၅။ မြန်မာ နိုင်ငံနဲ နယ်နိမိတ် ထိစပ်နေသော သမုဒ္ဒရာ
အိန္ဒိယ သမုဒ္ဒရာ
၂၆။ မြန်မာနိုင်ံအတွင်းတောင်မှမြောက်စီးဆင်းသောမြစ်များ
(က) သောင်းရင်းမြစ်
(ခ) ဂျိုင်းမြစ်
(ဂ) အတ္တရံမြစ်
(ဃ) မြစ်သာမြစ်
(င) ဇော်ဂျီမြစ်
(စ) အတ္တရံမြစ်
၂၇။ မြန်မာနိုင်ငံ၏ အကြီးဆုံးရေအိုင့်
အင်းတော်ကြီးအိုင် (ကချင်ပြည်နယ် )
၂၈။ မြန်မာ့ မြို့ရွာ များ၏ ရှေးဟောင်းအမည်/ အခေါ်
ရတနာသိင်္ခ/ရတနာသိင်္ဃ ။ ရွှေဘို
ဝေဘာရာ ဝေပုလ္လ ။ ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ ။ မြောက်ဦးအနီး
ဝိမဏု ။ ဗိဿနိုး၊ တောင်တွင်းကြီးအရှေ့
သလ္လဝတီ ။ ချင်းတွင်းမြစ်
သာကေတ ။ ရန်ကုန်
သာဂရ ။ ဆွာအနီး
သာယာဝတီ ။ သုံးဆယ်အနီး
သိရီခေတ္တရာ ။ မော်ဇာ
သိရီပစ္စရာ ။ ပုဂံအနီး
သိင်္ဂုတ္တရ ။ ရွှေတိဂုံကုန်းတော်
သုနာပရန္တ ။ ဧရာဝတီမြစ်မြောက်ဘက်
သုဓမ္မဝတီ ။ သထုံ
သုဝဏ္ဏဘူမိ ။ တိုက်ကုလား၊ အရက်သမ၊ ဝင်က
သင်္ဃဿနာရ ။ တကောင်း
ဟရိပုဉ္စ ။ မွန်ပြည်နယ်/ ထိုင်း
ဟံသာဝတီ ။ ပဲခူး
အမရပူရ ။ တောင်မြို့
အရိမဒ္ဒနပူရ ။ ပုဂံ
အသီတဉ္စန ။ ရန်ကုန်
အလ္လကပ္ပ ။ စစ်ကိုင်းအနီး
အာဠဝတီ ။ မြစ်ကြီး
သြရဿိ ။ ပဲခူး
ဥက္ကလာပ ။ ရန်ကုန်
ကန္တာရ၀တီ ။ ကယား
ကမ္ဘောဇ ။ ရှမ်း
ကုသိနာဂရ ။ ပုသိမ်
ကေတုမတီ ။တောင်ငူ
ကေလာသတောင် ။ ကျိုက်ထိုဘီးလင်းတောင်ဘက်
ကောသမ္ဘီ ။ ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်
ခေမရဋ္ဌ ။ ကျိုင်းတုံ
ခေါသန္တီ ။ မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ ။ ဧရာဝတီမြစ်ဝကျွန်းပေါ်
ဂန္ဓာရ ။ စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ ။ စလင်းအနောက်ဘက်
စိနရဋ္ဌ ။ ကချင်ပြည်နယ်
စန္ဒပူရ ။ မဏိပူရဘက်နယ်စပ်
စမ္ပာနဂရ ။ သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ္ဎန ။ တောင်ငူနယ်
ဇေယျပူရ ။ စစ်ကိုင်း
ဇောတိနုဂရ ။ ကျိုင်း ဟုံ ကြီး စိ စွမ် ပန္နား လူ ၁၂ နယ်
တတ္ထဒေသ ။ ခန်းခြောက်မြေ၊ ပုဂံနယ်
တမ္ပဒီပ ။ ဧရာဝတီမြောက်ပိုင်း
ဓညဝတီ ။မြောက်ဦး
ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ။ မြစ်ငယ်
ဒွာရာဝတီ ။သံတွဲ
နဂရာဇာ ။ နဂရစ်
ပဉ္စာလရာဇ် ။တကောင်း
ပဌမနဂရ ။ မကွေးတောင်ဘက်
ပေါက္ကရ၀တီ ။ ရန်ကုန်
မဟာနဂရ ။ မွန်ငယ်
မစ္ဆဂီရိ ။ ချင်းတောင်တန်း
မေဃဝတီ ။ မာန်အောင်
မိတ္ထီလာ ။ မိတ္ထီလာ
ယက္ခပုရ ။ သထုံ
ယောနက ။ ယော
ရတနပုရ ။ အင်းဝ
ရတနာပုံ ။ မန္တလေး
ရာဇဂြီဟ ။ ကလေးအနီး
ရာမညဒေဝ. ။ မွန်ပြည်နယ်
ရမ္မာဝတီ ။ ရမ်းဗြဲ
၂၉။ မြန်မာနိုင်ငံအရှည်ဆုံးမြစ့် ( ဧရာဝတီ )
၃၀။ မြန်မာနိုင်ငံ အတိုဆုံးမြစ်… {စစ်တောင်း)
၃၁။ အင်္ဂလိပ်လက်အောက် မကျခဲ့သောပြည်နယ် (ကယားပြည်နယ် )
၃၂။ မြန်မာနိုင်ငံ ၏ဒုတိယ အကြီးဆုံးရေအိုင်
အင်းလေးအိုင် (ရှမ်းပြည် )
၃၃။ မြန်မာနိုင်ငံ ၏အစွန်ကျဆုံးသော မြစ်များ
(က) အရှေဘက် မဲခေါင်မြစ်
(ခ) အနောက်ဘက် နတ်မြစ်
(ဂ)တောင်ဘက် ပါချန်မြစ်
(ဃ)မြောက်ဘက် မေခမလိခ မြစ်
၃၄။မြန်မာနိုင်ငံ၏ အမြင်ဆုံးသောမြို့ …[ချင်းပြည်နယ်ဖလမ်းမြို့]
၃၅။ မြန်မာနိုင်ငံ၏အကြီးဆုံးဆည် …[ သဖန်းဆိပ်ဆည် ]
၃၆။ မြန်မာ့နိုင်ငံ၏ ၂၀၁၄သန်းခေါင်စာရင်းအရ လက်ရှီလူဦးရေ အရေအတွက် ……… [ ၅၁.၄၉ ] သန်း
၃၇။ မြန်မာနိုင်ငံ လူဦးရေအထူထပ်ဆုံးသော တိုင်း
ရန်ကုန်တိုင်း (၁၂)သန်း
၃၈။ မြန်မာနိုင်ငံ ၏ လူဦးရေ အနည်းဆုံးသော ပြည်နယ်
ကယားပြည်နယ် ( ၄ )သိန်း
၃၉။ မြန်မာနိုင်ငံ၏ အကျယ်ဝန်းဆုံးပြည်နယ်… (ရှမ်းပြည်နယ်)
၄၀။မြန်မာနိုင်ငံ၏ အကျဉ်းဆုံးပြည်နယ်… (ကယားပြည်နယ်)
၄၁။ မြန်မာနိုင်ငံ၏ အကျယ်ဝန်းဆုံးတိုင်း … ( စစ်ကိုင်းတိုင်း)
၄၂။ လူဦးရေအများဆုံးတိုင်းဒေသ ကြီး ……(ဧရာဝတီတိုင်း)
၄၃။ လူဦးရေ အများဆုံးပြည်နယ် …(ရှမ်းပြည်နယ်)
၄၄။ မြန်မာနိုင်ငံတွင်းပညာရေးကောလိပ် အရေအတွက်
( 20)
၄၅။ မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည်…( ၂၆၁၂၂၈ )မိုင်
၄၆။ မြို့တော်မှာ … ယခင် ရန်ကုန် ယခု နေပြည်တော်